2015

အမျိုးသားတိုးတက်ရေးပါတီက သံဃာတော်များ မဲပေးပိုင်ခွင့် ရှိ၊ မရှိ လွှတ်တော်တွင် မေးခွန်းထုတ်မည်ဆို

“ဒီမိုကရေစီ အဖြစ်ပြောင်းလဲပြီးတော့ ဒီမိုကရေစီ ကျင့်စဉ်တွေ ကျင့်တဲ့နိုင်ငံမှာ ညီတူညီမျှဖြစ်ဖို့လိုတယ်။ တပည့်တော်တို့ရဲ့ ပါတီက ကိုယ်စားလှယ်တွေ လွှတ်တော်ကိုရောက်တဲ့ အခါမှာ အခြားသော ပါတီတွေက ကိုယ်စားလှယ်ကို မေးခွန်းပြန်ထုတ်ပါ့မယ်။ တပည့်တော်တို့နိုင်ငံမှာ အခြား ဘာသာဝင်တွေရဲ့ ဘာသာရေး ခေါင်းဆောင်တွေဟာ မဲပေးခွင့်ရှိသလား သူတို့ ရှိတယ်ဆိုလို့ရှိရင် ဘာဖြစ်လို့ တပည့်တော်တို့ရဲ့ ဘာသာရေး ခေါင်းဆောင်တွေဖြစ်တဲ့ သံဃာတော်တွေက မဲပေးခွင့် မရှိရမှာလဲ”…

NLD ပါတီ မြဝတီမြို့နယ်ရုံး ဖောက်ထွင်းခံရပြီး မဲဆန္ဒရှင် စာရင်းနှင့် ဖိုင်တွဲအချို့ ပျောက်ဆုံးနေ

“နယ်မြေအလိုက် မဲပေးနိုင်တဲ့ မဲဆန္ဒရှင် စာရင်း ပြုစုထားတဲ့ ဖိုင်တွေကော အချို့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ပါသွားပါတယ်။ ကျနော်တို့ဘက်က ရွေးကောက်ပွဲကို အလေးထား ဆောင်ရွက်နေတဲ့ အချိန်မှာ ဒီလိုတွေ ဖြစ်လာတာကတော့ မကောင်းဘူးဗျာ” ဟု ပြော

အံဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ခွင့်ပြုခြင်းသည် ဒေသခံတို့၏ ဆန္ဒကို ဥပက္ခော ပြုခြင်းဟု ပြော

“ကျွန်တော်တို့ အစီရင်ခံမှာ စီမံကိန်းကို အကောင်အထည်ဖော် သင့်တယ်လို့ ပြောထားတာ မရှိဘူး။ ပြီးတော့ သူတို့ ကုမ္ပဏီ ပထမဆုံး အံဒင်ကို လာတုန်းက လူစုပြီး ရှင်းလင်းပွဲ လုပ်တယ်။ အဲဒါကို ဓါတ်ပုံတွေ အသေအချာ ရိုက်သွားတယ်။ ဒါကို သူတို့ကို ထောက်ခံ ပါတယ်လို့ လုပ်လိုက်တာ။ အမှန်မှာတော့ ကျွန်တော်တို့ ရွာသားတွေဟာ သွားနားထောင်ရုံ သက်သက်ပဲ”…

သတင်းမှော်ရုံ (၁၁)

အိမ်မှာ မီးပျက်တာနဲ့ အိမ်ကို ဆွမ်းခံကြွနေတဲ့ ဦးဇင်းကို ကျောင်းမှာ မီးလာလားလို့ မေးမိတယ်၊ ဦးဇင်းက ပြုံးပြီး မီးတော့ မလာဘူး၊ သင်္ကန်းလှူပြီး သူတို့ပါတီ မဲထည့်အောင် ဒကာတွေကို ပြောပေးဖို့ ပါတီတစ်ခုက ကျောင်းကို လာသွားတယ်လို့ ဦးဇင်းက ပြောပါတယ်လို့ အမျိုးသမီးပါတီ (မွန်) ဒုဥက္ကဌ က ပြောတာကြားရ ပါတယ်။

ပြည်သူတွေကို ရွေးကောက်ပွဲပညာ ဘာကြောင့်ပေးဖို့ လိုလဲ

“ယနေထိ ဒို့ရွာမှာ ဘယ်သူတွေ ဘယ်ပါတီတွေ ဝင်ပြိုင်ကြမယ် ဆိုတာရယ် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီးလို့လည်း ဘယ်လိုမျိုးပေါ့ ရွေးကောက်ပွဲ လုပ်မှာကိုတော့ သိတယ်။ ကျနော့်လို တစ်နေ့၄-၅ ခေါက်လောက် မြို့တက်နေတဲ့ လူတောင် မသိနေတော့ မင်း - ရွာကိုသွားပြီးမေးကြည့်လိုက် လူတိုင်းလိုလို မသိဘူးလိုဘဲ ဖြေကြမယ်” ဟု မုဒုံမြို့နယ် ကော့ပရံကျေးရွာမှ အသက် (၄၅) နှစ်အရွယ်…

မြဝတီမြို့ရှိ ထာဝရ ကရင်နှစ်သစ်ကူး မင်္ဂလာကွင်း တည်ဆောက်မှု အခြေအနေ ဆွေးနွေး

“ကျနော်တို့ မြဝတီမြို့မှာ ကရင်နှစ်သစ်ကူးကွင်း မရှိဘူး။ ပွဲကျင်းပမယ်ဆိုရင် နေရာမရှိတော့ အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်ရတယ်။ ဟိုနေရာမှာ လုပ်လိုက်၊ ဒီနေရာမှာ လုပ်လိုက်နဲ့ အတည်တကျ မရှိဘူး ဖြစ်နေတယ်ပေါ့ ။ အခုလို သီးသန့်နှစ်သစ်ကူးကွင်း ရှိလာရင် နှစ်သစ်ကူးပွဲရယ်မှ မဟုတ်ဘူး။ အခြား ကရင် အမျိုးသားတွေနဲ့ သက်ဆိုင်တဲ့ အရေး ကိစ္စတွေ၊ ပွဲလမ်းသဘင်တွေကို ကျင်းပဆောင်ရွက်နိုင်မယ်…

မွန်ပြည်နယ်တွင် မူလတန်းပြ ကျောင်းအုပ်နှင့် ဆရာ ၉၀၀ ကျော် လစ်လပ်နေဟုဆို

“မူလတန်းကျောင်းအုပ်က နဲနဲ ဥပမာ ရေးတို့လိုမျိုး ကျိုက်မရောတို့လိုမျိုး ဟိုး အစွန်တွေမှာကျတော့ မူလတန်းကျောင်းအုပ်က မပြည်သေးဘူး အဲဒါက ၃၆ ဦး လစ်လပ်နေတယ်၊ မူလတန်းပြဘဲ လိုအပ်ချက်ရှိတယ်၊ လက်ရှိအနေအထားအရ မူလတန်းပြ ၉၀၃ ဦး လစ်လပ်နေတယ်” ဟု ဟု ဦးမျိုးတင်အောင်က ပြောသည်။