သံဖြူဇရပ်၊ အောက်တိုဘာ ၂၃

သံဖြူဇရပ်မြို့နယ် စက်စဲကမ်းခြေရှိ သဲသောင်ပြင် ဧရိယာအတွင်း စီးပွားဖြစ် လုပ်ငန်းများ ပြုလုပ်နေခြင်းကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ပြည်နယ် အစိုးရုံးမှ သတင်းရရှိသည်။

ကမ်းခြေ သာယာလှပရေးနှင့် အပန်းဖြေ ခရီးသည်များ စိတ်အနှောင့်ယှဉ် မဖြစ်စေရန် ရည်ရွယ်ချက် ဖြင့် တွန်းလှည့်ဖြင့် ဈေးရောင်း ချသူများ၊ မြင်းဌား သူများ၊ ကမ်းခြေပတ်ကား ဌားရမ်းသူများနှင့် စက်ဘီးဌားရမ်း သူများကို ကမ်းခြေ သဲသောင်ပြင် ဧရိယာအတွင်း မပြုလုပ်ရန် အောက်တိုဘာလက တားမြစ် ပိတ်ပင် လိုက် ခြင်းဖြစ်သည်။

“ သောင်ပြင်မှာ ဈေးပေးရောင်းရင် စွန့်ပစ်အမှိုက်တွေက သောင်ပြင်မှာ ပျံ့ကျဲနေမယ် ကမ်းခြေမှာ အမြင်မကောင်းဘူး။ မြင်းတွေ စီးခွင့် ပြုလိုက်ရင် မြင်းချီးတွေက ကမ်းခြေမှာ ကြည့်မကောင်းဘူး။ အပန်းဖြေတဲ့ သူတွေအတွက် အနှောင့်ယှဉ်ဖြစ်စေတယ်။ ကားတွေလဲ ဒီလိုပဲ ရှိသင့်တဲ့နေရာမှာ မထားပဲ ကမ်းခြေမှာ ထား တော့ ယာဉ်အန္တရယ်ဖြစ်စေတယ်။ ဂေါက်ကွင်းမှာ ရှိရမယ့်ကားက ကမ်းခြေမှာ လာရှိနေတယ်။ ဒါလဲ မဖြစ်သင့် ဘူးလေ ။ ဒါကြောင့် စီးပွားဖြစ် လုပ်ငန်းတွေ အားလုံး ပိတ်ပင်လိုက်တယ်“ ဟု မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

သဲသောင်ပြင်အတွင်း အပန်းဖြေသူများ စီးနင်းနိုင်ရန် ဌားရမ်းပေးသည့် ဂေါက်ကွင်းကားများသည် တရားဝင် ယာဉ်လိုင်စင် မရှိသောကြောင့် လုပ်ငန်းလိုင်စင် ပြုလုပ်ပေးရန် မဖြစ်နိုင်ကြောင်း၊ ကားများ မောင်းနေ မှု ဖြစ်သည့်ကို စစ်ဆေးတွေ့ရှိပါက သွင်းကုန် ပို့ကုန် ဥပဒေ ပုဒ်မ ၈ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ဦးထွန်းဌေးက ဆိုသည်။

“ကျွန်မတို့က ကမ်းပေါ်မှာ ဈေးရောင်းရင် ဆိုင်ကြီးတွေ ရှိနေတော့ အဆင်မပြေဘူး။ သောင်ပြင်ပေါ်မှာ သွားရောင်းမှ ရောင်းရတယ်။ သက်ဆိုင်ရာ လူကြီးတွေက ရောင်းခွင့် မရှိတော့ဘူးဆိုတော့ ကျွန်မတို့အတွက် အဆင်မပြေဘူး“ ဟု စက်စဲကမ်းခြေမှ တွန်းလှည့်ဖြင့် ရောင်းချသည့် ဈေးသည်တစ်ဦးက ပြောသည်။

စက်စဲသဲသောင်ပြင်တွင် ဂေါက်ကွင်းသုံး ယာဉ်အပါအဝင် သုံးဘီး ဘက္ကရီ ယာဉ် ၅၀ ကျော်နှင့် တွန်း လှည်းဈေးသည် ၂၀ ဝန်းကျင် ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးရုံးမှ သိရသည်။

သဲသောင်ပြင်တွင် စီးပွားဖြစ် လုပ်ငန်းများ ပိတ်ပင်လိုက်ခြင်းသည် ရေရှည် ကမ်းခြေ သာယာလှပမည့် ကောင်းကျိုးများ ဖြစ်လာနိုင်ပြီး အပန်းဖြေသူများ စိတ်အနှောင့်ယှဉ် ဖြစ်စေမှု မရှိသောကြောင်း သံဖြူဇရပ်မြို့မှ ဒေသခံတစ်ဦးဖြစ်သူ ဦးမင်းလတ်က ဆိုသည်။

%e1%80%85%e1%80%80%e1%80%b9%e1%80%85%e1%80%b2%e1%80%80%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%80%bb%e1%80%81%e1%80%b1%e1%80%85%e1%80%ba%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%b8

သတင်း – နဒီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.