ပေါင်မြို့နယ် ကျွဲခြံကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးခန်းအစိတ်အပိုင်းအချို့ ဖြိုချခဲ့သည့်အတွက် ၎င်းရုံးနှင့် တွဲဖက်ဖွင့်လှစ်ထားသည့် ရပ်/ကျေးကော်မရှင်ရုံးအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲကြုံတွေ့ခဲ့ရသည်ဟု ရပ်/ကျေးကော်မရှင် ဥက္ကဌက ပြောသည်။
ကားအဝင်အထွက် အပေါက်အတွက်ဆိုပြီး အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို အောက်တိုဘာ ၃၀ ရက်နေ့က လက်သမားများဖြင့် ၁၂ ပေကျယ်သည့်အခန်းကို ဖြိုချလိုက်ခြင်းဖြစ်သည်။
“ရုံးမှာ သူတို့က အဲ့ဒီလိုဖြိုဖျက်ထားလိုက်ကြတော့ ဘယ်လိုမှ ကျနော်တို့အလုပ် လုပ်လို့ မရတော့ဘူး၊ ပုံစံ ၈ ကိစ္စကလည်း ရက်ကပ်နေပြီး” ဟု ကျွဲခြံ ရပ်/ကျေးကော်မရှင် ဥက္ကဌ ဦးငွေရက ပြောသည်။
ရုံးနေရာ ဖြိုချထားသည့်အတွက် ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းများ အကာအကွယ်မဲ့စွာဖြင့် ထားရှိရသလို လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ၎င်း၏ နေအိမ်တွင် လုပ်ဆောင်နေရသည်ဟုလည်း ၎င်းက ပြောသည်။

20151004_admin_office
“အိမ်မှာတော့ကော်မရှင်လုပ်ငန်းတွေ လုပ်လို့မရဘူး။ အကာအကွယ်မဲ့ အဲ့ဒီပစ္စည်းတွေကို ထားလို့လည်း မရပါဘူး၊ ကျနော်တို့ ကိုယ်တိုင် ဆင်းပြီး အမြန်ဆုံးဆောင်ရွက်ပါ့မယ်” ဟု ပေါင်မြို့နယ်ကော်မရှင် ဥက္ကဌ ဦးမြင့်အောင်က ပြောသည်။
ယခုကဲ့သို့သော ကျေးရွာအုပ်ချုပ်ရေးမှူး၏ မဖြစ်ထိုက်သည့်လုပ်ဆောင်ချက်များကြောင့် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာမည်ကို ဒေသခံတွေက စိုးရိမ်နေကြပါသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.