ပေါင်၊ ဇွန် ၂၇

ပေါင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေသော ကလေးငယ်အချို့ရှိနေကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

Untitled-1

“လစဉ် အနေနဲ့တော့ (၄)ယောက်လောက်တော့ ကုသပေးရတာရှိတယ်။ ဖေဖော်ဝါရီလထဲကကျွန်မ တို့က ဒီရောဂါကို ကြိုတင်ကာကွယ်ရေးလုပ်ခဲ့ကြတယ်၊ ဟောပြောပွဲတွေလုပ်တယ်၊ ဒေသအလိုက်ကျန်းမာရေးဝန်ထမ်းတွေက ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းတွေကိုမိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းတွေနဲ့ပူးပေါင်ပြီး

လုပ်နေကြပါတယ်၊မော်လမြိုင်ကလေးဆေးရုံက ပြန်ပြီးတော့အကြောင်းကြားပေးတဲ့လူနာကတော့ဖေဖေါ်ဝါရီ ကနေဒီလအထိ ပေါင်မြို့တခုလုံးအတွက်(၁၁)ယောက်ရှိပါတယ်” ဟု ပေါင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှုး ဒေါက်တာခင်စုစုဟန်က ပြောသည်။

လက်ရှိအချိန်တွင် သွေးလွန်တုပ်ကွေးနှင့်ပတ်သက်ပြီး သံသယရှိသည့် ကလေးငယ် ၁၀ ဦးကို တွေ့ရ ပြီး သွေးဖောက်စစ်ဆေးစဉ်တစ်ယောက်သာ တွေးလွန်တုပ်ကွေးရောဂါဖြစ်ဖူးကြောင်း ပေါ်ပေါက်သည်ဟု ပေါင် မြို့နယ်ဆေးရုံမှတ်တမ်းအရသိရသည်။

ဇင်းကျိုက်မြို့ရှိ ပြင်ပဆေးခန်းတစ်ခုတွင်မူ သွေးလွန်တုပ်ကွေးနှင့် ပတ်သက်သည့်လူနာများအား နေ့စဉ် (၁၀)ဦးခန့် ကုသပေးနေရကြောင်းအဆိုပါဆေးခန်း၏ ဆရာဝန်ကပြောသည်။

“ကျွန်တော်ဆေးခန်းကို လူနာတွေလာကုသတဲ့အထဲမှ သွေးလွန်တုတ်ကွေးနဲ့ပတ်သက်တဲ့လူနာဆိုရင်တစ်ရက်ကို (၁၀×ယောက်ကျော်လောက်တော့ရှိပါတယ်”ဟု ဇင်းကျိုက်မြို့ရှိပြင်ပဆေးခန်းတစ်ခုက ဒေါက်တာ ဟိန်းကိုကိုဦး ကပြောသည်။

သွေးလွန်တုပ်ကွေးရောဂါ၏ လက္ခဏာများဖြစ်သော ဖျားနာသူကလေးငယ်များအနေဖြင့် ကိုယ်ပူတာ ၃/၄ရက်အထိမကျလျှင်၊ နှာခေါင်းသွေးလျှံှလျှင်၊ အမဲရောင်ဝမ်းများသွားလျှင်၊ ကော်ဖီမှုန်ရောင်အမျှင်များအန်လျှင် သွေးလွန်တုတ်ကွေးရောဂါလက္ခဏာအတွက် Hess Test (စမ်းသပ်မှု) လုပ်ကြည့်သင့်ကြောင်းဆရာဝန်တစ်ဦးကအကြံပြုပြောဆိုသည်။

သွေးလွန်တုတ်ကွေးရောဂါမှာ ရေကြည်ရေသန့်၌ ပေါက်ပွားသော နေ့ဘက်တွင်သာကိုက်တတ်သည့် Aedes “အေးဒီးစ်” ခြင်ကြားတစ်မျိုးက တဆင့်ကူးစက်သော ဗိုင်းရပ်ပိုးတစ်မျိုးကြောင့်ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေါက်တာခင်စုစုဟန်က ရှင်းပြပြောဆိုသည်။

နှစ်စဉ် မိုးဦးရာသီ၌ဖြစ်ပွားလေ့ပိုမိုများပြားသော ရောဂါတစ်ခု ဖြစ်သည့်သွေးလွန်တုတ်ကွေးရောဂါအားကြိုတင်ကာကွယ်မှုအနေဖြင့် ရေရှိသည့် ရေကန် ၊စည်၊တိုင်ကီအိုး၊များကိုအဖုံးဖုံးထားခြင်း၊ဘုရားပန်းအိုးကို မကြာခဏရေလဲခြင်း၊ ပိုးလောက်လန်းများကို စစ်ယူသတ်ပစ်ခြင်း၊ ခြင်ထောင်ထောင်၍အိပ်ခြင်း၊ ခြင်ထောင်စိမ်ဆေးပြား များကို စိမ်၍ထောင်အိပ်ခြင်း၊ ခြင်မခိုအောင်းစေရန် ပတ်ဝန်းကျင်ကိုရှင်းလင်းထားခြင်း အလင်းရောင်ကောင်း သည့်အခြေအနေဖြစ်အောင် မိမိအိမ်ကိုစီမံခြင်းများဖြင့်ကာကွယ်နိုင်ကြောင်းသိရသည်။

မြို့နယ်ကျန်းမာရေးဌာနတွင် မာလာသီယွန် ဆေးဖြန်းစက်နှင့်ဆေးများအခမဲ့ရနိုင်ပြီးရောဂါဖြစ်သည့် ကလေး ၏နေအိမ်သို့ချက်ချင်းသွားရောက်ဆေးဖြန်းပေးခြင်း၊ အပတ်စဉ်ပညာပေးခြင်း၊ကုသရေးနှင့်ကာကွယ်ရေးကို ဒေသန္တရကျန်းမာရေးဝန်ထမ်းစုစုပေါင်း ၁၂၁ဦးဖြင့်ပေါင်မြို့နယ်တွင်လုပ်ဆောင်နေကြောင်းသိ ရသည်။

သတင်း – ဝရဇိန် (ပေါင်) (ပုံပါ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.