သတင်း

ဖလမ်းမြို့ ပြည်သူ့ ဆေးရုံအုပ်ကြီး ကြိုးဆွဲချအဆုံးစီရင်

ဖလမ်း၊ စက်တင်ဘာ (၂၈) ဖလမ်းမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး Dr.Tluang Cung Thang ဟာ ယနေ့စက်တင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းမှာ နေအိမ်မှာပဲ မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၄၁)နှစ်သာ ရှိသေးပြီး ဆေးရုံအုပ်ကြီးကွယ်လွန်ခဲ့တဲ့အတွက် ဆေးလောက အသိုင်းအဝန်းကလည်း ဝမ်းနည်းစိတ်မကောင်းစကားတွေ မှတ်ချက်ပြုခဲ့ကြပါတယ်။ ဆရာကြီးဟာ ကိုဗစ်ကာလအတွင်းက စွမ်းစွမ်းတမံ ဆောင်ရွက်ချက်တွေ…

ပေါ်တူဂီကို အနိုင်ယူပြီး စပိန်အသင်း ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွား

မော်လမြိုင်၊ စက်တင်ဘာ (၂၈) စပိန်အသင်းဟာ ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ UEFA Nations လိဂ် (A) အဆင့် ပြိုင်ပွဲမှာ အိမ်ရှင်ပေါ်တူဂီအသင်းကို နောက်ကျသွင်းဂိုးနဲ့ အနိုင်ယူပြီး ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့တာပါ။ စီရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းဟာ ဒီပွဲမှာ သရေကျယုံနဲ့ ဆီးမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် ပွဲချိန် ၈၈ မိနစ်ပေးလိုက်ရတဲ့ နောက်ကျသွင်းဂိုးကြောင့် ဆီးမီးဖိုင်နယ်အဆင့်နဲ့…

NUG ထိန်းချုပ်နယ်မြေတွေမှာ CDM တွေကို အလုပ်ပေးဖို့ ဝန်ကြီးချုပ်ပြောဆို

မော်လမြိုင် – စက်တင်ဘာ(၂၈) အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေ တွေမှာ အကြမ်းမဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်ထားတဲ့ CDM ဝန်ထမ်းတွေကို အလုပ်ပေးဖို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလ(၂၇) ရက်နေ့မှာ ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၆၉) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်က အခုလိုပြောဆိုခဲ့တာပါ။ “နောက်ပိုင်းမှာ ပြည်နယ်အစိုးရတွေပေါ်ပေါက်လာတဲ့အခါ စိုးမိုးထိန်းချုပ်နယ်မြေတွေများများ ရှိလာတဲ့အခါ အစိုးရရဲ့ အုပ်ချုပ်ရေး…

ထီးလင်းမြို့နယ် ပုဏ္ဏားရွာကို စစ်ကောင်စီတပ် မီးရှို့ပြီး ဒေသခံ ၃၀ နီးပါး ဖမ်းဆီးသွား

ထီးလင်း၊ စက်တင်ဘာ (၂၈) မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ ပုဏ္ဏားကျေးရွာကို အာဏာသိမ်း စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ပြီးနောက် အရပ်သားပြည်သူ ၃၀ လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထီးလင်းမြို့နယ်ခန်းမကို ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျေးရွာအတွင်း သေနတ်ပစ်ဖောက်ဝင်ရောက်လာပြီးနောက် ဒေသခံ နေအိမ်(၅)လုံးကို မီးရှို့ဖျက်စီးခဲ့တာပါ။ စစ်ကောင်စီတပ်က…

KNU သထုံခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေ မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်းချက် ၂၅ ချက် ထုတ်ပြန်

သထုံ၊ စက်တင်ဘာ (၂၈) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်းရှိ တော်လှန်ရေး အင်အားစုတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်းချက် ၂၅ ချက်ကို KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်ပါတယ်။ အဲဒီစည်းကမ်းချက်တွေထဲမှာတော့ တော်လှန်ရေးအင်အားစုတွေဟာ ခရိုင်ခေါင်းဆောင်တွေ ချမှတ်ထားတဲ့ လမ်းညွှန်ချက်နဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာတာဝန်ခံ၊ တပ်ဖွဲ့ဝင်တွေအတွက်…

