တင်ဆက်သူ-TU Arkar Min

မေး-အစ်ကို့ရဲ့ မိသားစုတွေနဲ့ မိတ်ဆက်ပေးပါဦးခင်ဗျ။

ဖြေ-ဦးသန်းထိုက်ဦး၊ဒေါ်အေးအေးထွန်းတို့ရဲ့ သားအကြီးပါ။ ပီတိဆိုတဲ့ ညီတစ်ယောက်လည်း ရှိပါတယ်။

မေး-လင်းမောင်ဆိုတာ အကို့ရဲ့နာမည်အရင်းပဲလား။အစ်ကိုရဲ့ ပညာအရည်အချင်းကိုလည်း သိချင် ပါတယ်။

ဖြေ-နာမည်က မှတ်ပုံတင်ထဲက နာမည်အရင်းပါပဲ။လက်ရှိတော့ ဒဂုံတက္ကသိုလ်မှာ Third year Chemistry မေဂျာနဲ့ စာမေးပွဲ ဖြေဖို့လုပ်နေပါတယ်။

မေး-အနုပညာလောကထဲကို ဘယ်အချိန်လောက်ကစပြီး ဝင်လာခဲ့တာလဲ။

ဖြေ-ပထမ ကျွန်တော်မော်ဒယ်လ် သင်တန်းတက်ဖြစ်တယ်။ Star and Model Agency မှာ သင်တန်းတက်ဖြစ်ပြီး Game ဆိုင်တွေ ဖွင့်ဖြစ်ခဲ့တယ်။ အနုပညာ အလုပ်ကို သေချာလုပ်ဖြစ်တာက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလောက်မှ လုပ်ဖြစ်တယ်။ ရိုက်ကူးရေးလေးတွေလုပ်ရင်း မတ်လလောက်မှာ Mister Global သွားပြိုင်ဖို့ဖြစ်လာတာပါ။

မေး-ဒီလောကထဲဝင်လာပြီဆိုတော့ လက်ဦးဆရာတွေလည်းပြောပြပေးပါဦး။

ဖြေ-အရင်ကတည်းက ရူးသွပ်ခဲ့တော့ကိုယ့်ဘာသာကိုယ်တွန်းအားတွေဖြစ်အောင်လုပ်ပြီး ကြိုးစားခဲ့ တာများပါတယ်။

မေး-လင်းမောင်ဆိုပြီး ပရိတ်သတ်တွေ ဘယ်အချိန်လောက်မှာ သတိထားမိလာတယ်လို့ အစ်ကို ထင်လဲ။

ဖြေ-Mister Global မပြိုင်ခင် ပြိုင်မယ်လို့ ကြေငြာလိုက်တဲ့အချိန်မှာ စပြီးသတိထားမိလာကြတာ များပါတယ်။

မေး-အဲ့ဒီပြိုင်ပွဲကရခဲ့တဲ့ အတွေ့အကြုံတွေနဲ့ နောက်ထပ် Mister ပွဲတွေရော ထပ်ပြိုင်ဖို့ရော ရှိမလားခင်ဗျ။

ဖြေ-နိုင်ငံတကာနဲ့ သွားပြိုင်ရတဲ့အတွက်အတွေ့အကြုံတွေက အများကြီးပါပဲ။ အဓိကကတော့ နိုင်တာရှုံးတာ ထက်ယှဉ်ပြိုင်ခြင်းသာ အဓိကပါပဲ။ နောက်ထပ်ပွဲတွေက ပွဲကြီးရင်တော့ လက်ခံသွား မှာပါ။ ဒါပေမယ့် ကိုယ်က သရုပ်ဆောင်ဘက်သွားဖို့ ရှိပါတယ်။ အခုဒါရိုက်တာ ဦးမျိုးမင်း (ရင်တွင်း ဖြစ်)နဲ့ သင်တန်းတွေတက်နေတယ်။

မေး-အနုပညာအလုပ်လုပ်တဲ့အခါမှာ အစ်ကို့အတွက် ဘယ်ဟာတွေကအခက်ခဲဖြစ်စေလဲ။

ဖြေ-ဝါသနာပါလို့လားတော့မသိဘူး။ အခက်ခဲလို့မယူဘဲနဲ့ကြိုးစားတဲ့အတွက်အခက်ခဲရယ်တော့ မသတ်မှတ်တော့ဘူး။

