မော်လမြိုင်၊ စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အခြေစိုက် ဆောက်သန်းမြန်မာဘောလုံးအသင်းမှ လာမည့် အောက်တိုဘာလ ၅၊၆၊၇ ရက်နေ့တို့တွင် ခြေစမ်းပွဲများ ကစားအပြီး လူရွေးပွဲ ကျင်းပသွားမှာ ဖြစ်ကြောင်း သိရသည်။
ဆောက်သန်းမြန်မာအသင်းသည် ၎င်း၏အိမ်ကွင်းပွဲစဉ်များကို လာမည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ပထမ အပတ်မှ စတင်ကာ မော်လမြိုင်မြို့တွင် အခြေချကစားသွားမှာ ဖြစ်ပြီး ဘောလုံးအားကစားကွင်းများကိုလည်း ပြင်ဆင်လျက်ရှိကြောင်းသိရသည်။
“အန်ကယ်တို့ရွေးထားတဲ့ ပဏာမ အဖွဲ့ရယ်၊ လက်ကျန်အဖွဲ့ရယ် စုစုပေါင်း(၅)ဖွဲ့က (၃) ရက် ခြေစစ် ပွဲကစားပါမယ်။ အစည်းအဝေးထိုင်ပြီးရင်တော့ ရွေးခံရတဲ့သူတွေကို လှမ်းပြီးအကြောင်းကြားမှာပါ”ဟု ဆောက် သန်းမြန်မာဘောလုံးအသင်း၏ မန်နေဂျာ ဦးမြင့်ကြူမှ စက်တင်ဘာလ (၂၉)ရက်နေ့က သံလွင်တိုင်းမ်သို့ ပြောကြားသည်။
ဆောက်သန်းမြန်မာဘောလုံးအသင်းသည် အသက်(၂၅)နှစ်အောက် MNL အတွေ့အကြုံရှိ ကစား သမားအသစ်များခေါ်ယူထားလျက်ရှိရာ လျှောက်ထားသူများထဲမှ ခြေစစ်ပွဲရလာဒ်ကိုကြည့်ကာ ရွေးချယ်သွား မှာဖြစ်ကြောင်းသိရသည်။
ရှေ့တန်းတိုက်စစ်မှူး(၃)ဦး၊ အလယ်တန်းကစားသမား(၃)ဦး၊ နောက်တန်းကစားသမား(၃)ဦး၊ ဂိုးသမား(၁) ၊ နည်းပြချုပ်(၁)ဦး(AFC A လိုင်စင်ရရှိပြီးသူနှင့် နည်းပြ(၁)ဦး(AFC A (or) B လိုင်စင်ရရှိပြီးသူ) တို့ကို ခေါ်ယူထားပြီး လစာအနေဖြင့် အရည်အချင်းအပေါ်မူတည်ကာ အနည်းဆုံး(၅) သိန်းမှ (၁၀) သိန်းအထိ ချီးမြှင့်ပေးသွားမှာ ဖြစ်ကြောင်းသိရသည်။
“ကစားသမားတွေခေါ်ယူထားပါတယ်။ သူတို့ကို စက်တင်ဘာ လကုန်ထိ နောက်ဆုံးထားပြီး လျှောက်ထားဖို့ ခေါ်ယူခဲ့တယ်။ တခြားသိချင်တာရှိရင် ဖုန်း ၀၁-၅၄၀၇၄၂ ကိုဆက်သွယ်နိုင်ပါတယ်”ဟု အဆို ပါအသင်းမှ ကစားသမားခေါ်ယူခြင်းနှင့်ပတ်သတ်ပြီး တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆောက်သန်းမြန်မာအသင်း၏ မော်လမြိုင်မြို့ရှိ ဘောလုံးကွင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)မှ အမှုဆောင်အရာရှိချုပ်ဦးဘုန်းနိုင်ဇော်နှင့် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းတို့က အောက်တို ဘာလ (၂၅)ရက်နေ့က လာရောက်ကြည့်ရှုကာ ဆောက်သန်းမြန်မာဘောလုံးအသင်းမှ အိမ်ကွင်းတာဝန်ခံများ၊ အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် နည်းပြအဖွဲ့ဝင်တို့မှ ၎င်းတို့သိရှိလိုသည်များကို ရှင်းပြပေးခဲ့ကြောင်းသိရသည်။
ဆောက်သန်းမြန်မာအသင်းသည် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှ ဂိုးသမားကျော်ဇင်ဖြိုးကို မွေးထုတ်ခဲ့ပြီး နောက်လာမည့်ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယား အဆင့် (၁) မှ အဆင့်(၅) အတွင်းဝင်နိုင်ရန် မျှော်မှန်းထားကြောင်းသိရသည်
သတင်း – TU Arkar Min