“ဝ” ပြည်နယ်နဲ့ မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပေးဖို့ သဘောတူမှုဟာ ခွဲခြားသပ်လျှိုမှု ဖြစ်

ရန်ကုန်၊ စက်တင်ဘာ (၂၈) စစ်ကောင်စီက “ဝ” ပြည်နယ်နဲ့ မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ဖို့ကို မူအားဖြင့် သဘောတူညီတာဟာ တရားဝင်မှုအရ မေးခွန်းထုတ်စရာတွေ ရှိနေသလို တိုင်းရင်းသားတွေကို ခွဲခြားသပ်လျှိူတာလားလို့ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။ စစ်ခေါင်းဆောင်ရဲ့ ဖိတ်ခေါ်မှုနဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA/မိုင်းလား) နဲ့…

စစ်အာဏာသိမ်း (၆၀၄) ရက် အတွင်း သတ်ဖြတ်ခံရသူ (၂၃၂၂) ဦး အထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ (၂၈) AAPP ၏ စက်တင်ဘာလ (၂၇) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ (၆၀၄)ရက် အတွင်း ပြည်သူ (၂၃၂၂)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၆၆၂ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၂၁) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

တရားစီရင်ရေးမဏ္ဍိုင်ကနေ အမှုကိစ္စတွေကို စတင်စစ်ဆေးနေပြီလို့ NUG ပြော

မော်လမြိုင်၊ စက်တင်ဘာ (၂၈) အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ရဲ့ ထိန်းချုပ်နယ်မြေအချို့မှာ တရားစီရင်ရေး ကိစ္စတွေ ဆောင်ရွက်နေပြီးဖြစ်သလို အမှုတချို့လည်း စတင်စစ်ဆေးနေပြီလို့ NUG သတင်း ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ ထိန်းချုပ်နယ်မြေတချို့မှာ NUG ရဲ့ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး တရားစီရင်ရေးကိစ္စတွေကို စတင်ဆောင်ရွက်နေတာပါ။ တရားစီရင်ရေးကိစ္စတွေ ဆောင်ရွက်ရာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲနေပြီး၊…

မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းကြီး ၅ ကြောင်းနဲ့ နည်လှည့်စည်းရုံးမှု အလုပ်မဖြစ်နိုင်

မော်လမြိုင်၊ စက်တင်ဘာ (၂၈) မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ ပါဝင်တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ပေးမယ့် စစ်ကြောင်းကြီး (၅)ကြောင်းလို့အမည်ပေးထားတဲ့ အဖွဲ့ဟာ စစ်တပ်နဲ့ပူးပေါင်းဖို့နဲ့ နယ်မြေသတင်းတွေပေးဖို့ စည်းရုံးပေမယ့် အလုပ်မဖြစ်နိုင်ဘူးလို့ တော်လှန်ရေးအင်အားစုတွေက ဝေဖန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမအပတ်ကတည်းက မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ ပါဝင်တဲ့ စစ်ကြောင်းကြီး ၅…

မွန်ဝန်ကြီးချုပ် ရွေးကောက်ပွဲအမှု ပြန်ခေါ်သက်သေမလာလို့ ရုံးချိန်း ထပ်ရွှေ့

မော်လမြိုင်၊ စက်တင်ဘာ (၂၈) အာဏာသိမ်း စစ်ကောင်စီက မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံအပေါ် စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုကို စက်တင်ဘာ ၂၇ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးခဲ့ပေမယ့် ပြန်ခေါ်သက်သေမလာတဲ့အတွက် ရုံးချိန်း ထပ်ရွှေ့လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။ ဒီရုံးချိန်းမှာ ပြန်ခေါ် သက်သေတွေ ဖြစ်တဲ့ စစ်ကောင်စီ မော်လမြိုင်ခရိုင်အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ…