သံဖြူဇရပ်မြို့နယ်၊ ဝါးခရူကျေးရွာအောက်ပိုင်း အုတ်ဖိုလမ်း၊ သင်္ချိုင်းအနီးတွင် တရားမဝင်ကျွဲများ ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်နေစဉ် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်အရ သံဖြူဇရပ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မြင့်သိန်းနှင့် တပ်ဖွဲ့ဝင်များ သတင်းအရ သွားရောက်စစ်ဆေးရာ အုတ်ဖိုလမ်း၊ သင်္ချိုင်းအနီးတွင် HTNO PROFIAFW1KXD အမျိုးအစား အဖြူရောင် မော်တော်ယာဉ်အမှတ် 6F/9431လိုင်စင်ရှိ မော်တော်ယာဉ်တစ်စီးနှင့် ယာဉ်မောင်းကျော်ငြိမ်းလတ်၊ သံဖြူဇရပ်မြို့နေသူနှင့် ဒါဝတ် ကြာအင်းဆိပ်ကြီးမြို့နေသူတို့ နှစ်ဦးအား တွေ့ရှိပြီး မော်တော်ယာဉ်ပေါ်တင်ထား သည့် ကျွဲ ထီး(၁၄)ကောင် ကျွဲမ(၂)ကောင်နှင့် မော်တော်ယာဉ်အနီးတွင် ကျွဲထီး(၉)ကောင် ကျွဲမ(၁)ကောင် စုစု ပေါင်း ကျွဲထီး(၂၃)ကောင်၊ ကျွဲမ(၃)ကောင်ပေါင်း(၂၆)ကောင် ကာလတန်ဖိုးငွေ(၁၀၄,၀၀၀၀၀)ကျပ်ခန့်အား တွေ့ရှိခဲ့သဖြင့် ယာဉ်မောင်းကျော်ငြိမ်းလတ်နှင့်ဒါဝတ်တို့အား ဖမ်းဆီးပြီး သက်သေခံကျွဲများနှင့် မော်တော်ယာဉ် တို့အား သံဖြူဇရပ်မြို့မသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

စစ်ဆေးမှုများအရ အဆိုပါကျွဲများကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင် ကျေးရွာမှ တဆင့် မြဝတီမြို့သို့ပို့ဆောင်ပြီး ထိုင်းနိုင်ငံသို့တရားမဝင်ပို့ဆောင်မည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးခဲ့သည့် ကျွဲများမှာ ပင်လယ်ရေကြောင်းလမ်းအတိုင်း ဧရာဝတီတိုင်းဒေသကြီးဘက်မှ တရားမဝင်သယ်ဆောင်လာ ကြောင်း သိရသည်။
buffl
ဖြစ်စဉ်နှင့်ပတ်သတ်၍ ကျွဲများအား မော်တော်ယာဉ်ဖြင့် သယ်ဆောင်ပြီး ပြည်ပနိုင်ငံသို့ ပို့ဆောင်ရန် ပြုလုပ်ခဲ့သူ ဦးဂျာပိုင်၊ ဒါဝတ်နှင့် ကျော်ငြိမ်းလတ်တို့ သုံးဦးကို သံဖြူဇရပ်မြို့မရဲစခန်းမှ (ပ)၁၄၆/၂၀၁၆ အရေး ကြီးကုန်ပစ္စည်းဝန်ဆောင်မှု ပုဒ်မ(၅)အရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း – ကျဲရော့
သံဖြူဇရပ်၊ စက်တင်ဘာ၂၆

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.