မွန်ပြည်နယ်ရှိ အခြေခံပညာကျောင်းများတွင် မြေယာအငြင်းပွားသည့် မှုခင်းပြဿနာများမကြုံရအောင် မြေဂရမ်လျှောက်ထားရန် ညွှန်ကြားထားကြောင်းသိရသည်။

အခြေခံပညာကျောင်းပေါင်း(၁၄၀၀)ကျော်အနက် (၁၉) ကျောင်းသာ မြေဂရမ်လျှောက်ထားပြီး မြေ ဂရမ်မရှိသည့် အခြေခံပညာကျောင်းများစွာ ကျန်ရှိနေသေးကြောင်းသိရသည်။

“တစ်ချို့ကျောင်းတွေလည်းမြေဂရမ်ရှိတယ်။ မြေဂရမ်မလျှောက်ထားဘူးဆိုရင်တော့ မြေပိုင်ဆိုင်မှုနဲ့ပြ ရင် အနိမ့်ဆုံးပုံစံ(၁၀၅)/(၁၀၆)ရှိတယ်။ တကယ်လို့ မြေယာနဲ့ပတ်သတ်တဲ့ မှုခင်းပေါ်လာရင်တော့ ဖြေရှင်းလို့ ရအောင်လို့ပါ။ မြေစာရင်းဦးစီးဌာနကပြောထားတဲ့အတိုင်း မြေရဲ့ပုံသဏ္ဍာန်အနေထားကိုပြတဲ့ပုံစံပဲဖြစ်တယ်”ဟု မွန်ပြည်နယ်ပညာရေးမှူးရုံးမှ ပြည်နယ်ပညာရေးမှူး ဦးမျိုးတင်အောင်က စက်တင်ဘာ(၂၈)ရက်နေ့က သံလွင် တိုင်းမ်သို့ပြောသည်။

အခြေခံပညာကျောင်းများမြေဂရမ်လျှောက်ထားရန်ညွှန်ကြားထားမှုနဲ့ပတ်သတ်ပြီး “အရင်ကတည်းက လုပ်ခိုင်းခဲ့တယ်။ တွန်းအားပေးခဲ့တာပဲ လုပ်ပါလုပ်ပါလို့။ ကိုယ်ပိုင်တဲ့မြေ ကိုယ့်ကျောင်းပိုင်တဲ့မြေကတော့ ဂရမ် ပေါက်အောင်လုပ်ရမှာပဲလေ”ဟု ၎င်းကဆက်လက်ပြောကြားသည်။

အခြေခံပညာကျောင်းများ ဂရမ်အမြန်ဆုံးလျှောက်ထားရန် ညွှန်ကြားထားပြီး ဂရမ်မရှိပါက လုပ်ပိုင်ခွင့် များအတွက် အခက်ခဲဖြစ်နိုင်ကြောင်း သထုံမြို့နယ် အ.မ.က (လွန်)ကော့လှိုင်းကျောင်းမှ ကျောင်းအုပ်ဆရာ ကြီး ဦးဖြူက ပြောသည်။

“ဆရာတို့ကျောင်းတွေက ပုံစံ (၁၀၅)နဲ့ ဂရမ်ရှိပါတယ် ဂရမ်မရှိရင် ကျောင်းခွဲထပ်ဆောက်တာတို့ ကျောင်းဆောင်အသစ်ဆောက်တာတို့Permit တွေရယူဖို့အတွက် အခက်ခဲဖြစ်စေမှာပါ တစ်ချို့ဆို ကျောင်း မြေကို ပိုင်ရှင်ကနေပြီး လာပြောတာတွေရှိတော့ ဂရမ်ရှိထားရင်တော့ အကောင်းဆုံးပါပဲ”ဟု စက်တင်ဘာလ (၂၈)ရက်နေ့က သံလွင်တိုင်းမ်သို့ပြောသည်။
no-6-b-e-h-s-mawlamyine
မြေဂရမ်မရှိသည့် အခြေခံပညာကျောင်းမှာ ကျူးကျော်နေထိုင်သည့်သူများနှင့် တရားရင်ဆိုင်မှုများ ဖြစ်ပွားရခြင်း၊ အခြားဌာနများမှ မြေငှားရန်လျှောက်ထားလာပါက သက်သေအထောက်ထားပြရန် အခက်ခဲ ဖြစ်နိုင်ခြင်းကြောင့် မွန်ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက မြေဂရမ်လျှောက်ထားရန် ညွှန်ကြားထား ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း – TU Arkar Min
မော်လမြိုင်၊ စက်တင်ဘာ ၂၈

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.