ရဲနိုင်ဦး

ရေးမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းနှင့်တွေ့ဆုံခြင်း

တွေ့ဆုံမေးမြန်းသူ – ရဲနိုင်ဦး မေး – ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းအပြီးကဆောင်ရွက်မှုအခြေအနေနဲ့ပတ်သက်ပြီးတော့ သိပါရစေ။ ဖြေ – ဆောင်ရွက်ခဲ့တဲ့အခြေအနေကတော့ တစ်နှစ်တာဘတ်ဂျက်ပြီးတော့ ၁၇-၁၈ ဘတ်ဂျက်ပေါ့၊ နောက်ပြန်လာတော့ ၁၆-၁၇ ဘတ်ဂျက်နဲ့လုပ်ထားတဲ့ဟာတွေကို အိုဗာ ဆိုဒ်လုပ်တယ်၊ ဒီအပိုင်းကို အဓိကလုပ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ၁၆-၁၇ ဘတ်ဂျက်ကနေ ၁၇-၁၈ ဘတ်ဂျက်ရောသွားစိုးလို့၊ အဲဒီတော့ ဘယ်ဟာတွေက ဘယ်လိုအခြေအနေလုပ်ထားလဲဆိုတာ ဒါတွေပဲအများအားဖြင့် လုပ်ဖြစ်ပါတယ်၊…

ယခုနှစ်ဆန်းပိုင်းရေးမြို့နယ်ထွက်သံပုရာသီးဈေးကောင်းရနေ

ရေး ၊ ဇန်နဝါရီ ၂၄ ရေးမြို့နယ်အတွင်းထွက်ရှိသောသံပုရာသီးများ ယခုနှစ်ဆန်းပိုင်းမှစတင်ကာအထွက်ကောင်း ပြီး ဈေးကောင်းရနေကြောင်းသံပုရာစိုက်တောင်သူများ၏ ပြောကြားချက်အရသိရသည်။ “ တစ်လုံးကို ၆၀ ကျပ်အထိခုဈေးရနေတယ်၊ ဒါကဒိုင်သွင်းဈေးပါ၊ သံပုရာအထွက်ကလည်း ကောင်းနေတယ်၊ ယမန်နှစ်ကဒီအချိန် အများဆုံးတစ်လုံး ၃၀ ကျပ်လောက်အထိပဲဈေးရတယ် ” ဟုသံပုရာစိုက်တောင်သူ ဦးအောင်သန်းကသံလွင်တိုင်းမ်ကိုပြောသည်။ ပြုပြင်ထိန်းသိမ်းမှုအပေါ်မူတည်ပြီးတစ်နှစ်အတွင်းသံပုရာတစ်ပင်လျှင် အလုံးရေ ၂၅၀၀ မှ ၅၀၀၀ မှထွက်ရှိကာအများစုအနေဖြင့် ကိုင်းထုတ်၊…

မွန်ပြည်နယ်မှ စက်ဘီးသမား ၂ ဦးနှင့် Green Bike အဖွဲ့တို့ ပူတာအို-မြစ်ကြီးနား-ရန်ကုန် စက်ဘီးနင်းမည်

ရေး ၊ နိုဝင်ဘာ ၁၈ စက်ဘီးများစီးနင်းကာ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားမှုများဆောင်ရွက်လျက်ရှိသည့် Green Bike အဖွဲ့အပါအဝင် ရေးမြို့မှ ကိုဘုန်းမြတ်ဟန်နှင့် သံဖြူဇရပ်မြို့မှ ဒေါက်တာနေလင်းထက်တို့သည် လာမည့် ဒီဇင်ဘာလမှစတင်ကာ လောင်စာဆီသုံးစွဲမှုလျှော့ချရေးနှင့်

ရေးမြို့နယ်အတွင်း လူကုန်ကူးဆိုင်ရာကိစ္စများအား မျက်ခြေမပြတ်စောင့်ကြည့်သွားမည်

ရေး ၊ နိုဝင်ဘာ ၁၆ ရေးမြို့နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်များအား မျက်ခြေမပြတ်စောင့် ကြည့်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက သံလွင်တိုင်းမ်သို့ ပြောသည်။

အံဒင်ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းမှေးမှိန်နေသော်လည်း သတိဝီရိယနှင့် စောင့်ကြည့်နေ

