သတင်း

ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေကြောင့် လုပ်ငန်းတွေလည်ပတ်ဖို့ အခက်တွေ့နေ

မော်လမြိုင် ၊ နိုဝင်ဘာ (၁၉) အာဏာသိမ်း စစ်ကောင်စီဟာ အာဏာသိမ်းယူပြီးနောက် ဘဏ်တွေကနေ ငွေကြေး အလွယ်တကူ ထုတ်ယူလို့ မရအောင် ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေဟာ စီးပွားရေး လုပ်ငန်းတွေအပေါ် သက်ရောက်မှု ကြီးမားနေပါတယ်။ လက်ရှိအချိန်ထိ စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေဟာ ဆက်ရှိနေတဲ့အတွက်ကြောင့် စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ဖို့ အခက်အခဲ…

KNU တပ်မဟာ(၃) နယ်မြေမှာ ရာသီတုပ်ကွေး အစုလိုက်အပြုံလိုက် ဖြစ်ပေါ်နေလို့ ဆေးဝါးကုသမှု လိုအပ်နေ

မော်လမြိုင် ၊ နိုဝင်ဘာ (၁၈) ကေအဲန်ယူ တပ်မဟာ ၃ ညောင်လေးပင်ခရိုင်အတွင်းက ဒေသခံပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ညောင်လေးပင်ခရိုင်အတွင်းက ဒေသခံပြည်သူတွေဟာ ကိုဗစ်ကပ်ရောဂါနဲ့ ရာသီအကူးအပြောင်းကာလမှာ နေထိုင်မကောင်းတာနဲ့ ဖျားနာတာတွေ အစုလိုက် အပြုံလိုက် ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီဒေသမှာ ကျန်းမာရေးဝန်ထမ်းတွေ မရှိတဲ့အတွက်ကြောင့် ဒေသခံတွေအတွက်…

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်မှာ အလုပ်လက်မဲ့ ဖြစ်ပွားမှုနှုန်း ဆထက်တိုးလား

မော်လမြိုင် ၊ နိုဝင်ဘာ (၁၈) မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာငွေတန်ဖိုး ကျဆင်းလာတာ၊ သွင်အားစု ကုန်ပစ္စည်းတွေ ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် ကြီးမြင့်တာနဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေကြောင့် စီးပွားရေး လုပ်ငန်းအများစု ပိတ်သိမ်းလာကြတာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေ ပိတ်သိမ်းလာတာကြောင့် အလုပ်လက်မဲ့ ဖြစ်ပွားမှုနှုန်းကလည်း ဆက်တိုက်ဆိုသလို မြင့်တက်နေတာ ဖြစ်ပါတယ်။…

ကြာအင်းဆိပ်ကြီး လွတ်ရှမ်းကျေးရွာမှာ စစ်ကောင်စီတပ် (၁)လကျော်အကြာ တပ်စွဲထားလို့ ဒေသခံတွေ အခက်တွေ့

မော်လမြိုင် ၊ နိုဝင်ဘာ (၁၇) ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်းကျေးရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေက တလနီးပါး ဝင်ရောက်တပ်စွဲနေရာယူထားလို့ ဒေသခံပြည်သူတွေ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့က ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ကြာအင်းဆိပ်ကြီး မြို့နယ် လွတ်ရှမ်းကျေးရွာထဲကို နယ်မြေကျော်လွန်ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်နဲ့ နယ်မြေခံ KNLA တပ်မဟာ ၆ တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေ…

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်မှာ မှောင်ခိုစျေးကွက် ပိုမိုကြီးထွားလာ

မော်လမြိုင် ၊ နိုဝင်ဘာ (၁၆) မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် တရားမဝင် ကုန်ပစ္စည်း တင်သွင်းနေတဲ့ မှောင်ခိုဈေးကွက် ပိုမို ကြီးထွားလာခဲ့တယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် မှောင်ခိုဈေးကွက် တစ်ခေတ်ပြန်ထ လာခဲ့တာ ဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်ပြီး ၉ လကျော်ကာလအတွင်းမှာ ပြည်နယ်အတွင်းကို တရားမဝင် လမ်းကြောင်းကနေ ကုန်ပစ္စည်းတင်ပို့မှု…

စစ်‌ကောင်စီ တိုင်းမှူးခရီးစဥ်အတွက် လုံခြုံရေးတိုးမြှင့်ထားလို့ တိုက်ပွဲဖြစ်မှာကို ကော့ကရိတ် ဒေသခံတွေ စိုးရိမ်

မော်လမြိုင်၊ နိုဝင်ဘာ ၁၅ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးခရီးစဉ်ရဲ့ လမ်းလုံခြုံရေးအတွက်ဆိုပြီး စစ်ကောင်စီတပ်တွေဟာ ကော့ကရိတ်မြို့အာရှလမ်းမအနီးက ကျေးရွာတွေအချို့မှာ ဒီကနေ့မနက်ပိုင်းက ဝင်ရောက်နေရာယူထားလို့ တိုက်ပွဲတွေဖြစ်ပွားမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်ရဲ့ မြဝတီခရီးစဉ်ရဲ့ လမ်းလုံခြုံရေးအတွက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီကနေ့မနက်ပိုင်းက ကော့ကရိတ်မြို့ အာရှလမ်းမအနီးက ကော့နွဲ့၊ ရွာသစ်နဲ့ ကမိုင်းကုန်းကျေးရွာတွေဝန်းကျင်မှာ ရောက်ရှိနေရာယူထားလို့ နယ်မြေခံ KNLA တပ်နဲ့ စစ်ရေးတင်းမာမှုတွေဖြစ်ပွားမှာကို ဒေသခံတွေက…

မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အဂတိမှု (၈) မှု ထပ်တိုးအမှုဖွင့်

မော်လမြိုင် ၊ နိုဝင်ဘာ (၁၄) မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှု ၈ မှု ထပ်တိုး အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ ဆက်တိုက်…

ချောင်းဆုံမြို့နယ် NLD ရုံး ဗုံးခွဲ ဖျက်စီးခံရ ၊ ပေါက်ကွဲမှု ပြင်းထန်လို့ ဘေးပတ်ဝန်းကျင် နေအိမ်တွေပါ ပျက်စီး

မော်လမြိုင် ၊ နိုဝင်ဘာ (၁၃) နိုဝင်ဘာလ (၁၂)ရက်နေ့ ညပိုင်းမှာ ချောင်းဆုံမြို့နယ် ၊ မြို့မရဲစခန်းရှေ့မှာရှိတဲ့ NLD ပါတီရုံး ဗုံးဖောက်ခွဲ ဖျက်ဆီးခံခဲ့ရပါတယ်။ ပေါက်ကွဲမှုဟာ အဆောက်အဦးတစ်ခုလုံးနီးပါး ပျက်စီးတဲ့အထိ ပြင်းထန်ခဲ့ပြီး ဘေးပတ်ဝန်းကျင် နေအိမ်အချို့ပါ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက အတည်ပြုပြောဆိုပါတယ်။ လက်ရှိမှာတော့ အခင်းဖြစ်ပွားရာနေရာကို ရဲနဲ့စစ်သားတွေက ပိတ်ဆို့ပြီး စစ်ဆေးတာတွေကို လုပ်ဆောင်နေပါတယ်။ “…

CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေကို လျှို့ဝှက်အကြောင်းအရာတွေ အသိမပေးဖို့ စစ်ကောင်စီ ညွှန်ကြား

မော်လမြိုင် ၊ နိုဝင်ဘာ (၁၃) CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေကို အရေးကြီးတဲ့ လမ်းညွှန်ချက်တွေနဲ့ လျှို့ဝှက်အကြောင်းအရာတွေကို အသိမပေးဖို့ စစ်ကောင်စီ ညွှန်ကြားထားတယ်လို့ Non CDM ဝန်ထမ်းတွေက ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ဌာနဆိုင်ရာတွေရဲ့ အရေးကြီးသတင်းတွေ ပေါက်ကြားမှုများရှိနေတဲ့အတွက် CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေအပေါ် သံသယရှိနေတာပါ။ ဒါကြောင့် စစ်တပ်…

မွန်ပြည်နယ် ရော်ဘာဈေးနှုန်း တဖြည်းဖြည်း ပြန်လည် ကျဆင်းလာ

မော်လမြိုင် ၊ နိုဝင်ဘာ (၁၂) မွန်ပြည်နယ်မှာတော့ အဖွင့်ရာသီမှာ ဈေးကောင်းခဲ့တဲ့ ရော်ဘာဈေးဟာ နိုဝင်ဘာပထမအပတ်ကစပြီး တဖြည်းဖြည်း ပြန်လည် ကျဆင်းလာတယ်လို့ ရော်ဘာရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ ရော်ဘာဈေးဟာ ကမ္ဘာ့ရော်ဘာဈေး ကျဆင်းလာတာ၊ ငွေကြေး မူဝါဒနဲ့ စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေကြောင့် ငွေကြေးမလည်ပတ်နိုင်လို့ ဈေးနှုန်းကျဆင်းလာတာ ဖြစ်ပါတယ်။ အခုလို ဈေးနှုန်းကျဆင်းနေပေမယ့် ရော်ဘာစေးထွက်အား ကောင်းနေတာကြောင့်…