ပေါင်၊ အောက်တိုဘာ ၁၈

ကမ္ဘာ့ဘဏ်အကူအညီဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလုပ်ကိုင်နေသော လူထု ဗဟိုပြု စီမံကိန်းဆောင်ရွက်မည့် အစီအစဉ်တွင် မွန်ပြည်နယ်အတွင်း တတိယမြောက်မြို့နယ်အဖြစ် ပေါင်မြို့နယ်ကိုရွေးချယ်ထားကြောင်းသိရသည်။

“လူထုကပဲရွေးတဲ့၊ လူထုကပဲလုပ်တဲ့၊ လူထုကပဲ ခံစားတဲ့စီမံကိန်းဖြစ်ပါတယ်။ ကိုယ့်ရွာဖွံ့ဖြိုးရေးလုပ်ငန်းအတွက်ရတဲ့ငွေကို ဘယ်နေရာမှာသုံးမလဲ။ ကိုယ့်ဖာသာကိုယ်ဆုံးဖြတ်လုပ်ကိုင်ဖို့ ကမ္ဘာ့ဘဏ်က ထောက်ပံ့ ကူညီတာပါ။ ချေးတာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီငွေနဲ့လုပ်လို့ရတဲ့ဟာ လုပ်လို့မရတဲ့ဟာတော့ရှိပါတယ်”ဟု မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒုညွှန်ကြားးရေးမှုးဦးလှခိုင်က ရှင်းပြပြောဆိုခဲ့သည်။

ကျေးလက်ဆေးပေးခန်း၊ ကျောင်းအဆောက်အအုံ၊ ကျေးရွာချင်းဆက်လမ်းများ၊ ရေပေးဝေရေးစနစ်များ၊ ကျေးလက်လျှပ်စစ်မီးရရှိရေး၊ အများပြည်သူအပန်းဖြေရာနေရာ၊ ကျေးလက်ဈေး စသောလုပ်ငန်းများကို လုပ်ကိုင်နိုင်ကြောင်း စီမံကိန်း၏အချက်အလက်များအား ဦးလှခိုင်ကဆက်လက်ရှင်းပြခဲ့သည်။

ကျေးရွာတစ်ခုမှ လူဦးရေအလိုက် ထောက်ပံ့ပေးအပ်ငွေ သတ်မှတ်ချက်ရှိပြီးလူ ၃၀၀၀ အောက်ရှိသောရွာကို ငွေကျပ်သိန်း ၂၀၀၊ လူ၃၀၀၀ မှ ၅၀၀၀ ရှိသောရွာကို သိန်း၄၀၀၊ လူ၅၀၀၀ မှ ၉၀၀၀ ထိရှိသော ရွာအား သိန်း၆၀၀၊ လူ ၉၀၀၀ အထက်ရှိသည့်ရွာအား သိန်း၁၂၀၀အထိကူညီပြီး လူထုဗဟိုပြုစီမံကိန်းကို ဆောင်ရွက်စေနိုင်မည်ဟု ကျေးလက်ဒေသဖွံ့/တိုးဦးစီးဌာနကပြောသည်။

လူထုဗဟိုပြုစီမံကိန်းကို မွန်ပြည်နယ်အတွင်း၂၀၁၄ ခုနှစ်ကချောင်းဆုံမြို့နယ်တွင်စတင်ပြုလုပ်ခဲ့ပြီးနောက်ဘီးလင်းမြို့နယ်တွင်လည်းကောင်း၊ ဒုတိယမြို့နယ်အဖြစ်ဘီးလင်းမြို့နယ်တွင်လည်းကောင်း တတိယ မြို့နယ်အဖြစ် ပေါင်မြို့နယ်ကိုရွေးချယ်ထားပြီး ယခုနှစ်နိုဝင်ဘာလတွင် လုပ်ငန်းစတင်မည်ဟု ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးကျော်ကျော်လတ်က ပြောဆိုရှင်းပြသည်
%e1%80%9c%e1%80%b0%e1%80%91%e1%80%af%e1%80%97%e1%80%9f%e1%80%af%e1%80%ad%e1%80%bb%e1%80%95%e1%80%b3%e1%80%85%e1%80%ae%e1%80%99%e1%80%b6%e1%80%80%e1%80%ad%e1%80%94%e1%80%b9%e1%80%b8
ယခင်က သုံးနှစ်လုပ်ရန်သာလျာထားသော်လည်း လုပ်ငန်းအောင်မြင်မှုအရ တစ်နှစ်သက်တမ်းတိုးကာ လေးနှစ်ဆက်တိုက် အကောင်အထည်ဖော်သွားရန် ရံပုံငွေ(၅၃၂)သန်းကျပ်ရှိနေပြီး တစ်နိုင်ငံလုံးတွင် မြို့နယ်ပေါင်း(၆၃)ခုတွင် လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်လုပ်ကိုင်သွားမည်ဟုသိရသည်။

သတင်း – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.