မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာ၊ မဲရုံအမှတ်(၃)တည်ရှိရာ အထက(ခွဲ) ကော့ခပုံကျောင်းမဲရုံတွင် ရွှေ့ပြောင်းလုပ်သား (၅၀)ဦးခန့်ကို ကားဖြင့်ခေါ်လာပြီး မဲပေးရန် ပြင်ဆင်နေစဉ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ မဲရုံကိုယ်စားလှယ်မှ ကန့်ကွက်မေးမြန်းရာ မဲစာရင်းတွင် ပါဝင်ခြင်းမရှိပဲ ခေါ်၍ လိုက်လာကြောင်း၊ မဲလာပေးကြောင်း ပြန်လည်ဖြေဆိုခဲ့သည်ဟု သိရသည်။
လိုက်ပါလာသော ရွှေ့ပြောင်းလုပ်သားအချို့မှာ မဲပေးခွင့်ရသွားပြီး ကျန်သူများမှာ မဲမပေးဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါမဲရုံတွင် ပါတီများမှ မဲရုံကိုယ်ားလှယ်များနှင့် လွတ်လပ်သော စောင့်ကြည့်ရေး အဖွဲ့ဝင်များလည်းရှိနေကြောင်း သိရသည်။
နံနက် ၉း၄၅ နာရီ
သတင်းဓါတ်ပုံ – KKZ