သတင်း

ထိုင်းကို တရားမဝင်လမ်းကြောင်းကနေ မဝင်ရောက်ဖို့ ရွှေ့ပြောင်းလုပ်သားအရေး ကူညီနေသူတွေ တိုက်တွန်း

မော်လမြိုင် ၊ အောက်တိုဘာ (၂၇) ထိုင်းနိုင်ငံက စည်းကမ်းတွေ တင်းကြပ်ထားတဲ့အတွက်ကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်တာတွေ မလုပ်ကြဖို့ အလုပ်သမားအရေး ကူညီနေသူတွေက တိုက်တွန်းလိုက်ပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံဘက်ကို ပွဲစားတွေကတဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာတဲ့ အတွက်ကြောင့် နေ့စဉ်နဲ့အမျှ ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်ကတော့ နယ်စပ်လုံခြုံရေးကို တင်းကြပ်ထားပြီး နယ်စပ်ကျော်ဖြတ်…

ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်လို့ အရှုံးပေါ်မှာကို ဆားတောင်သူတွေ စိုးရိမ်နေ

မော်လမြိုင် ၊ အောက်တိုဘာ (၂၇) ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်နေတဲ့အတွက်ကြောင့် လာမယ့် ဆားထွက်ရာသီမှာ အရှုံးနဲ့ရင်ဆိုင်ရမှာကို ဆားတောင်သူတွေ စိုးရိမ်နေကြပါတယ်။ မွန်ပြည်နယ်မှာတော့ နေလှန်းဆားကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ အဓိက ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက် ဒီနှစ်ဆားရာသီမှာတော့ စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်ကြီးမြင့်လာလို့ ဆားတောင်သူ အများစု…

စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ထားဝယ်က လူငယ်နှစ်ဦး တစ်ရက်အကြာမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံး

ထားဝယ်၊ အောက်တိုဘာ ၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ရေဝိုင်းတောလမ်းတစ်နေရာမှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပြီးနောက် တစ်ရက်အကြာမှာ လူငယ် ၂ ဦး သေဆုံးသွားတယ်လို့သိရပါတယ်။ သေဆုံးသွားသူ ၂ ဦးမှာ ထားဝယ်မြို့၊ ဥတ္တရံ ရပ်ကွက်နေ ကိုထက်ဝေနိုင် ၂၂ နှစ်နဲ့ကိုသန်းစိုးဦး ၂၃ နှစ် တို့ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လူငယ် ၂…

ဝင်းရေးက စစ်ကောင်စီတပ်တွေ မဆုတ်သေးလို့ တိုက်ပွဲထပ်ဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေ

မော်လမြိုင်၊ အောက်တိုဘာ ၂၆ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းမပေါ်မှာရှိတဲ့ လွတ်ရှမ်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေက နေရာယူထားဆဲဖြစ်တဲ့အတွက် တိုက်ပွဲတွေပြန်လည်ဖြစ်ပွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လွတ်ရှမ်းရွာရဲ့ ကေအဲန်ယူစစ်ဆေးရေးဂိတ်မှာ နေရာယူတပ်စွဲထားပြီး ဒီကနေ့ မနက်ပိုင်းက အဲ့ဒီရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တချို့ သံဖြူဇရပ်ဘက်ကို ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မနက်က တဖွဲ့တွေ့လိုက်တယ် ပြန်တာ။ မကုန်သေးဘူး။…

မွန်နှင့်တနင်္သာရီဒေသမှာ ပျူစောထီးအဖွဲ့တွေက အကြမ်းဖက်မှုတွေ ဆက်တိုက်ကျူးလွန်လာ

မော်လမြိုင် ၊ အောက်တိုဘာ (၂၅) မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး အဖွဲ့တွေက အခုရက်ပိုင်းအတွင်း အကြမ်းဖက်လုပ်ရပ်တွေ ဆက်တိုက် လုပ်ဆောင်လာနေပါတယ်။ ပျူစောထီးအဖွဲ့တွေဟာ ဒီရက်ပိုင်းအတွင်း မွန်ပြည်နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မြို့နယ်ရုံး ၃ ရုံးနဲ့ ထားဝယ်ခရိုင်က NLD ပါတီရုံးကို မိုင်းခွဲ…

