November 10, 2015

မွန်တွင် NLD မှ အမတ်နေရာ ၄၀ အနိုင်ရ

မွန်ပြည်နယ်တွင် လွှတ်တော်သုံးရပ်အတွက် မဲဆန္ဒနယ် ၄၅ နေရာရှိသည့်အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ၄၀ နေရာ၊ မွန်အမျိုးသားပါတီက ၃ နေရာ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီက ၁ နေရာနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁ နေရာ အသီးသီး အနိုင်ရသည်ဟု သက်ဆိုင်ရာ ခရိုင်နှင့် ပြည်နယ် ရွေးကောက်ပွဲတို့မှ သိရသည်။

မုဒုံမြို့နယ်တွင် မဲဆန္ဒရှင် ၃၈ ဒသမ ၂၇ ရာခိုင်နှုန်းသာ လာရောက်မဲပေး

“ဆန္ဒမဲတော့ပေးချင်ပါရဲ့ ဒါပေမဲ့ပြည်သူများ လွယ်ကူလျင်မြန်စွာ မဲပေးနိုင်ဖို့ မဲရုံဝန်ထမ်း လုံလုံလောက်လောက်မရှိသာရယ်၊ မဲရုံဝန်ထမ်းတွေက လုပ်ငန်းမကျွမ်းကျင်သာတွေကြောင့် အချိန်ကြန့်ကြာတယ်၊ ပြည်သူတွေကနေပူထဲမှာ အချိန်အကြာကြီး ရပ်စောင့်နေရတယ်၊ ဒါတွေဟာဆန္ဒမဲပေးမှုကို အဟန့်အတားဖြစ်စေတယ်၊ နောက်ပြီး ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူကလည်း စိတ်ဝင်စားမှုနည်းပါးတယ်၊ အသိပညာပေးမှုတွေလည်း မရှိသလောက် နည်းတယ်လေ” ဟု မြို့မ (၁) ရပ်ကွက်မှ ကိုငယ်လေးက ပြောသည်။

မွန်ပါတီ အားလုံးပေါင်း အမတ်နေရာ ၄ နေရာသာနိုင်

နိုဝင်ဘာလ ၈ ရက်ကကျင်းပသည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်တွင် လွှတ်တော်သုံးရပ်အတွက် မဲဆန္ဒနယ် ၄၅ နေရာရှိသည့်အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ၄၀ နေရာ၊ မွန်အမျိုးသားပါတီက ၃ နေရာ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ၁ နေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁ နေရာ အသီးသီးအနိုင်ရသည်ဟု အထက်ပါ စာရင်းအရ…