မင်းဥဒါန်း

မုဒုံမြို့နယ်တွင် နွေရာသီသောက်သုံးရေရှားပါးမှုအား ကော်မတီဖွဲ့ကာနည်းပေါင်းစုံဖြင့်ကူညီမည်

မုဒုံ၊ ဧပြီ ၅ မုဒုံမြို့နယ်သည် နှစ်စဉ်ရေရှားပါးမှုပြဿနာကိုကြုံတွေ့ရသည့်မြို့နယ်တစ်ခုဖြစ်ပြီးယခုနှစ်နွေရာသီသောက်သုံးရေရှားပါးမှုအားကော်မတီဖွဲ့စည်းကာနည်းလမ်းပေါင်းစုံဖြင့်ကူညီသွားမည်ဖြစ်ကြောင်းမြို့နယ်နွေရာသီသောက်သုံးရေရရှိရေးကော်မတီထံမှသိရှိရသည်။

မုဒုံ ကန်ကြီးစေတီတော် လုံးတော်ပြည့်ရွှေကြာသင်္ကန်းကပ်လှူမည်

မုဒုံ၊ ဇန်နဝါရီ ၂၂ မုဒုံမြို့ရှိ ဓာတုသမိုင်းဝင်ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီးအား ဒုတိယအကြိမ်မြောက်လုံးတော်ပြည့်ရွှေကြာသင်္ကန်းအသစ်တစ်ဖန်ကပ်လှူပူဇော်ရန်စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရှိရသည်။

မုဒုံ၊မြို့မ(၂)ရပ်ကွက်တွင်၊Bပိုးကာကွယ်ဆေးလာရောက်ထိုးနှံသူများပြား

မုဒုံ နိုဝင်ဘာ ၁၅ မုဒုံမြို့နယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(National League forDemocracy)မှဦးဆောင်၍၊မုဒုံမြို့ပေါ်ရှိရပ်ကွက်အသီးသီး၌Bပိုးကာကွယ်ဆေးအားအခမဲ့ထိုးနှံပေးလျှက်ရှိရာမြို့မ(၂)ရပ်ကွက်အတွင်းနေထိုင်သူများမှအခြားရပ်ကွက်နေသူများထက်လာရောက်ထိုးနှံခြင်းများပြားကြောင်းယင်းအဖွဲ့ထံမှသိရှိရသည်။

လျှပ်စစ်မီး ရရှိရေး လျှပ်စစ်ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မုဒုံ ကော့ပရံကျေးရွာ ဒေသခံများ တွေ့ဆုံ

မုဒုံ၊ နိုဝင်ဘာ ၁၆ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာ လျှပ်စစ်မီး အသုံးပြုခွင့် ရရှိရေးအတွက် မွန်ပြည်နယ် လျှပ်စစ် စွမ်းအင်နှင့် စက်မှုဝန်ကြီး၊ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ခံများနှင့် ဒေသခံများ တွေ့ဆုံပွဲကို နိုဝင်ဘာ (၁၂) ရက်၊ မွန်းလွဲပိုင်းတွင် ရွာလယ်ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မုဒုံတွင်သဘောၤသီးစိမ်းများရောင်းဝယ်ဖြစ်နေ

မုဒုံ နိုဝင်ဘာ ၁၄ မုဒုံတွင်သဘောၤသီးစိမ်း(အစိမ်း)များအရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးရှိ အရုဏ်ဦးကုန်စိမ်း သည်များထံမှသိရသည်။

လမြတ်တန်ဆောင်မုန်း

မင်းဥဒါန်း Xxx မြိုင်မြိုင်၊ဆိုင်ဆိုင်လ တန်ဆောင်တိုင် xxx ထိုသီချင်းသံနှင့်အတူရပ်ကွက်အတွင်း လူငယ်များလမ်း တစ်လျှောက်မီးထွန်းညှိရန်၊ လမ်းဆုံတွင်မဲဇလီပြုတ်ကျွေးရန်အတွက် အလှူငွေကောက်ခံလှည့်လည်သည့် မြင်ကွင်းက မကြာမှီ၊တန်ဆောင်မုန်းလပြည့်တော့မည်ဆိုတာကို

အကြိမ် (၉ဝ) ပြည့် မုဒုံ မသိုးသင်္ကန်း ယက်ခတ်ယှဉ်ပြိုင်ပွဲ အထူးစည်းကားစွာ ကျင်းပမည်

မုဒုံ၊ နိုဝင်ဘာ ၉ တန်ဆောင်မုန်းလရောက်တိုင်း အစဉ်လာမပျက် ကျင်းပလာခဲ့သည့် မုဒုံမြို့ မသိုးသင်္ကန်း ယက်ခတ်ယှဉ်ပြိုင်ခြင်းကို ယခုနှစ်တွင် အထူးစည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပရန် စီစဉ်လျက်ရှိကြောင်း ပြိုင်ပွဲကြီးကြပ်ရေးကော်မတီထံမှ သိရှိရသည်။

လာမည့်နွေရာသီတွင် ရေရှားပါးသည့်ကျေးရွာများသို့ ရေလှူဒါန်းရန် လူငယ်များငွေစု

မုဒုံ၊ နိုဝင်ဘာ ၉ လာမည့်နွေရာသီတွင် ရေရှားပါးပြီး၊ သောက်ရေ အခက်အခဲ ဖြစ်နိင်မည့် ကျေးရွာများသို့ သောက်ရေလှူဒါန်းနိုင်ရန်အတွက် မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်မှ အခြေခံအလုပ်သမားများက ငွေများ စတင်စုဆောင်းနေကြောင်း အဆိုပါလူငယ်အလုပ်သမားများထံမှ သိရှိရသည်။

မုဒုံတန်ဆောင်တိုင် မြို့နယ်ပေါင်းစုံအလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည်

မုဒုံ၊ နိုဝင်ဘာ ၈ မုဒုံတန်ဆောင်တိုင်တွင် မြို့နယ်ပေါင်းစုံအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲအား တတိယအကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ရန် စီစဉ်နေကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှသိရသည်။

မုဒုံကန်ကြီးရေကန်၌ ရေဆင်းကူးရာမှလူတစ်ဦးရေနစ်သေဆုံး

မုဒုံ နိုဝင်ဘာ ၉ မုဒုံမြို့၊ ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီး ပုရဝုဏ်အတွင်းရှိ ကန်ကြီးရေကန်၌ နိုဝင်ဘာ(၆)ရက်နေ့က လူတစ်ဦးရေဆင်းကူးရာမှရေနစ်သေဆုံးကြောင်းသတင်းရရှိသည်။