မုဒုံ၊ အောက်တိုဘာ ၂၄

ကမာဝက်မြို့ရှိ ကျိုက်တမော့ဆံတော်ရှင် ဗုဒ္ဓပူဇနိယပွဲတော်တွင် ကျိုက်တမော့စတုဒီသာဇရပ်(၁၂၅) နှစ်မြောက်အဖြစ် ကမာဝက်ဒေသခံများမှ ကျပ်သိန်းပေါင်း(၃၀၀)ကျော် အကုန်အကျခံပြီး ဧည့်သည်များအား ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါသည်။<!--more-->

“ဒီနှစ်(၁၂၅)ကြိမ်မြောက်အလှည့်မှာ ကျွန်တော်တို့ရပ်ကွက်က တိုက်တိုက်ဆိုင်ဆိုင်ကြုံတယ်။ ဒီနှစ်ဘုရားပွဲတော်ကို အရင်နှစ်တွေနဲ့မတူစည်ကားအောင်ကျင်းပဖို့အတွက်လည်း ရပ၊်ရွာက သူနေရာနဲ့တူ စည်း ကား သိုက်မြိုက်စွာပြုလုပ်ရန်အတွက် ကြိုးပမ်းနေကြတော့လည်း ကျွန်တော်တို့ ကမာဝက်ရပ်ကွက်ကလည်း ကိုယ့်အလှည့်မှာ အဆင်ပြေပြေနဲ့ သူများနဲ့မသာခဲ့ရင်တောင် ထူးထူးခြားခြားနှင့် ဘုရားဖူးလာသူမည်သူမဆိုဝင်ရောက်သုံးဆောင်နိင်ဖို့ လစ်ဟာခြင်းမရှိဆောင်ရွက်နိင်ခဲ့ပါတယ်” ဟု စတုဒိတာဧည့်ခံကျွေးမွေးရေးတာဝန်ခံ ဦးခိုင်သန်း(ကမာဝက်ရပ်ကွက်)က သံလွင်တိုင်းမ်ကိုပြောသည်။

စတုဒီသာလှူဒါန်းမှုကို ဘုရားဖူးလာ လူပရိတ်သတ်၊ ရဟန်းပရိတ်သတ်၊ သာသနာ့နွယ်ဝင်ယောဂီ၊ သီလရှင် ပရိတ်သတ်များအား စတုဒိသာဧည့်ခံကျွေးမွေးခဲ့ပြီး ကမာဝက်ရပ်ကွက်မှ တာဝန်ယူဆောင်ရွက်ခဲ့ ကြောင်းလည်း သိရသည်။

စတုဒီသာတွင် ဆန်တင်းပေါင်း(၁၀၀)ကျော် ချက်ပြုတ်ကာ မွန်ရိုးရာဟင်းလျာများဖြစ်ကြသည့် မျှစ်ချဉ်ဝက်သားရောဟင်း၊ ကျောက်ဖရုံသီး ဝက်သားရောဟင်း၊ ကြက်သားဟင်း၊ ငါးရဲယိုရွက်ဟင်း၊ ငါးမွန်ချက်ဟင်းနှင့် ငါးပိတို့စရာ အမယ်စုံများဖြင့် ဧည့်ခံခဲ့ကြောင်းလည်း သိရသည်။

ကျိုက်တမော့၊ကျိုက်ဇယ်ဂေါပကအဖွဲ့တွဲဘက်အတွင်းရေးမှူးဦးမင်းထွဏ်းသောင်းမှ ” တောင်ပေါ်မှ ဘုရားဖူးပြီး ဆင်းလာကြတဲ့ လူ၊သူ၊ရဟန်းတွေက ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ဆာလောင်မွတ်သိပ်ခြင်းကို ဖြည့်ဆည်ပြီး ကုသိုလ်ပွားများနိင်ရန်ရည်ရွယ်ချက်ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်”ဟု ဆိုသည်။

ကျိုက်တမော့စတုဒီသာ ဧည့်ခံကျွေးမွေးခြင်းအား နှစ်စဉ် ကမာဝက်မြို့ရှိ သိမ်ကုန်း၊ ကမာဝက်၊ စိန်တောင်နှင့် ထောင်ကေးရပ်ကွက်တို့မှ (၄)နှစ်တစ်ကြိမ်အလှည့်ကျတာဝန်ယူပြီး လက်ဖက်ရည်များ တိုက်ကျွေး ခြင်းအားလည်း အစဉ်အလာအတိုင်းတာဝန်ယူဆောင်ရွက်ကြကြောင်းသိရသည်။

This slideshow requires JavaScript.

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.