ယနေ့ခေတ်မှာ Email/Gmail တွေကလူတိုင်းနီးပါးသုံးလာကြပါပြီ။လုပ်ငန်းခွင်အတွက်ပဲဖြစ်ဖြစ် ဖေ့ဘွတ်ခ်အပါအဝင်အခြား အကောက်တွေလျှောက်ရာမှာလည်း gmail အကောင့်နဲ့လျှောက်မှသာ ယုံကြည်စိတ်ချရပါမယ်။

ဒါကြောင့် mobile ဖုန်းနဲ့ Gmail အကောင့် အလွယ်လျှောက်နည်းလေးပြောပြချင်ပါတယ်။

ပထမဦးဆုံး Mobile ဖုန်းတွေရဲ့ Setting ထဲမှာ ရှိတဲ့ Add Account မှာ gmail ကိုဝင်လိုက်ပါ New နဲ့ Existing ကိုတွေ့တဲ့အခါ အကောက်အသစ်လျှောက်မှာဖြစ်လို့ New ကိုရွေးပေးပါ။

First နဲ့ Last နေရာမှာ ကိုယ်ပေးချင်တဲ့ gmail နာမည်ကိုရိုက်ထည့်ပါ။ဒီမှာတော့ ဥပမာအနေနဲ့ Le min ho ဆိုပြီးရိုက်ထည့်ပြီး ဘေးကမျှားလေးကိုဆက်နှိပ်ပါ။Choose Username မှာလည်း Leminho ပဲပြန်ရိုက်ထည့်ပြီးမျှားဆက်နှိပ်ပေးပါ။

ab

Touch for suggestion ကိုတွေ့ပါက နှိပ်ပြီးကိုယ်နှစ်သက်ရာ ရွေးပေးလိုက်ပါ။ဒီမှာတော့ lemin5955 ကိုရွေးပြီး Try Again ကိုဆက်နှိပ်လိုက်ပါ။Create password နေရာမှာ ကိုယ်ကြိုက်တဲ့စာသား(သို့မဟုတ်) ဂဏန်းကို (၈)လုံးလောက်ထည့်ပေးလိုက်ပါ။
cd

Choose a security question ကိုနှိပ်ပြီး First phone number ကိုရွေးပြီး Answer နေရာမှာ ဖုန်းနံပါတ်ထည့်ပေးပါ။(တခြားစာသားထည့်လည်းရပါတယ်) မျှားလေးကိုဆက်နှိပ်သွားပါ။
Authenticaticating နေရာမှာ သူပေးထားစာသားအတိုင်းပြန်ထည့်ပေးရပါမယ်။ဒီမှာတော့ licchar လို့ပေးထားလို့ အဲ့ဒီအတိုင်းပြန်ရိုက်ထည့်ပါတယ်။ဒါဆိုရင်မျှားလေးကိုဆက်နှိပ်ပြီး Saving Account လုပ်နေတာကို ခဏစောင့်ပေးလိုက်ပါ။
e

တစ်ခုခုပေါ်လာလို့ ကိုယ်နားမလည်ဘူးဆိုရင် No Thanks တို့ not now တို့ကိုသာရွေးချယ်ပေးလိုက်ပါ။ကဲ gmail အကောင့်တစ်ခုကိုအောင်မြင်စွာ လျှောက်ပြီးပြီဖြစ်လို့ အလုပ်ပဲလုပ်လုပ် တခြားဘာအကောင့်ပဲလျှောက်လျှောက်အဆင်ပြေပါပြီ။
ဒီတစ်ပတ်တော့ ဒီလောက်ပါပဲ နောက်တစ်ပတ်မှာလည်း ဘယ်လိုအကြောင်းအရာတွေတင်ဆက်ပေးသွားမလဲဆိုတာ ဆက်လက်စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.