ကောက်ရိတ်သိမ်းချိန် အလုပ်သမားရှားပါး စက်ဖြင့်ဌားရမ်းလုပ်နေရ
ရင်ဆိုင်ခဲ့ရပြီး ယခု ကောက်ရိတ်သိမ်းချိန်တွင်လည်း လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟုလည်း ပြောသည်။ “ဒေသခံ လယ်လုပ်သားတွေ တစ်နှစ်ထက်တစ်နှစ် သိသိသာသာရှားလာတယ်၊ အများစုက တဘက်နိုင်ငံကို သွားကြတယ်၊ ရွာမှာရှိတဲ့သူတွေကလည်း လယ်မလုပ်ကြတော့ဘူး၊ လယ်ထက်ကို လက်သမား၊ ပန်းရံတွေလုပ်ကြတယ်၊ မိန်းကလေးဆို စတိုးဆိုင်တွေ၊ ဈေးဆိုင်တွေမှာ အလုပ်ဝင်လုပ်ကြတယ်၊ လယ်အလုပ်က ပင်ပန်းတယ်၊ ငွေရနည်းတယ်လေ”