YSS ကစီစဉ်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲသို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၂ ဦးသာတက်ရောက်
ရေး ၊ နိုဝင်ဘာ ၇ ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ (Ye Social Society-YSS)က နိုဝင်ဘာလ ၆ ရက်နေ့ နေ့လယ်ပိုင်းတွင်ပြုလုပ်စီစဉ်ကျင်းပသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲတွင် မြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဖိတ်ကြားခဲ့သော်လည်း ၂ ဦးသာ တက်ရောက်ခဲ့ သည်ဟု ကျင်းပရေးတာဝန်ရှိသူများက ပြောကြားသည်။
