သတင်း

တနင်္သာရီဝန်ကြီးချုပ် ဦးမြင့်မောင်ကို အလုပ်နဲ့ ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်

ထားဝယ်၊ နိုဝင်ဘာလ ၁၁ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်ကို ထားဝယ်အကျဉ်းထောင် အထူးတရားရုံးမှ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အလုပ်နဲ့ထောင်ဒဏ် ၁၁ နှစ် ကျခံရန်အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဦးမြင့်မောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ တို့နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။ ယနေ့မှာ တရားစွဲဆိုခံထားရတဲ့ ပုဒ်မတွေနဲ့ ဝန်ကြီးချုပ်…

PPST ကို အာဏာသိမ်းစစ်ကောင်စီက ကန့်ကွက် သတိပေး

မော်လမြိုင်၊ နိုဝင်ဘာ ၅ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က နိုဝင်ဘာလ (၅)ရက်နေ့မှာ ထုတ်ပြန်သော ထုတ်ပြန်ချက်ကို စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးအဖွဲ့က ကန့်ကွက် သတိပေးလိုက်ပါတယ်။ သတိပေးစာမှာတော့ PPST ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ စစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်များ၊ ဘာသာရေး အဆောက် အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုအပေါ်ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းဆိုတဲ့…

စစ်အင်အားတိုးချဲ့လာလို့ KNU ထိန်းချုပ်နယ်မြေမှာ နေ့စဥ် တိုက်ပွဲဖြစ်

မော်လမြိုင် ၊ နိုဝင်ဘာ (၁၀) အာဏာသိမ်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကနေ လာမယ့်နှစ် ဖေဖော်ဝါရီလကုန်ထိ ၅ လ အပစ်ရပ်ကြောင်း ကြေညာထားပါတယ်။ စစ်ကောင်စီဟာ ငါးလတာအပစ်ရပ်တယ်လို့ ပြောဆိုကြေညာထားပေမယ့် တကယ့်လက်တွေ့မှာတော့ လိုက်နာမှုမရှိပဲ ကေအဲန်ယူနယ်မြေအတွင်း စစ်အင်အားတွေ ဆက်တိုက်တိုးချဲ့နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရားမှုတွေကြောင့် တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်ပွားနေတာလို့…

အရည်အချင်း မစိစစ်ဘဲ နည်းပြနှင့်သရုပ်ပြအသစ်တွေ ခန့်အပ်တဲ့အပေါ် ဆရာများ သမဂ္ဂ ဝေဖန်

မော်လမြိုင် ၊ နိုဝင်ဘာ (၁၀) အာဏာသိမ်း စစ်ကောင်စီဟာ မော်လမြိုင်တက္ကသိုလ်မှာ နည်းပြနဲ့ သရုပ်ပြ အသစ်တွေကို အရည်အချင်း စိစစ်မှု မရှိဘဲ အလုပ်လျှောက်ထားသူ မှန်သမျှ ခန့်အပ်လိုက်တဲ့ပေါ် မှာ ဆရာများ သမဂ္ဂတာဝန်ရှိသူတွေက ဝေဖန်လိုက်တာ ဖြစ်ပါတယ်။ မော်လမြိုင် တက္ကသိုလ်ရဲ့ CDM ဆရာ၊ ဆရာမနေရာတွေမှာ အစားထိုးဖို့အတွက် နည်းပြ၊ သရုပ်ပြ ဝန်ထမ်း…

ကရင်ဝန်ကြီးချုပ် ထောင်ဒဏ် ၇၇ နှစ်၊ စည်ပင်ဝန်ကြီး ထောင်ဒဏ် ၉၂ နှစ် အမိန့်ချမှတ်ခံရ

မော်လမြိုင် ၊ နိုဝင်ဘာ (၉) ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို စစ်ကောင်စီက ထောင်ဒဏ် ၇၇ နှစ်၊ ပြည်နယ်စည်ပင်ဝန်ကြီး ဦးသန်းနိုင်ကို ထောင်ဒဏ် ၉၂ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။ ကရင်ဝန်ကြီးချုပ်နဲ့ စည်ပင်ဝန်ကြီးတို့ကို ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာ ကရင်ပြည်နယ်တရားလွှတ်တော်က အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်ကို အဂတိအမှုတစ်မှု အပါအဝင်…

မော်လမြိုင်တက္ကသိုလ်မှာ အဝေးသင် လာအပ်သူ မရှိ

မော်လမြိုင် ၊ နိုဝင်ဘာ (၉) မော်လမြိုင်တက္ကသိုလ်မှာ အဝေးသင်တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းလာအပ်တာ မရှိဘူးလို့ တက္ကသိုလ် ဆရာ၊ဆရာမတွေက ပြောပါတယ်။ စစ်ကောင်စီကတော့ အဝေးသင်တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ နိုဝင်ဘာ ၉ ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းလာအပ်ကြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ မော်လမြိုင်တက္ကသိုလ်မှာတော့ နိုဝင်ဘာ ၈ ရက်နေ့ထိ ကျောင်းလာအပ်တဲ့ ကျောင်းသူ၊ကျောင်းသားတွေ…