ရေး ၊ အောက်တိုဘာ ရေးမြို့နယ်၊ အံဒင်ကျေးရွာတွင် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက် လုပ်ရန် ပြီးခဲ့သည့်အစိုးရနှင့် MOA လက်မှတ်ရေးထိုးထားသည့် TTCL PubblicCo,Ltd တိုယိုထိုင်းကုမ္ပဏီအနေ ဖြင့် ယင်းစီမံကိန်းပြုလုပ်ရန် အကြောင်းအမျိုးမျိုးကြောင့် မှေးမှိန်နေသော်လည်း သတိဝိရိယနဲ့ စောင့်ကြည့်နေ ကြောင်း မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက ရေးမြို့၊ ရွှေဆံတော်ဓမ္မာရုံတွင်ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင်…

လမိုင်းမြို့ကျန်းမာရေးလိုအပ်ချက်များအပါအဝင် အချက် ၈ ချက်အား ကိုယ်စားလှယ်များထံတင်ပြ

ရေး ၊ နိုဝင်ဘာ ၉ ရေးမြို့နယ်၊ လမိုင်းမြို့၏ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များအပါအဝင် ဒေသအတွင်းလိုအပ်နေသည့်ကိစ္စရပ်များအား သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် လွှတ် တော်ကိုယ်စားလှယ်များ ကူညီဆောင်ရွက်ပေးရေး တင်ပြထားသည်ဟုဒေသခံများက ပြောသည်။

စုန်းမကျွန်းရှိ လယ်ဧက ၅၀၀ ကျော်တွင် စပါးစိုက်ပျိုးရန် တာတမံကျိုးပျက်နေသဖြင့် လယ်သမားများအခက်ကြုံနေ

ရေး ၊ နိုဝင်ဘာ ၈ ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စုပိုင် စုန်းမကျွန်းပေါ်ရှိ တာတမံမှာ ကျိုးပျက်နေသဖြင့် လယ်ဧက ၅၀၀ ကျော်ခန့်မှာ ရေငံများဝင်ရောက်ကာ စပါးများစိုက်ပျိုးမရ၍ လယ်ယာမြေပိုင်ဆိုင်ထားသူများ အခက်အခဲကြုံတွေ့နေရကြောင်း လယ်သမားများ၏ ပြောကြားချက်အရ သိရသည်။

ပြည်ဝင်ခွင့်ဗီဇာမပါရှိပဲ ရေးမြို့သို့ရောက်လာသည့် ထိုင်းနိုင်ငံသားတစ်ဦးအား အမှုဖွင့်ထား

ရေး ၊ နိုဝင်ဘာ ၈ ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ရေး-အစင်သွားကားလမ်းအနီးတွင် ယခုလ ၇ ရက်နေ့ ညပိုင်းက မသင်္ကာဖွယ်တွေ့ရှိသူ ၂ ဦးအားစစ်ဆေးရာမှ ပြည်ဝင်ခွင့်ဗီဇာမပါရှိပဲ လာရောက်သူ ထိုင်းနိုင်ငံသားတစ်ဦးအား စစ်ဆေးပေါ်ပေါက်ခဲ့၍ ရေးမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိကြောင်း ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ရေးမြို့နယ်အတွင်း ယခုနှစ်အကုန်ပိုင်းနှင့် လာမည့်နှစ်ဆန်းပိုင်းတွင် မိုးသတိပြုရန်လိုအပ်နေပြီး စိုက်ပျိုးရေးဌာနမှလည်း အသိပညာပေးဆောင်ရွက်နေ

ရေး ၊ နိုဝင်ဘာ ၉ ရေးမြို့၊ မိုးလေဝသစခန်းရုံး၏မှတ်တမ်းများအရ ယခုနှစ်ကုန်ပိုင်းနှင့် ၂၀၁၇ နှစ်ဦးပိုင်း ဇန်နဝါရီလမှစတင်ကာ မိုးရွာသွန်းမည့်အနေအထားရှိနေပြီး စိုက်ပျိုး ရေးသမားများအနေဖြင့် သတိထားစောင့်ကြည့်ရမည်ဖြစ်ကြောင်း ရေးမြို့နယ်မိုးလေဝသစခန်းမှူး ဦးဆန်းငွေက သံလွင်တိုင်းမ်သို့ ပြောသည်။

YSS ကစီစဉ်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲသို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၂ ဦးသာတက်ရောက်

ရေး ၊ နိုဝင်ဘာ ၇ ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ (Ye Social Society-YSS)က နိုဝင်ဘာလ ၆ ရက်နေ့ နေ့လယ်ပိုင်းတွင်ပြုလုပ်စီစဉ်ကျင်းပသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲတွင် မြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဖိတ်ကြားခဲ့သော်လည်း ၂ ဦးသာ တက်ရောက်ခဲ့ သည်ဟု ကျင်းပရေးတာဝန်ရှိသူများက ပြောကြားသည်။