မုပ္ပလင်ဂိတ်တိုက်ခိုက်ခံရမှု စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးတာမရှိဘူးလို့ လိမ်လည်ဝါဒဖြန့်
အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “မွန်ပြည်နယ်က မုပ္ပလင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပေမယ့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာ မရှိဘူး”ဆိုပြီး စစ်ကောင်စီတပ်လော်ဘီတွေ ဝါဒဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီတပ် လော်ဘီတွေရဲ့…