မော်လမြိုင်၊ စက်တင်ဘာ ၂၂

မော်လမြိုင်မြို့ရှိ အားကစားဝန်ကြီးဌာန ဂရမ်ပေါက်(ယခင်မြင်းပြိုင်ကွင်း) ကျောင်းသား အားကစားကွင်းကို အားကစားဝန်ကြီးဌာနမှ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) နှင့် ဆောက်သန်း မြန်မာဘောလုံးအသင်းတို့ကို တစ်နှစ်လျှင် ငွေကျပ်(၃၀)ဖြင့် ငှားရမ်းထားကြောင်းသိရသည်။

မော်လမြိုင်မြို့ရှိ ယခင်မီးလောင်ပြင်နေရာကို ဆောက်သန်းမြန်မာဘောလုံးအသင်းအား ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့ကတည်းက အနှစ်(၃၀) စာချုပ်ချုပ်ဆိုကာ ငှားရမ်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါကိစ္စကို မွန်ပြည်နယ်၊မဲဆန္ဒနယ်အမှတ်(၁) မှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးအေးမင်းဟန်က ဖော်ထုတ်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

“အဲ့ဒီစာချုပ်ကို ၂၀၁၀ ခုနှစ် (၁၁)လပိုင်း (၈) ရက်နေ့က ချုပ်ထားတာပါ။ ပထမ(၃)လကို တော့ အခမဲ့ချုပ်ခဲ့တယ်။ နောက်တစ်နှစ်ကို သိန်း(၃၀) ဆိုပြီး နှစ်ပေါင်း(၃၀) အထိ ချုပ်ဆိုထား တယ်”ဟု ဆောက်သန်းမြန်မာအသင်း၏ ဘောလုံးကွင်းတာဝန်ခံ အုပ်ချုပ်ရေးမှူး ဦးလှဝင်းက သံလွင်တိုင်းမ်သို့ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်၏လေ့လာတင်ပြချက်အရ (၅) နှစ်လျှင် တစ်ကြိမ် အတိုးအလျော့လုပ်နိုင်သည့် စာချုပ်နှင့်ပတ်သတ်ပြီး “အဲ့ဒါက ငှားရမ်းခတွေကိုပြောတာပါ။ ကျွန်တော်တို့ဆီမှာ ဆိုင်ခန်းတွေလည်းမရှိဘူး။ ဝင်ငွေတွေလည်းမရှိဘူး ကျန်တဲ့ စစ်ကိုင်းတို့ မန္တလေးတို့ ကျန်တဲ့ကွင်းတွေကျတော့ ဆိုင်ခန်းဝင်ငွေတွေ ရှိတာပေါ့။ ကျွန်တော်တို့ဆီမှာတော့ ဘာဝင်ငွေမှ မရှိဘူး အိတ်စိုက်သက်သက်ပဲ။ အဲ့ဒါကြောင့် ဝင်ငွေတွေ တိုးကောက်ဖို့အတွက် စာချုပ် ထဲမှာ အတိုးအလျော့လုပ်နိုင်တယ်ဆိုပြီးရေးထားတာပါ”ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
map
ဆောက်သန်းမြန်မာအသင်းသည် လာမည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီပထမအပတ်တွင် မော်လမြိုင်မြို့တွင် အိမ်ကွင်းအဖြစ် အခြေချ ကစားမည်ဖြစ်ရာ လက်ရှိတွင် အဆိုပါ ဘောလုံးကွင်း အား မြက်စိုက်ခြင်း၊ ပွဲကြည့်စင် နှင့် Score Board များတပ်ဆင်လျက်ရှိကြောင်းသိရသည်။

“စာချုပ်ထဲမှာ ပါတဲ့အချက်တွေကို သေချာလေ့လာစေချင်တယ်။ ဘယ်လိုချုပ်ထားလဲဆိုတာ ပြည်သူတွေကို အသိပေးပြီး ပွင့်ပွင့်လင်းလင်းလုပ်သင့်တယ်။ ဒါမျိုးက လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ” ဟု အမည်မဖော်လိုသူ မော်လမြိုင် ဒေသခံတစ်ဦးက ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်က မော်လမြိုင်မြို့ရှိ အကျဉ်းထောင် များကိုလည်း ငှားရမ်းထားမှု ရှိမရှိ ဆက်လက်စုံစမ်းဖော်ထုတ်ရာ အကျဉ်းထေင်အား မည်သည့် ကုမ္ပဏီကိုမှ ငှားရမ်းထားခြင်းမရှိဘဲ ဘောလုံးကွင်းတစ်ခုတည်းသာ ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

သတင်း – TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.