နိုင်ငံတကာ

မြောက်ကိုရီးယား အသေခံ စစ်သားတွေကြောင့် ယူကရိန်း စိန်ခေါ်မှု အသစ်နဲ့ ရင်ဆိုင်နေရ

ဆိုးလ်၊ ဇန်နဝါရီ ၁၅ ရုရှားနိုင်ငံ အနောက်ပိုင်း ကာ့စ်ဒေသမှာ အခုသီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း မြောက်ကိုရီးယားစစ်သား တချို့ဟာ ဒဏ်ရာရထားပေမယ့် လက်နက် မချဘဲ အသေခံတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ယူကရိန်း စစ်တပ်အနေနဲ့ စိန်ခေါ်မှုအသစ်နဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီ တိုက်ပွဲအတွင်း ရုရှားဖက်က ကူတိုက်ပေးနေတဲ့ မြောက်ကိုရီးယား စစ်သား အလောင်း တစ်ဒါဇင်ကျော်ကို တွေ့ရှိခဲ့ပြီး ယူကရိန်း…

ကျူးဘားနိုင်ငံကို အကြမ်းဖက်မှုအားပေးတဲ့ နိုင်ငံစာရင်းကနေ အမေရိကန် ဖယ်ရှားပေး

ဝါရှင်တန် ဇန်နဝါရီ ၁၅ အကျဉ်းသားများ လွတ်မြောက်ရေး သဘောတူညီမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ကျူးဘားနိုင်ငံကို အကြမ်းဖက်မှု အားပေးကူညီတဲ့ နိုင်ငံစာရင်းကနေ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က ဖယ်ရှားပေးမှာဖြစ်ကြောင်း အိမ်ဖြူတော်က ဇန်နဝါရီ ၁၄ ရက်မှာ ပြောကြားလိုက်ပါတယ်။ အဲဒီလို ပြောဆိုမှု ထွက်ပေါ်လာပြီးနောက် အချိန်တိုအတွင်းမှာပဲ ကျူးဘားက ရာဇဝတ်မှု အမျိုးမျိုးအတွက် ဖမ်းဆီးထားတဲ့ အကျဉ်းသား ၅၅၃…

ထိုင်းမှာ သက်ကြီးရွယ်အိုတွေကို ဘတ် တစ်သောင်း ပေးဝေရေး အစီအစဉ် ဒုတိယအသုတ် စမယ်

ဘန်ကောက်၊ ဇန်နဝါရီ ၁၅ သက်ကြီးရွယ်အိုတွေအတွက် ဘတ် တစ်သောင်း ပေးဝေရေး အစီအစဉ် ဒုတိယအသုတ်ကို မူလ စီစဉ်ထားတာထက် နှစ်ရက်စောပြီး ဇန်နဝါရီ ၂၇ ရက်မှာ စတင်သွားမှာ ဖြစ်ကြောင်း ထိုင်း ဘဏ္ဍာရေးဝန်ကြီး ပီချိုင် ချွန်ဟာဗာဂျီရာက ကြေညာပါတယ်။ အခု ဒုတိယအသုတ်မှာတော့ အသက် ၆၀ နှစ်နဲ့အထက် သက်ကြီးရွယ်အို ၃ ဒသမ…

စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ အမှု စတင်စစ်ဆေး

ဆိုးလ်၊ ဇန်နဝါရီ ၁၄ မအောင်မြင်ဖြစ်ခဲ့ရတဲ့ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာရေး ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ကို တာဝန်ကနေ ရပ်ဆိုင်း၊ မဆိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆုံးဖြတ်ဖို့ စီစဉ်နေချိန် သူ့အပေါ် စွပ်စွဲ ပြစ်တင်ထားတဲ့ အမှုကို ဇန်နဝါရီ ၁၄ ရက်မှာ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ကြားနာ စစ်ဆေးမှု ၅ ခုထဲက…

ကြွယ်ဝချမ်းသာမှု ဖုံးကွယ်မှု စွပ်စွဲချက် ထိုင်းဝန်ကြီးချုပ် ပယ်ချ

ဘန်ကောက်၊ ဇန်နဝါရီ ၁၄ ပိုင်ဆိုင်မှုနဲ့ ပေးဖို့ရှိတဲ့ အကြွေးပမာဏ ကြေညာရာမှာ ပုဂ္ဂိုလ်ရေး ချမ်းသာကြွယ်ဝမှုတွေကို ဖုံးကွယ်ထားဖို့ အကြွေး ဘတ် ၄ ဘီလီယံကို ထည့်သွင်း ဖော်ပြထားတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာဟာက ပယ်ချလိုက်ပါတယ်။ မိသားစု ချေးငွေအဖြစ် ကြေညာထားတယ်ဆိုတဲ့ အဲဒီကြွေးမြီနဲ့ ပတ်သက်တဲ့ မေးမြန်းမှုတွေကို တုံ့ပြန်ရာမှာ ဝန်ကြီးချုပ်က အခုလိုမျိုးငြင်းဆိုခဲ့တာ…

