သတင်း

တက္ကသိုလ်တွေ ပြန်ဖွင့်ဖို့ စီစဥ်တာဟာ ပညာရေးကို ဓားစာခံလုပ်နေတာလို့ ဆရာတွေ ဝေဖန်

မော်လမြိုင် ၊ နိုဝင်ဘာ (၆) အာဏာသိမ်း စစ်ကောင်စီဟာ လာမယ့် ဒီဇင်ဘာလမှာ တက္ကသိုလ်တွေနဲ့ ကောလိပ်တွေကို ပြန်လည် ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။ တက္ကသိုလ်တွေနဲ့ ကောလိပ်တွေကို ပြန်လည် ဖွင့်နိုင်ဖို့အတွက် တက်ရောက်ဖို့ စာရင်ပေးထား တဲ့သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့လည်း စစ်ကောင်စီက စီစဉ်နေပါတယ်။ စစ်ကောင်စီက တက္ကသိုလ်နဲ့ကောလိပ်တွေကို ပြန်ဖွင့်ဖို့စီစဉ်တာဟာ ပညာရေးကို ဓါးစားခံ လုပ်နေတာဖြစ်ပြီး တက်ရောက်သူတွေအတွက်လည်း…

စစ်ကောင်စီက ပြည်သူလူထုရဲ့ အိုးအိမ်များ၊ ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုကို PPST က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

မော်လမြိုင်၊ နိုဝင်ဘာလ ၅ စစ်ကောင်စီက ပြည်သူလူထုရဲ့ အိုးအိမ်များ၊ ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က နိုဝင်ဘာလ ၅ ရက်နေ့မှာ သဘောထားထုတ်ပြန်လိုက်ပါတယ်။ အထူးသဖြင့် အောက်တိုဘာလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ချင်းပြည်နယ်၊ ထန်တလန်ကိစ္စအပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ကရင်နီဒေသတွေမှာ စစ်ကောင်စီက ​ပြည်သူလူထုရဲ့ အိုးအိမ်တွေ ဘာသာရေး အဆောက်အအုံတွေကို…

KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ နေ့စဉ် တိုက်ပွဲ ဖြစ်နေ

မော်လမြိုင် ၊ နိုဝင်ဘာ (၅) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် နေ့စဉ်နဲအမျှ ထိတွေ့ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ KNU က ပြောပါတယ်။ KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း ၃ ခုမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ကုန်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့်…

ABSDF ဆက်ဆံရေးရုံးက အဖွဲ့ဝင်တွေကို ထိန်းသိမ်းထားတာဟာ NCA ကို ချိုးဖောက်ရာရောက်တယ်လို့ဆို

မော်လမြိုင်၊ နိုဝင်ဘာလ ၄ ကရင်ပြည်နယ်၊ မြဝတီမြို့က ABSDF ဆက်ဆံရေးရုံးက အဖွဲ့ဝင်တွေကို ထိန်းသိမ်းထားတာဟာ NCA ကို ချိုးဖောက်ရာရောက်တယ်လို့ PPST အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာလ ၄ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်နေတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ(NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အစည်းအဝေးမှာ PPST ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင်…

ကရင်ပြည်နယ်နေ့ ကျင်းပဖို့ပြင်နေတဲ့ စစ်ကောင်စီက ဘားအံမှာ ပုဒ်မ (၁၄၄) ထပ်မံ သက်တမ်းတိုး

မော်လမြိုင် ၊ နိုဝင်ဘာ (၄) ကရင်ပြည်နယ်နေ့ ပွဲတော်ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီက ဘားအံမြို့နယ်မှာ လူစုလူဝေးမပြုလုပ်ကြဖို့ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၁၄၄ အမိန့်ကို သက်တမ်း ထပ်တိုးကြောင်း နိုဝင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ကရင်ပြည်နယ် စစ်ကောင်စီကတော့ လူအချို့ဟာ အများပြည်သူတို့ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေဖို့ လုပ်ဆောင်နေတာကို…

သွင်းအားစုကုန်စည် ဈေးမြင့်မှုကြောင့် စပါးပေါ်ကာလမှာ အရှုံးပေါ်မှာ တောင်သူတွေ စိုးရိမ်နေရ

