သံဖြူဇရပ်၊ အောက်တိုဘာ ၁၉

သံဖြူဇရပ်မြို့နယ် တစညပါတီအနေဖြင့် ပါတီ(၂၈)နှစ်ပြည့်အခမ်းအနားကျင်းပပြုလုပ်ရန် ပြင်ဆင်နေ ကြောင်း ယင်းပါတီထံမှသိရသည်။

ပြင်ဆင်မှုအတွက် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ(၁၅)ရက်နေ့က စက်သစ်ပိုင်းရပ်ရှိ ပါတီ ဝင် ဒေါ်ဝေနေအိမ်တွင် တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါဆွေနွေပွဲတွင် ပြည်နယ်ကော်မတီအဖွဲ့ဝင် ဆရာဦးစံသောင်းမှ ပြည်နယ်အစည်းဝေး အတွေ့ အကြုံများပြန်လည်ရှင်လင်းပြောကြားခဲ့ကြောင်း၊ အပြစ်မရှာ အဖြေရှာတဲ့ နည်းလမ်းနဲ့ သွားကြဖို့ လူပ်ရှားမှုတိုင်း မှာ စည်းရုံးရေးအသွင်ဆောင်ဖို့ လူငယ်တွေပါဝင်လာဖို့ ကျစ်လစ်ခိုင်မာတဲ့ အဖွဲ့အစည်းဖြစ်ဖို့ ပြောဆို ဆွေးနွေးခဲ့ကြောင်းသိရသည်။

“ကျနော်တို့ပါတီ ၂၈ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်ဖို့တိုင်ပင်ဆွေနွေးကြတာပါ။ အောက်တိုဘာ ၃၀ မှာ ပါတီအဖွဲ့ဝင်စက်သစ်ပိုင်းရပ်ကွက် ဦးအောင်နေအိမ်မှာ(၁၁)နာရီအချိန်လောက်မှာ အထိမ်းအမှတ်ပွဲ စည်း စည်းလုံးလုံးပြုလုပ်ကြဖို့နဲ့လစဉ် (၂၇)ရက်နေ့ ရောက်တိုင်း ပုံမှန်အစည်းဝေးကျင်းပဖို့ ရက်သတ်မှတ်လိုက် ကြောင်းပါတီဥက္ကဌဦးစိုးသန်းမှ သံလွင်တိုင်းမ်သို့ပြောသည်။

“စက်တင်ဘာလ(၂၄)ရက်နေ့ဟာ ပါတီစတင်ဖွဲ့စည်းတာ (၂၈)နှစ်ပြည့်တဲ့နေ့ပဲ။ ပါတီနှစ်ပတ်လည်ကို မွန်ပြည်နယ်(၁၀)မြို့နယ်မှာ အကုန်ကျင်းပပြီးနေပြီး။ သံဖြူဇရပ်ပဲကျန်နေသေးတာ”ဟု ပါတီဥက္ကဌမှ ဆက်ပြောပါသည်။

အဆိုဆွေးနွေးပွဲသို့ ရပ်ကျေးစည်းမှူးနှင့် ပါတီဝင်များအင်အား ၃၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ပါတီ နှစ်ပတ်လည်နေ့အခမ်းအနားတွင် အခြားပါတီများနှင့် အရပ်ဘက်အဖွဲ့များကိုလည်း ဖိတ်ကြားသွားမည်ဖြစ် ကြောင်း သိရသည်။

သတင်း – ကျဲရော့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.