မေး-စိတ်ဓာတ်ကျတဲ့အချိန်တွေရောရှိမလား။ဘယ်လိုကျော်ဖြတ်လဲ။

ဖြေ-စိတ်ဓာတ်ကျတာထက် တစ်ခါတစ်လေ အလုပ်တွေများပြီးပင်ပန်းသွားတာမျိုးတော့ရှိတယ်။ ကိုယ့်ဘာသာ အားအင်တွေပြန်မွေးရတယ်။ သီချင်းတွေနားထောင်တယ်။ Gym တွေ ကစားတယ်။ အားလပ်တဲ့အချိန်တွေဆိုရင် ယောဂကျင့်တယ်။ Gym ဆော့ဖြစ်ပါတယ်။ ဂိမ်းဆော့တယ်။ ဂီတာတီးတာလည်းဝါသနာပါတော့ ဂီတာတီးပြီး သီချင်းဆိုလိုက်တယ်။

မေး-လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်လဲ။

ဖြေ-MTV တွေရိုက်ဖြစ်တယ်။ ပြက္ခဒိန်တွေရိုက်ထားတယ်။ Online ကြော်ငြာလေးတွေရှိုက်ထားတယ်။ ဇာတ်လမ်းသရုပ်ဆောင်ကတော့ (၁၀)လပိုင်း စာမေးပွဲပြီးမှပဲ လှုပ်ရှားဖြစ်မယ်ထင်တယ်။

မေး-ဇာတ်လမ်းတွေသရုပ်ဆောင်တဲ့အခါ ဘယ်အပိုင်းကို သရုပ်ဆောင်ဖို့ဆုံးဖြတ်ထားလဲ။

ဖြေ-ဟာသထက်စာရင် ဒရာမာလိုင်းကိုပိုသဘောကျတယ်။ တည်ငြိမ်ခန့်ငြားတဲ့ ဇာတ်ရုပ်တွေကို ပိုသဘောကျတယ်။

မေး-ဒါဆိုပရိတ်သတ်ကို ပထမဦးဆုံးချပြမယ့် ဇာတ်ကားက ဒရာမာကားနဲ့ပေါ့နော်။

ဖြေ-အဲ့လိုပြောလို့ရပါတယ်။ မိသားစုပုံစံလေးတွေ အမေနဲ့ သား ဆင်းရဲသားဇာတ်ကားလေးတွေပေါ့။

မေး-ဟာသဇာတ်လမ်းတွေလုပ်ဖို့စိတ်ကူးမရှိဘူးလားအစ်ကို။

ဖြေ-ပရိတ်သတ်ကတော့ ကိုယ့်ကိုယ်အားပေးတယ်ဆိုရင်တော့လည်းကိုယ့်ဘက်ကစွယ်စုံရအောင် ရအောင်တော့လုပ်ထားရမှာပေါ့။ ဒါပေမယ့် ကျွန်တော်အားသန်တာကတော့ ဒရာမာပိုင်းပါပဲ။

မေး-အားကျရတဲ့အနုပညာရှင်တွေလည်းရှိရင် ပြောပြပေးပါဦးခင်ဗျာ။

ဖြေ-အနားယူသွားပြီဖြစ်တဲ့ အန်ကယ် ဦးကျော်ဟိန်းတို့ ကျရာ ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ် ဆောင်နိုင်တဲ့ ကိုသားကြီး(ဒွေး)တို့ကို အားကျပါတယ်။ အတုလည်းယူပါတယ်။

မေး-အစ်ကို့ရဲ့ Body Structure နဲ့ အသားအရေတွေကိုဘယ်လိုထိန်းသိမ်းလဲ။

ဖြေ-ကျွန်တော်ကယောကျ်ားလေးဖြစ်တဲ့အတွက် အသားအရေကိုတော့ ဂရုမစိုက်ဖြစ်ဘူး။ အစား အသောက်ကိုဂရုစိုက်တယ်။ Gym ကို တစ်ပတ်မှ တစ်ရက်လောက်ပဲ နားတယ်။ စနစ်တကျ ဆော့ဖြစ်တယ်။ပေါင်းတင်တာတို့Cosmetic တွေသုံးတာလည်းသိပ်ဝါသနာမပါပါဘူး။ အားကစား ကြောင့် ကျန်းမာရေးလိုက်စားဖြစ်လို့ အသားအရေက စိုသွားတာပဲဖြစ်မှာပါ။

မေး-Sexy ပို့စ်တွေလည်းရိုက်တာ ပရိတ်သတ်အားပေးမှုတွေများတော့ အဲ့ဒီအပေါ် အစ်ကိုဘာများ ပြောချင်ပါလဲ။