အိန္ဒိယမှာ လူသန်းပေါင်းများစွာ မြစ်ရေချိုးကြတဲ့ အကြီးမားဆုံး ဟိန္ဒူဘုရားပွဲ စတင်ကျင်းပ

နယူးဒေလီ၊ ဇန်နဝါရီ ၁၃ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပရာယာဂရေးမြို့မှာ ဇန်နဝါရီ ၁၃ ရက်က လူသားမျိုးနွယ်တို့ရဲ့ အကြီးမားဆုံး စုဝေးမှုအဖြစ် ဖော်ညွှန်းခံထားရတဲ့ ခမ်မီလာ ဟိန္ဒူဘုရားပွဲ စတင်ချိန်မှာ လူသန်းနဲ့ချီပြီး တက်ရောက်ခဲ့ကြပါတယ်။ ၁၂ နှစ်ကို တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ အဲဒီဘုရားပွဲဟာ နောက်ထပ်သီတင်း ခြောက်ပတ် ကြာမြင့်မှာဖြစ်ကာ အိန္ဒိယရဲ့ နာမည်ကျော်မြစ်တွေဖြစ်တဲ့ ဂင်္ဂါမြစ်နဲ့ ယမုံနာမြစ်၊…

ICC တရားရုံးကို ပိတ်ဆို့အရေးယူဖို့ အမေရိကန် လွှတ်တော် မဲခွဲဆုံးဖြတ်

ဝါရှင်တန်၊ ဇန်နဝါရီ ၁၃ ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းတို့ကို ဖမ်းဝရမ်းထုတ်မှုအပေါ် ကန့်ကွက်တဲ့အနေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC ကို ပိတ်ဆို့အရေးယူဖို့ အမေရိကန်လွှတ်တော်က မဲခွဲဆုံး ဖြတ်လိုက်ပါတယ်။ တရားရုံးအဖွဲ့ဝင် မဟုတ်တဲ့ အစ္စရေးအပါအဝင် အမေရိကန်နိုင်ငံသားတွေနဲ့ မဟာမိတ် နိုင်ငံသားတွေကို စုံစမ်း စစ်ဆေးမှု၊ ဖမ်းဆီးထိန်းသိမ်းမှုနဲ့…

နှုတ်ပိတ်ခ ပေးတဲ့အမှုအတွက် ထရန့်ကို ခြွင်းချက်မရှိ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေး

နယူးယောက်၊ ဇန်နဝါရီ ၁၁ အပြာရုပ်ရှင် အမျိုးသမီးသရုပ်ဆောင် တစ်ဦးကို နှုတ်ပိတ်ခငွေ ပေးခဲ့တဲ့ အမှုအတွက် အမေရိကန် သမ္မတရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ် ထရန့်အနေနဲ့ ထောင်ဒဏ် ဒါမှမဟုတ် တခြား ပြစ်ဒဏ်ပေးမှု တစ်စုံတစ်ရာ ချမှတ်ခံရမှာ မဟုတ်ဘူးလို့ တရားသူကြီး တစ်ဦးက ဇန်နဝါရီ ၁၀ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ တရားသူကြီး ဟွန် မားချန့်က…

ရုရှား ရေနံလုပ်ငန်းကို အမေရိကန်နဲ့ ဗြိတိန် ပြင်းထန်တဲ့ အရေးယူမှု ချမှတ်

ဝါရှင်တန်၊ ဇန်နဝါရီ ၁၁ ယူကရိန်းကို တိုက်ခိုက်နေတဲ့ စစ်ပွဲအား လောင်စာ ထည့်ပေးသလို ဖြစ်နေတဲ့ မော်စကိုရဲ့ စွမ်းအင်ဝင်ငွေကို ပစ်မှတ်ထားတဲ့ လုပ်ရပ်အဖြစ် အမေရိကန်အစိုးရက ရုရှားအပေါ် အပြင်းထန်ဆုံး အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ပါတယ်။ အဲဒီ အရေးယူမှုတွေထဲမှာ ကုန်သည်တွေနဲ့ အရာရှိတွေကနေ အာမခံ လုပ်ငန်းတွေအထိ အပါအဝင် လူပုဂ္ဂိုလ်တွေနဲ့ လုပ်ငန်းပေါင်း ၂၀၀ ကျော်အပြင်…

ပူတင်နဲ့တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၁၀ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ မိမိတို့ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း အမေရိကန် သမ္မတရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့်က ဇန်နဝါရီ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ရီပက်ဘလေကန် ရွေးကောက်ခံသမ္မတက ခေါင်းဆောင်နှစ်ဦး ဘယ်အချိန် တွေ့ဆုံမလဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပါဘူး။ လာမယ့် ဇန်နဝါရီ ၂၀ ရက်မှာ အိမ်ဖြူတော်သို့…