ဆောက်လုပ်ရေးလုပ်ငန်းတွေ ဆက်တိုက်အရှုံးပေါ်နေလို့ ရပ်နားရဖို့ ရှိနေ

မော်လမြိုင် ၊ နိုဝင်ဘာ (၉) မွန်ပြည်နယ်အတွင်းက ဆောက်လုပ်ရေး လုပ်ငန်းတွေ အရှုံးနဲ့ ရင်ဆိုင်နေရပြီး မကြာမီကာလအတွင်း လုပ်ငန်းအားလုံးနီးပါး ရပ်ဆိုင်းသွားနိုင်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ မွန်ပြည်နယ်အတွင်းက ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာငွေကြေး တန်ဖိုး ကျဆင်းလာတာနဲ့ ပြည်ပမှ တင်သွင်းတဲ့ ဆောက်လုပ်ရေးသုံး ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်း ၂ ဆ နီးပါး…

နေအိမ် ပြန်ရောက်နေတဲ့ စစ်အာဏာရှင် ဆန့်ကျင်သူတွေကို တစ်ပတ်အတွင်း ဖမ်းဆီးဖို့ စစ်ကောင်စီ ညွှန်ကြား

မော်လမြိုင် ၊ နိုဝင်ဘာ (၉) ထွက်ပြေးတိမ်းရှောင်ပြီး နေအိမ်ပြန်ရောက်နေတဲ့ မွန်ပြည်နယ်က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို တပတ်အတွင်း ချက်ချင်းဖမ်းဆီးကြဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်အာဏာရှင်ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့သူတွေနဲ့ တက်ကြွလှုပ်ရှားသူတချို့ နေအိမ်ပြန်လည် ရောက်ရှိနေတယ်လို့ စစ်ကောင်စီဘက်က သတင်းရရှိထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ထွက်ပြေးတိမ်းရှောင်ပြီး…

မြိုင်ကြီးငူဒေသ စစ်ဘေးရှောင်ကလေးတွေ ပညာသင်ကြားဖို့ စာရေးကိရိယာတွေ လိုအပ်နေ

မော်လမြိုင် ၊ နိုဝင်ဘာ (၉) မြိုင်ကြီးငူဒေသမှာ ရောက်ရှိခိုလှုံနေထိုင်ကြတဲ့ စစ်ဘေးရှောင်ကလေးတွေရဲ့ ပညာသင်ကြားရေးအတွက် စာရေးကိရိယာအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်း တာဝန်ခံတွေက ပြောပါတယ်။ ကရင်ပြည်နယ် မြိုင်ကြီးငူစစ်ရှောင်စခန်းမှာ မယ်သဝေါဒေသက စစ်ရှောင်တွေအပြင် ဖာပွန်ဒေသက စစ်ရှောင်တွေ လာရောက်ခိုလှုံနေတာ ဖြစ်ပါတယ်။ စစ်ရှောင်ကလေးတွေရဲ့ ပညာရေးအတွက် နီးစပ်ရာအစိုးရစာသင်ကျောင်းနဲ့ စခန်းအတွင်းမှာဖွင့်ထားတဲ့ ပြင်ပစာသင်ကျောင်းတွေမှာ ပညာသင်ကြားနေရတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ စစ်ဘေးရှောင်ကလေးတွေအတွက်…

သမင်လည်ပြန် နိုဝင်ဘာ (၈) (သို့) ချိုးဖျက်ခံလိုက်ရတဲ့ ပြည်သူ့ဆန္ဒများ

၂၀၂၀ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကိုဗစ်ရောဂါကပ်ဘေးအကြား၊ မဲစာရင်းအားနည်းချက်များအကြား၊ လက်နက်ကိုင်ပဋိပက္ခနယ်မြေများ ရှိနေသည့်အကြားတွင်ပင် ပြည်သူတို့၏ တက်ကြွသော ခြေလှမ်းများ၊ ပူးပေါင်းပါဝင်မှုများဖြင့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးစဉ်မှာတော့ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေကြားမှာ နိုင်ငံရေးပါတီတွေက စည်းကမ်းချိုးဖောက်ကြတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ပြည်သူအကြားမှာ ပြည့်နှက်နေခဲ့ပါတယ်။ သံလွင်တိုင်းမ်သတင်းဌာန၏ လေ့လာချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊…