မော်လမြိုင်၊ စက်တင်ဘာ ၈

လူငယ်ရေးရာမူဝါဒ ရေးဆွဲမှုအတွက် မွန်ပြည်နယ်အတွင်းရှိ လူငယ်များနှင့် အသိပညာပေးဆွေးနွေး ခြင်း၊ သဘောထား အမြင်များအား စစ်တမ်း ကောက်ယူခြင်းများကို လုပ်ဆောင်နေကြောင်း ပြည်နယ် လူငယ် ကွန်ယက်ထံမှ သတင်းရရှိသည်။

စက်တင်ဘာလ (၆) ရက်တွင်စတင်ခဲ့ပြီး မြန်မာနိုင်ငံ၏ လူငယ်မူဝါဒတစ်ရပ်ကို နိုင်ငံတော်အစိုးရနှင့် အတူ လူငယ်များပါဝင်မှုဖြင့် ရေးဆွဲနိုင်ရန် စီစဉ်နေကြောင်း၊ လူငယ်များ၊ လူငယ်အကျိုးလိုလားသူများ လူငယ် မူဝါဒ သဘောတရားများကို နားလည်ရန်နှင့် ၎င်းတို့၏ သဘောထားအမြင်များ၊ အကြံပြုချက်များကို မူဝါဒ အတွင်းထည့်သွင်းရေးဆွဲနိုင်ရန်အတွက် ရည်ရွယ် ပြုလုပ်ခြင်းဖြစ်သည်ဟု မွန်ပြည်နယ် လူငယ်ကွန်ယက်မှ မခိုင်ခိုင်လဲ့မြင့်က ပြောသည်။

“လူငယ်ရေးရာမူဝါဒ ရေးဆွဲနိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကတော့ အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ရင်းနဲ့သတင်းအချက်အလက်တွေကို စုဆောင်းသွားပါမယ်။ ရလာတဲ့ သတင်းအချက်အလက်တွေ ကို စုပြီးတော့ မြန်မာနိုင်ငံလူငယ်မူဝါဒရေးဆွဲတဲ့နေရာမှာ သုံးမှာဖြစ်သလို ပြည်နယ်လူငယ်မူဝါဒရေးဆွဲတဲ့အခါ မှာလည်း ပြန်သုံးသွားမှာပါ”ဟု ၎င်းကပြောသည်။

ထိုနောက် လူငယ်ရေးရာမူဝါဒရေးဆွဲနိုင်ရန် ပြည်နယ်အဆင့်ဖိုရမ်လုပ်သွားဖို့လဲရှိပါတယ်။ ယင်း ဖိုရမ်တွင် မူဝါဒများကို ညှိနှိုင်းကြမည်ဟု မခိုင်ခိုင်လဲ့မြင့်က ပြောသည်။

လူငယ်ရေးရာ မူဝါဒဖြစ်မြောက်ရန် မွန်ပြည်နယ်အပြင် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများ အားလုံးတွင် လုပ်ဆောင်နေကြပြီး စက်တင်ဘာလ (၃၀) ရက် နောက်ဆုံးထားပြီး လူငယ်များ၏ သဘောထား အမြင်များအား စစ်တမ်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူငယ်ရေးရာမူဝါဒတခု ထွက်ပေါ်လာစေရန် ၂၀၁၂ခုနှစ်မှ စတင်ကြိုးပမ်းခဲ့သော် လည်း ၂၀၁၆ခုနှစ်ဇွန်လအတွင်း မုံရွာတွင် ကျင်းပခဲ့သော်လူငယ်ဖိုရမ်မှ အခြေခံကာ လူငယ်ရေးရာမူဝါဒတခု ထွက်ပေါ်လာရေးသည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ရက်တရာ စီမံချက်၏ လုပ်ငန်းစဉ်တခုဖြစ်သည်။
logo-osx
သတင်း – ချမ်းစွန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.