မုဒုံ၊ အောက်တိုဘာ ၁၈

မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကော့ပရံကျေးရွာရှိ ကုန်ထုတ်တံတားအား အဆင့်မြှင့် တင်ရန် စီစဉ်နေကြောင်း သိရသည်။<!--more-->

“ကော့ပရံကုန်ထုတ်တံတားအတွက် ဘတ်ဂျက်တော့ကျလာပြီ။ မြို့နယ်ကိုတရားဝင်စာ၊ ဝင်စာမရသေး ဘူး။ ဒီတံတားကို ၂၀၁၆၊၂၀၁၇ဘဏ္ဍာရေးနှစ် မွမ်းမံတံတားလုပ်ငန်းလျာထားချက်နဲ့လာမည့်(၁၁)လပိုင်းလောက်တွင် လုပ်ငန်းများဆောင်ရွက်နိုင်ဖို့ စီစဉ်လျှက်ရှိပါတယ်”ဟု မြို့နယ်ကျေးလက်ဦးစီးဌာနမှအငယ်တန်း အင်ဂျင်နီယာ(၂)၊ ဒေါ်အေးအေးသီးမှ သံလွင်တိုင်းမ်ကိုပြောသည်။

ကော့ပရံကုန်ထုတ်တံတားသည် ရှေးနှစ်ပေါင်းများစွာက ဝါးပိုးဝါးတံတားအဆင့်ဆင့်မှသစ်သားတံ့တား အဖြစ် ကုန်ထုတ်တံတားမှ ဖြတ်သန်းသွားလာလျှက်ရှိသည့် လယ်ရှင်များစုပေါင်းငွေကြေးဖြင့်တည်ဆောက်ခဲ့ပြီး ပျက်စီးယိုယွင်းမှုများ ပြင်ဆင်မှုအပိုင်းမှာလည်း အဆိုပါလယ်ရှင်များမှ အကုန်ကျခံရကြောင်းလည်းသိရသည်။

ယင်းကုန်ထုတ်တံတားအား ပြုပြင်ရန်အတွက် အောက်တိုဘာ(၁၃)ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစောထွန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖေတင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ထင်၊ မြို့နယ်ကျေးလက်ဦးစီးဌာန၊ မြို့နယ်ဦးစီမှူးဦးမိုးရန်နိုင်တို့ ကွင်းဆင်းကြည့်ရှုခြင်းများ ပြုလုပ်ခဲ့ကြောင်း လည်းသိရသည်။

အဆိုပါတံတားအား သစ်သားတံတားအဆင့်မှ ကွန်ကရစ်တံတားအဖြစ်ကျေးလက်မွမ်းမံရန်ပုံငွေကျပ်သိန်းပေါင်း(၃၅.၀၀)ကျပ်ဖြင့် တည်ဆောက်မည်ဖြစ်ပြီး အရှည်ပေ(၅၀)ရှိမည်ဖြစ်ကြောင်းလည်းသိရသည်။

“အဲဒီတံတားက ကျွန်တော်ငယ်ငယ်ကတည်းက ရွာမှာလယ်ရှင်တွေနဲ့ အဲဒီကွင်းမှာရှိတဲ့လယ်ရှင်တွေပေါင်းပြီးဆောက်တယ်။ နှစ်စဉ်ပျက်စီးမှုတွေကိုပြင်တယ်။ အဲဒီတံတားတစ်စင်းတည်းကိုပဲ လယ်ဧက(၂၀၀၀)ကျော်အတွက်အကျိုးပြုနေတယ်။ အသုံးပြုနေရတယ်။ ကွန်ကရစ်တံတားဖြစ်မယ်ဆိုတော့ကောင်းတာပေါ့။ မိုး မကျခင်တုန်းကတောင် ပြုပြင်မှုတွေလုပ်လိုက်ရသေးတယ်”ဟု ကော့ပရံကျေးရွာမှဦးစိုးမိုးသူကပြောသည်။
%e1%80%b1%e1%80%80%e1%80%ac%e1%80%b7%e1%80%95%e1%80%9b%e1%80%b6%e1%80%90%e1%80%b6%e1%80%90%e1%80%ac%e1%80%b8%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%99%e1%80%8a%e1%80%b9
၂၀၁၆၊၂၀၁၇ဘဏ္ဏာရေးနှစ်တွင်ဆောင်ရွက်မည့်မွမ်းမံတံတားလုပ်ငန်းလျာထားချက်တွင် ကော့ပရံကုန်ထုတ်တံတားနှင့်အတူ အရှည်(၆၅)ပေရှိ ကမာဝက်-ကမာအုပ်တံတားအားလည်း ခန့်မှန်းကုန်ကျငွေကျပ်သိန်းပေါင်း(၄၅.၅၀)ဖြင့် ကွန်ကရစ်တံတားအဖြစ်တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း ကျေးလက်ဦးစီးဌာနရုံးမှ သိရှိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.