မုဒုံ၊ အောက်တိုဘာ ၁၇

(၁၄၇)ကြိမ်မြောက် မုဒုံလှေလှော်ပြိုင်ပွဲတွင် အကြီးတန်း၌ ကန်ကြီးကိုယ်စားပြုအသင်းဖြစ်သည့် ဇာတိမာန်အသင်းနှင့် အငယ်တန်း၌ တက်သစ်စအသင်းတို့က ပထမဆုရရှိသွားကြောင်းသိရသည်။<!--more-->



ပြိုင်ပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများတက်ရောက်ကြပြီး ဆုရအသင်းများကို လည်း ဆုများချီးမြှင့်ခဲ့သည်။

“ကျွန်တော်တို့ လှေအသင်းက ဒီနှစ်မှ အငယ်တန်းမှာ လူသစ်အနေနဲ့စပြိုင်ခဲ့တယ်။ ကြိုးစားပြီးယှဉ်ပြိုင်ခြင်းရလာဒ်က ပထမရခဲ့ပြီးဒီဆုကို ဝန်ကြီးချုပ်ကိုယ်တိုင်ချီးမြှင့်တော့ပိုပြီးအမှတ်တရဖြစ်တယ်။ ဒီဆုအပေါ်မှာ လည်းဂုဏ်ယူတယ်”ဟု အငယ်တန်းတွင် ပထမဆုရရှိသည့်တက်သစ်စလှေအသင်းသားများက သံလွင်တိုင်းမ်ကိုပြောသည်။

ယခုနှစ်လှေပြိုင်ပွဲတွင် အကြီးတန်းပြိုင်ပွဲ၌ အသင်း(၇)သင်းနှင့် အငယ်တန်းပြိုင်ပွဲ၌ (၇)သင်း စုစုပေါင်း (၁၄)သင်းယှဉ်ပြိုင်ကြပြီး အငယ်တန်းပထမဆုအား ကော့သဗြုရပ်ကိုယ်စားပြု တက်သစ်စလူငယ်လှေအသင်း မှလည်းကောင်း၊ အကြီးတန်းပထမဆုအား ကန်ကြီးရပ်ကိုယ်စားပြုကန်ကြီးဇာတိမာန်လှေအသင်းမှလည်းကောင်းဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

(၁၄၂)ကြိမ်မြောက် မြန်မာ့ရိုးရာလှေပြိုင်ပွဲဆုရအသင်းများအား ပွဲစဉ်အလိုက် အငယ်တန်းတွင်ဒုတိယဆုရ ကောင်းအိမ်သူလှေအသင်း၊ တတိယဆုရ အလင်းရောင်လှေအသင်း၊ စတုတ္ထဆုရ အောင်သက်ပိုင်လှေအသင်းနှင့် အကြီးတန်းဒုတိယဆုရ ဖြူသလား၊မဲသလားလှေအသင်း၊ တတိယဆုရ ဘုရင့်နောင်လှေအသင်း ၊ စတုတ္ထဆုရ အောင်မင်္ဂလာလှေအသင်းများအား မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ စေတီတော်ဂေါပကအဖွဲ့၊ ပြိုင်ပွဲ ကျင်းပရေးကော်မတီနှင့် မြို့မိမြို့ဖများက ဆုများချီးမြှင့်ခဲ့ကြောင်းလည်းသိရသည်။
%e1%80%99%e1%80%af%e1%80%92%e1%80%b6%e1%80%af%e1%80%b1%e1%80%9c%e1%80%bd%e1%80%b1%e1%80%9c%e1%80%bd%e1%80%ac%e1%80%b9%e1%81%bf%e1%80%95%e1%80%ad%e1%80%b3%e1%80%84%e1%80%b9%e1%80%95%e1%80%bc%e1%80%b2
၁၄၂ကြိမ်မြောက် လှေပြိုင်ပွဲတွင် အငယ်တန်း၌ ဆုများအဖြစ် (၁၅၀၀၀၀၊ ၁၀၀၀၀၀၊ ၅၀၀၀၀၊ ၃၀၀၀၀) ကျပ်နှင့် အကြီးတန်း၌ (၂၀၀၀၀၀၊ ၁၅၀၀၀၀၊ ၆၀၀၀၀၊ ၄၀၀၀၀)ကျပ်တို့အား ပထမ၊ ဒုတိယ၊ တတိယနှင့် စတု တ္ထဆုများ သတ်မှတ်ခဲ့ပြီး လိုက်ဟောက်၊ ဖူလီလိုက်၊ ရွှေမြန်မာရော်ဘာရောင်းဝယ်ရေး၊ ရွှေစင်စကြာၤခရီးသည်ပို့ဆောင်ရေး၊ ဦးဗလိုင်သစ်ရောင်းဝယ်ရေး၊ ဦးထွန်းမြတ်မိသားစုနှင့် ဦးစောထွန်း ဆွေမိသားစုများမှ ကူညီပံ့ပိုးမှု များလည်းရှိကြောင်းသိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.