ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ ဆက်သွယ်မေးမြန်းချက်
“ကျွန်တော်တို့ဘက်က ပြုစုထားတဲ့ ဖက်ဒရယ်လမ်းညွှန် အခြေခံမူတွေလည်းပါတယ်။ အရပ်သားများကို အကာအကွယ်ပေးရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်တွေလည်း ဒါကျွန်တော် တို့ဘက်က တင်ပြတဲ့ ခေါင်းစဉ်တွေဖြစ်တယ်” အရင်ဆုံး စစ်ကောင်စီ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံမှုမှာ အပစ်ရပ် ၇ ဖွဲ့အနေနဲ့ ဘာတွေ တင်ပြဖြစ်ပါသလဲ။ ပထမအကြိမ်အလွတ်သဘောဆွေးနွေးပွဲကတော့ အဆင်ပြေပြေနဲ့ ညှိနှိုင်းလုပ်နိုင်တဲ့ အခင်းအကျင်းတစ်ခုကို ကျွန်တော်တို့ ပြန်လည်ပြီးတော့ စတင်ဖော်ဆောင်နိုင်တာ ဖြစ်တယ်။သူ့ဘက်က…