ဖြေ-ဒါကိုတော့ မြန်မာပြည်အနေအထားအရ အမြဲတမ်းရိုက်ဖြစ်မှာတော့မဟုတ်ဘူး။ ပရိတ်သတ်က တစ်လိုင်းမြင်သွားမှာလည်းစိုးတယ်။ မှတ်မှတ်ရရဆိုလို့ (၂)ခါပဲရှိပါသေးတယ်။ ထိုင်းဘက်က Underware ကြော်ငြာတွေကမ်းလှမ်းထားတာတွေတော့ရှိပါတယ်။ ပရိတ်သတ်အမြင်ရိုင်းတာတွေကို ရှောင်မှာပါ။ Sexy ရိုက်တယ်ဆိုတာကလည်း ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုချပြချင်တဲ့ သဘောလောက်ပါပဲ။

မေး-အရင်ကနဲ့ အခု အနုပညာလုပ်ပိုင်ခွင့်ရော ကွာခြားမှုတွေရှိမလား။

ဖြေ-အခုကတော့ လူမှုကွန်ယက်တွေလည်းရှိတော့ ပရိတ်သတ်သိဖို့ အရမ်းလွယ်တယ်။ အောင်မြင်မှု ကိုရေရှည်ထိန်းနိုင်ဖို့တော့ခက်ခဲလိမ့်မယ်။

မေး-လူမှုကွန်ယက်မှာလည်း Cele Cele Small တို့လို troller တွေရှိတော့ အဲ့ဒီအပေါ်မှာရော အစ်ကို့အမြင်လေးလည်းပြောပြပေးပါဦး။

ဖြေ-သူကတော့ အနုပညာရှင်တိုင်းကို ဟာသသဘောမျိုးနဲ့ ပျော်စေပျက်စေရေးတာမျိုးရှိသလို Troll လုပ်တာတွေလည်းရှိတယ်။ အရမ်းကြီးတော့ မပြောလိုတော့ပါဘူး။ ကျွန်တော့ကိုလုပ်တုန်းကလည်း ကျွန်တော့ပရိတ်သတ်တွေ Screen Shot တွေရိုက်ပြီးလာပြတယ်။ ကျွန်တော် ဘာမှ မဖြေရှင်း တော့ဘူး။ အနုပညာအလုပ်လုပ်ရင် ဒီလိုဒဏ်တွေ ခံနိုင်ရမယ်ဆိုပြီးတော့ပေါ့။ Facebook အကောင့် အတုတွေနဲ့ ကျွန်တော်သုံးလေ့မရှိတဲ့ Kiss me Quick တို့ချွတ်ပြလိုက်ရမလားလို့ အဲ့လိုတွေ လုပ်တာတော့ မကောင်းဘူးပေါ့။ ကိုယ့်ကို ချစ်လို့ခင်လို့ ကိုယ့်ပုံ Profile Change တာတော့ ဘာမှမဖြစ်ပါဘူး။ ကျွန်တော် Linn Maung အကောင့်တစ်ခုပဲသုံးပါတယ်။ နောက်ထပ်လည်း မဖွင့်ထားပါဘူး။ Official Page ကတော့ linn Maung-Mirror ပဲသုံးပါတယ်။

မေး-Mirror ဆိုတာက ဘယ်လိုမျိုးစိတ်ကူးနဲ့ ပေးဖြစ်ခဲ့တာလဲ။

ဖြေ-မှန်လိုကျင့်ကြံမှာပေါ့နော်။ သူပြုံးရင် ပြန်ပြုံးပြမယ် ကိုယ့်ကိုတိုက်ခိုက်တာတွေကိုတော့ မှန်လို ကျင့်မယ်ပေါ့နော်။

မေး-အစ်ကို့ဘဝရဲ့ အရေးအကြီးဆုံးအရာကဘာလဲ။

ဖြေ-ကိုယ့်ဘဝအတွက် အစားထိုးမရတဲ့ ကိုယ့်မိဘတွေပါပဲ။

မေး-အစ်ကိုသဘောကျနှစ်သက်တဲ့ မိန်းကလေးပုံစံကရော ဘယ်လိုဖြစ်မလဲ။

ဖြေ-ကျန်းမာကြံ့ခိုင်ပြီးတော့ မိန်းမပီသတဲ့ မိခင်စိတ်ရှိတဲ့ မိန်းကလေးမျိုးကို သဘောကျတယ်။

