မုဒုံ၊ ဇူလိုင် ၁၀

မုဒုံမြို့နယ်၊ လက်တက်ကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၊ မိုင်တိုင်အမှတ်၂၄/၆၊ ခပ်ရခပ်ရထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးမုဒ်ဝအနီးတွင် ဇူလိုင်လ(၁၀)ရက်၊ ည(၈း၀၀)နာရီခန့်တွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းမုဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှသိရှိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မုဒုံမြို့မရဲစခန်းမှရဲအုပ်ဝင်းဇော်ဌေးနှင့် နိုင်လှုံလက်တက်ကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းသိန်း၊ ပြည်သူ့စစ်ခေါင်းဆောင်ဦးသန်းဇော်ထွန်းတို့သက်သေအဖြစ်လိုက်ပါ၍ အခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးရာ ရေးမြို့မှမော်လမြိုင်မြို့ဘက်သို့ယာဉ်မောင်းကျော်မင်းလတ်(၄၁)နှစ်၊ဇေယျာမြိုင်ရပ်ကွက်၊မော်လမြိုင်မြို့နေသူနှင့်ယာဉ်နောက်လိုက်ဝင်းကိုဦး(၃၄)နှစ်မြိုင်သာယာရပ်ကွက်၊မော်လ မြိုင်မြို့နေသူလိုက်ပါလာသည့် MON 4B/1838 NISSAN အမျိုးအစား၊ VIOLET/GREEN/ORANGEအရောင်(၆)ဘီးယာဉ်သည်မုဒုံမြို့နယ်၊လက်တက်ကျေးရွာ၊မော်-သံလမ်း၊ခပ်ရခပ်ယူဘုရားမုဒ်ဝအနီးအရောက်တွင်ယာဉ်အား ရေတိုင်ကီရေဖြည့်နေစဉ် သံဖြူဇရပ်ဘက်မှ မုဒုံဘက်သို့ ယာဉ်မောင်းဦးဉာဏ်ထွန်း(၄၈)နှစ်၊အ.ထ.က.ခွဲ (နိင်လှုံကျေးရွာ၊ညစောင့်)၊ နိင်လှုံကျေးရွာ၊မုဒုံမြို့နယ်နေသူမောင်းနှင်လာသည့်နံပါတ်မပါWAVE 125ခဲမဲရောင်ဆိုင်ကယ်မှအရှိန်မထိန်းနိင်ဘဲ ကားနောက်အားဝင်ရောက်တိုက်မိရာဆိုင်ကယ်မောင်းသူဦးဉာဏ်ထွန်းတွင် ဦးခေါင်းယာဘက်ပေါက်ပြဲ၊ယာနားသွေးထွက်၊ဝဲလက်ခုံပွန်းခြစ်ဒဏ်ရာများရရှိပြီး မှုခင်းဆေးစာဖြင့်မုဒုံဆေးရုံသို့ပို့ဆောင်ကာဆေးကုသမှုခံယူနေစဉ်သေဆုံးသွားကြောင်းရဲမှတ်တမ်းအရသိရှိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍(၆)ဘီးကားယာဉ်မောင်းနှင့်ဆိုင်ကယ်ယာဉ်မောင်း(သေဆုံးသူ)တို့နှစ်ဦး အား ဥပဒေအရအရေးယူပေးရန် တိုင်တန်း၍မုဒုံမြို့မရဲစခန်းမှယာဉ်(ပ)၂၇/၂၀၁၆၊ပြစ်မှုပုဒ်မ၃၀၄-ကဖြင့် သတင်းချက်ရေးဖွင့်ပြီး ကျူးလွန်သည်ဟုယူဆရသူကျော်မင်းလတ်အား ဖမ်းဆီးကာရဲအုပ်ဝင်းဇော်ဌေးမှစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.