သထုံ၊ ဇူလိုင် ၇

ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့တွင် သထုံမြို့နယ်ရှိ အရပ်ဘက်အဖွဲ့များ စုပေါင်းပြီး ချီတက်အလေးပြုမည်ဖြစ်ကြောင်း သထုံမြို့နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက်ထံမှ သိရသည်။

ချီတက်အလေးပြုခြင်းအစီအစဉ်ကို အရပ်ဘက်လူမှုအဖွဲ့အစည်းများအပြင် ခရိုင်၊ မြို့နယ်ရှိ ဌာနဆိုင် ရာများ၊ နိုင်ငံရေးပါတီများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

“ခရိုင်၊ မြိုနယ် ဌာနဆိုင်ရာတွေနဲ့ ကျွန်တော်တို အရပ်ဘက်အဖွဲ့ တွေစုပေါင်းလုပ်ကြဖို သဘောတူပါ တယ်”ဟု သထုံမြို့နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် ညှိနှိုင်းရေးမှူး ကိုစိန်ပန်းကပြောသည်။

သထုံမြို့နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက်မှ အခမ်းအနားကျင်းပရာနေရာအဖြစ် သထုံ ခရိုင်အားကစားကွင်းကို အသုံးပြုသွားမည်ဖြစ်ပြီး စင်မြင့်ကိုဆောက်လုပ်ကာ နောက်ခံအဖြစ် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်ပုံစံအတိုင်း ပြုလုပ်သွားမည်ဖြစ်ပြီး စင်မြင့်ကို ပန်းများ၊ မီးဆလိုက်များအသုံးပြု၍ ပိုမိုခမ်းနားအောင်ပြုလုပ်သွားရန်နှင့် ကျဆုံးခဲ့သော အာဇာနည်ခေါင်းဆောင်များ၏ ပုံရိပ်များကိုလည်း စင်မြင့်ရှေ့တွင် ထားရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

အာဇာနည်နေ့အခမ်းအနားတွင် လက်ကမ်းစာစောင်များကို ဝေငှသွားမည်ဖြစ်ပြီး ပြန်/ဆက်ဦးစီးဌာန က စောင်ရေ(၃၀၀၀)ပြုလုပ်ပေးရန်ရှိကြောင်းနှင့် ပညာရေးဌာနမှလည်း ကျောင်းတစ်ကျောင်းလျှင် ကျောင်း သား(၅၀၀)စီဖြင့် ကျောင်းသးာ(၂၀၀၀၀)ခန့်တက်ရောက်ရန်စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ကိုစိန်ပန်းက ဆက် ပြောသည်။

သထုံမြို့နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းများမှလည်း အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ရန် နှင့် ပန်းခွေချအလေးပြုရန် ရပ်ကွက်/ကျေးရွာများသို့ လှည့်လည်ဆော်သြသွားရန်ရှိကြောင်းလည်းသိရသည်။

“အခုလိုမျိုး အာဇာနည်နေ့ကို ခမ်းခမ်းနားနားပြန်လည်ကျင်းပဖို့ စီစဉ်နေတာကြားတော့ အင်မတန်ဝမ်း သာပါတယ်။ ဒီလိုအခမ်းအနားမျိုးက အရင်တစ်ချိန်တုန်းကဆိုရင် ထောင်ကျတန်းကျခံပြီးမှ လုပ်ရတာ”ဟု သထုံမြို့မှ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.