သံလွင်ဥယျာဉ်မှာ တိတ်တဆိတ် လုပ်သွားတဲ့ မော်လမြိုင်က တပ်မတော် ထောက်ခံပွဲ

မော်လမြိုင်၊ အောက်တိုဘာ ၂၅ မွန်ပြည်နယ်၊မော်လမြိုင်မြို့ သံလွင်ဥယျာဉ်ပန်းခြံမှာ ဒီကနေ့ အောက်တိုဘာ ၂၅ ရက်နေ့ မနက်ပိုင်းက အိမ်စောင့်အစိုးရနဲ့ တပ်မတော်ကို ထောက်ခံကြောင်း ထောက်ခံပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီစစ်တပ်ထောက်ခံပွဲအတွက် ရဲနဲ့ စစ်သား အင်အား ၁၀၀ ကျော် လုံခြုံရေးယူပေးခဲ့ပြီး၊ စစ်တပ် မိသားစုဝင်တွေနဲ့ တပ်မတော်ထောက်ခံသူ ၂၀၀ လောက် တက်ရောက်ခဲ့ပါတယ်။ စစ်တပ် ထောက်ခံသူတွေဟာ…

တိုက်ပွဲအခြေနေတွေကြောင့် တောင်သူတွေ စပါးရိတ်သိမ်းဖို့ ခက်ခဲနေ

သထုံ၊ အောက်တိုဘာ ၂၄ သထုံခရိုင်၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်အတွင်း KNLA တပ်မဟာ(၁)နဲ့စစ်ကောင်စီတပ်တွေနဲ့ နီးစပ်တဲ့ နေရာတွေမှာ စပါးစိုက်ပျိုးထားတဲ့ ဒေသခံတောင်သူတွေအနေနဲ့ ယခုနှစ် မိုးစပါးရိတ်သိမ်းဖို့ အခက်ခဲတွေရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ လက်ရှိမှာ စပါးရိတ်သိမ်းချိန် နီးကပ်လာပေမယ့် KNLA တပ်မဟာ(၁)နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိပ်တိုက် တိုက်ပွဲတွေဖြစ်နေတာကြောင့် စပါးရိတ်သိမ်းချိန်မှာ တောင်သူတွေရဲ့ အသက်အန္တရာယ်ထိခိုက်မှာကို စိုးရိမ်နေရတယ်လို့…

မြို့နယ် NLD ပါတီရုံး ၃ ရုံး ဗုံးဖောက်ခွဲခံရ

သထုံ၊ အောက်တိုဘာ ၂၄ မွန်ပြည်နယ်ရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့တွေမှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ မြို့နယ်ရုံး ၃ ရုံး အောက်တိုဘာလ ၂၃ ရက်နေ့ညက ဗုံးခွဲခံရတယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ည (၁၁) နာရီခွဲဝန်းကျင်ကစပြီး သုံးမြို့စလုံး၌ တပြိုင်နက်ထဲဖြစ်ပွါးခဲ့ခြင်းလည်းဖြစ်သည်။ “ညက ဗုံးပေါက်ကတာက အသံက အကျယ်ကြီးဘဲ ။ မြို့နယ် NLD…

ဒေါ်လာနှင့်ဘတ်ဈေး ပြန်ကျပေမယ့် စားသုံးဆီဈေးကတော့ ထက်ဝက်ကျော် မြင့်တက်နေ

မော်လမြိုင် ၊ အောက်တိုဘာ (၂၃) ဒေါ်လာဈေးနဲ့ ဘတ်ဈေးနှုန်း ပြန်လည် ကျဆင်းလာပေမယ့် ထက်ဝက်ကျော် မြင့်တက်နေတဲ့ စားသုံးဆီဈေးနှုန်းတွေ မကျသေးဘူးလို့ စားသုံးဆီရောင်းဝယ်သူတွေက ပြောပါတယ်။ စားသုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် သယ်ယူပို့ဆောင်ရေးစရိတ် ပိုမိုကုန်ကျလာတာ၊ မြန်မာ ငွေကြေးတန်ဖိုး ကျဆင်းလာမှုနဲ့အတူ ပြည်ပကနေ တင်သွင်းနေရတဲ့ စားသုံးဆီဈေးနှုန်းမှာလည်း ထက်ဝက်ကျော် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ မွန်ပြည်နယ်ရဲ့ စားသုံးဆီဈေးကွက်မှာတော့…