မော်လမြိုင် ၊ နိုဝင်ဘာ (၄) စပါးပေါ်ကာလမှာ တောင်သူအများစု အရှုံးနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး သွင်းကုန်ပစ္စည်းတွေ ဈေးမကျရင် လယ်ယာမြေကို စွန့်လွှတ်ရမယ့် အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။ အာဏာသိမ်းစစ်ကောင်စီက အခုနှစ် မိုးစပါးနဲ့ လာမယ့်နှစ် နွေးစပါးအတွက် အခြေခံရည်ညွှန်းစပါးတင်း ၁၀၀ ဈေးနှုန်းကို ကျပ် ၅၄၀၀၀၀ သတ်မှတ်ထားတယ်လို့ အောက်တိုဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။…

ထားဝယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲ တိုက်ခိုက်ခံရ

မော်လမြိုင် ၊ နိုဝင်ဘာ (၄) တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မြေးခန္တီးကျေးရွာအနားမှာ နိုဝင်ဘာလ ၃ ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရေဖြူမြို့နယ် သစ်ကတိုးရွာကနေ မြေးခန္တီကျေးရွာကို ချီတက်လာစဉ် မိုင်းဆွဲ တိုက်ခိုက်ခံရလိုက်ရတာ ဖြစ်ပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် မိုင်းသုံးလုံးပေါက်ကွဲပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့…

နိုင်ငံရေးမတည်ငြိမ်တဲ့ကာလ ကျောင်းပြန်ဖွင့်မယ့် အစီအစဉ် ကျောင်းသားမိဘတွေ စိုးရိမ်

မော်လမြိုင် ၊ အောက်တိုဘာ (၃၀) နိုင်ငံရေး မတည်ငြိမ်နေတဲ့ အခြေအနေမှာ စစ်ကောင်စီက ကျောင်းတွေ ပြန်ဖွင့်မယ့်အပေါ် ကျောင်းသားမိဘတွေ စိုးရိမ်နေကြပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံထဲက မြို့နယ် ၄၆ မြို့နယ်ကလွဲပြီး ကျန် အခြေခံပညာကျောင်းတွေကို နိုဝင်ဘာ ၁ ရက်နေ့မှာ စတင် ဖွင့်လှစ်သွားမယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ကျောင်းတွေ အမြန်ဆုံး…

နိုင်ငံရေး မတည်ငြိမ်တာကြောင့် မွန်က ဟိုတယ်လုပ်ငန်းတွေ မဖွင့်နိုင်သေး

မော်လမြိုင် ၊ အောက်တိုဘာ (၂၉) မွန်ပြည်နယ်က ဟိုတယ် လုပ်ငန်းအများစုဟာ စစ်တပ် အာဏာသိမ်းတာနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်နှစ်ကျော်အကြာ ပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။ ဟိုတယ်လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းတာနဲ့ ကိုဗစ်ရောဂါကယက်မှာ အများဆုံး ထိခိုက်ခဲ့ပြီး အရှုံးနဲ့ ရင်ဆိုင်နေရတာပါ။ လက်ရှိမှာတော့ ဟိုတယ်လုပ်ငန်းတွေ ပြန်ဖွင့်ဖို့ ကြိုးပမ်းနေပေမယ့် နိုင်ငံရေး မတည်ငြိမ်တာနဲ့အတူ ခရီးသွားဝင်ရောက် တည်းခိုးမှု…

မွန်ပြည်နယ်ထွက် ဝဥ တင်ပို့ဖို့ အခက်ကြုံ

မော်လမြိုင် ၊ အောက်တိုဘာ (၂၉) တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ် အားလုံးကို အောက်တိုဘာလဆန်းပိုင်းကစပြီး ပိတ်ထားတဲ့အတွက်ကြောင့် မွန်ပြည်နယ်ထွက် ဝဥတွေ တင်ပို့ဖို့ အခက်အခက် ရှိနေတယ်လို့ ဝဥကုန်သည်တွေက ပြောပါတယ်။ တရုတ်နယ်စပ်ဂိတ်တွေ ပိတ်ထားလို့ ဆိပ်ကမ်းတွေက တဆင့် တင်ဖို့ ကြိုးပမ်းရာမှာလည်း လမ်းခရီး ကြန့်ကြာတာ၊ ကုန်ကျစရိတ် ကြီးမြင့်နေမှုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်…