မေး-Zalo မှာ အသံဖိုင်တွေလည်းတင်ထားတော့လေ သီချင်းဆိုဖို့ရော အစီစဉ်ရှိမလား။

ဖြေ-မော်ဒယ်လ်လုပ်တယ်ဆိုပေမယ့်လည်း ကျွန်တော်အားသန်တာကတော့ သီချင်းပိုင်းပေါ့နော်။ (၁၀) တန်းအောင်ပြီးကတည်းက သီချင်းတွေလုပ်ထားတာတွေတော့ရှိပါတယ်။ Melody World မှာဆုရခဲ့တဲ့ အနုပညာရှင်တွေရဲ့ အခွေထဲမှာလည်း ဝင်ဆိုထားတာတွေရှိတယ်။ အခွင့်အရေးပေး လာမယ်ဆိုရင်တော့လည်း သီချင်းဘက်ကိုပြန်သွားဖို့ရှိပါတယ်။ ပရိတ်သတ်တွေက လိုင်းများတယ် မြင်သွားမှာစိုးလို့ အခုအချိန်မှာ နည်းနည်းအောင့်ပြီးနေနေရပါတယ်။

မေး-အစ်ကို့လိုမျိုးဒီအနုပညာမှာ စပြီး လျှောက်လှမ်းဖို့ကြိုးစားနေတဲ့ ညီငယ်၊ညီမငယ်တွေအတွက် ပေးချင်တဲ့ Message လေးများရှိမလား။

ဖြေ-လမ်းတစ်ခုကိုလျှောက်လှမ်းဖို့ဆိုရင် စိတ်ဓာတ်ခိုင်မာနေမှဖြစ်မှာပါ။ အနုပညာကို တိုးဝင်နေတဲ့ သူတွေကလည်းများတော့ ကြိုးစားမှုကိုအရှိန်မြှင့်မှ အောင်မြင်မှုကို ရနိုင်မယ်လို့ပြောချင်ပါတယ်။

မေး-အစ်ကို့ကို အားပေးနေတဲ့ မြန်မာတစ်နိုင်ငံလုံးက ပရိတ်သတ်တွေအတွက် စကားလက်ဆောင် လေးလည်း ပါးပေးပါဦးခင်ဗျာ။

ဖြေ-အားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်လို့။ ပရိတ်သတ်အားပေးရကျိုးနပ် အောင်လည်း ကြိုးစားသွားပါ့မယ်လို့။Comment မှာ အမြဲလိုလို မေးနေတဲ့ သရုပ်ဆောင်လိုင်းဘက်ကိုလည်း ကျောင်းတစ်ဖက်နဲ့ဖြစ်ပေမယ့် ပရိတ်သတ်မြင်ချင်တဲ့နေရာ မြင်ရအောင် အကောင်းဆုံးကြိုးစားသွားပါ့ မယ်လို့ပြောချင်ပါတယ်။

မေး-အစ်ကို့ကို ဆက်သွယ်ချင်တယ်ဆိုရင် ဘယ်လိုဆက်သွယ်ရမလဲ။

ဖြေ-အလုပ်ကိစ္စအတွက်ဆိုရင် ၀၉ ၄၅၄၅၃ ၄၅၃၀ ကိုဆက်သွယ်လို့ရပါတယ်။
lynn-mg
သံလွင်တိုင်းမ်ရဲ့ စာဖတ်ပရိတ်သတ်များခင်ဗျာ အရပ် (၅)ပေနဲ့ (၁၀)လက်မခွဲ အမြင့်ရှိတဲ့ မော်ဒယ်လ်လင်းမောင်ဟာ ပန်းသီးနဲ့ ဟမ်ဘာကာ၊အသီးအနှံတွေကို ကြိုက်တတ်တယ်လို့ ဆိုပါတယ်။ ဧရာဝတီသားလေး မော်ဒယ်လ်လင်းမောင်ကို July 19 (1995) မှာမွေးဖွားခဲ့ပြီး မွှေးရနံ့တွေထဲမှာ စံပယ်ပန်းရနံ့ကိုနှစ်သက်တယ်လို့ဆိုပါတယ်

စာဖတ်ပရိတ်သတ်တွေလည်း မော်ဒယ်လ်လင်းမောင်ရဲ့ အကြိုက်တွေကို သိရှိပြီးဖြစ်လို့ ကျေနပ်နှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်။နောက်တစ်ပတ်မှာလည်း ဘယ်အနုပညာရှင်တွေရဲ့ အကြောင်းကို တင်ဆက်ပေးမလဲဆိုတာ ဆက်လက်စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။ဖြေကြားပေးတဲ့ မော်ဒယ်လ်လင်းမောင်ကိုလည်း သံလွင်တိုင်းမ်သတင်းဌာနမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.