သတင်း

NUG အစိုးရရဲ့ တော်လှန်ရေး အရှိန်အဟုန်မြှင့်မှုကို စောင့်ကြည့်နေတယ်လို့ PPST ပြော

မော်လမြိုင်၊ အောက်တိုဘာ ၁၂ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ တော်လှန်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတဲ့ နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေ‌တွေကို အနီးကပ် သတိထားစောင့်ကြည့်နေပြီး ထိုက်သင်တဲ့ လုပ်ဆောင်မှုတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက စတင် ပြုလုပ်ကျင်းပနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အစည်းအဝေး(၂၀/၂၀၂၁) အဖွင့်မိန့်ခွန်းမှာ နိုင်အောင်မင်းက ထည့်သွင်းပြောဆိုခဲ့တာပါ။…

ပိုမိုများပြားလာသော စစ်ဘေးဒုက္ခသည်များ

(အချက်အလက်ဖော်ပြချက်) ဖာပွန်စစ်ဘေးဒုက္ခသည်အခြေအနေ လက်ရှိမှာတော့ ဖာပွန်စစ်ဘေးဒုက္ခသည်စခန်းမှာ ဒုက္ခသည် သောင်းချီခန့်ရှိနေပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က စစ်အုပ်စုက လေယာဉ်ဗုံးကြဲတာကြောင့် ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်တွေဖြစ်ပါတယ်။ တချို့က နယ်စပ်မှာရှိပြီး တချို့က တောထဲ ရွာတွေထဲမှာ ဆက်လက်ပုန်းခိုနေရဆဲပါပဲ။ နယ်စပ်ရောက်နေတဲ့လူတွေ ရွာပြန်လာတာ အနည်းအကျဉ်းလောက်ပဲရှိပေမယ့် အများစုကတော့ ပြန်မလာနိုင်သေးပါဘူး။ ++++++++++++++++++++++++++++++++++++++++++++++++++++ မြန်မာပြည်တောင်ပိုင်းဒေသတလျှောက်ဖြစ်တဲ့ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်…

ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းအမှု နိုဝင်ဘာလအတွင်း အပြီးစစ်မည်

မော်လမြိုင်၊ အောက်တိုဘာ ၁၂ အာဏာသိမ်း စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူ ဦးဉာဏ်ထွန်းတို့ အမှုကို နိုဝင်ဘာလအတွင်း အပြီးစစ်ဆေးသွားမယ်လို့ သိရပါတယ်။ ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူ သထုံမြို့နယ် NLD ပါတီ အလုပ်မှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ထွန်းတို့ကို အာဏာသိမ်း စစ်ကောင်စီက ဝန်ထမ်းတွေCDMမှာ ပါဝင်ဖို့ လှုံဆော်တာ၊ စစ်အာဏာရှင်…

ကော့ကရိတ်တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က အလောင်းမကောက်နိုင်သေးဘူးလို့ KNU ပြော

မော်လမြိုင်၊ အောက်တိုဘာ ၁၁ ကရင်ပြည်နယ် ၊ ကော့ကရိတ်အနီးမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်အုပ်စုဘက်က အကျအဆုံးများပြားခဲ့ပြီး အလောင်းတောင် သွားရောက်မကောက်နိုင်ဘူးလို့ နယ်မြေခံ ကေအဲန်ယူ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကော့ကရိတ်မြို့ အာရှလမ်းမအနီး ကော့နွဲရွာဘက်မှာ ဒီကနေ့‌ အောက်တိုဘာ ၁၁ ရက်နေ့ တစ်ရက်တည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ အာဏာသိမ်းစစ်အုပ်စုတို့ကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တာပါ။…

BGF က လမ်းပိတ်ထားတာကြောင့် ဒေသခံတွေ သွားလာရခက်ခဲပြီး စားသောက်ကုန် သယ်ယူဖို့ အခက်တွေ့နေ

ဘီးလင်း၊ အောက်တိုဘာ ၁၁ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအနီးရှိ ကားမဲဂိတ်ကို BGF ဘက်မှ ပိတ်ထားတာကြောင့် ဒေသခံ‌တွေ သွားလာရခက်ခဲပြီး စားသောက်ကုန်‌တွေ သယ်ဆောင်ဖို့ အခက်တွေ့နေတယ်လို့ သိရပါတယ်။ ကားမဲဂိတ်ကို ပိတ်ထားတာ တစ်ပတ်ခန့်ကြာမြင့်လာအတွက် ဒေသခံများအဖို့ နီးစပ်ရာကျေးရွာနဲ့ သထုံသို့လာဖို့ အခက်ခဲ‌ တွေ ဖြစ်နေကြပါတယ်။ ” ဂိတ်ကို ပိတ်ထားတော့ ပြည်သူတွေ သွားလာလို့မရဘူး။ အောက်ဘက်ရွာတွေကလူတွေလည်း…

တနင်္သာရီတိုင်း စော်ဖျားကျေးရွာအနီး တောတောင်တွေမှာ PDF တွေကို စစ်တပ် တောနင်းရှာဖွေနေ

သရက်ချောင်း၊ အောက်တိုဘာ ၁၁ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာအနီးရှိ တောတောင်တွေမှာအောက်တိုဘာလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်က PDF တွေကို တောနင်းရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနက်ပိုင်းမှာ စစ်ကောင်စီအင်အား ၁၀၀ ကျော်ခန့်ဟာ စော်ဖျာကျေးရွာ ဌက်ပျောတော တောင်ဘက်ကို ဦးတည်ပြီး တောနင်းရှာဖွေနေတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့မှာလည်း…

ပိုမိုများပြားလာသော စစ်ဘေးဒုက္ခသည်များ

(အချက်အလက်ဖော်ပြချက်) မြန်မာပြည်တောင်ပိုင်းဒေသတလျှောက်ဖြစ်သော ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ခပ်စိတ်စိတ်ဖြစ်ပွားလာသော လက်နက်ကိုင်တိုက်ပွဲ၏ နောက်ဆက်တွဲအဖြစ် ဒေသခံတို့ နေရပ်စွန့်ခွာကာ စစ်ဘေးဒုက္ခသည်များအဖြစ် ပြေးလွှားလာကြရသည်။ အဓိကအားဖြင့် စစ်ဘေးဒုက္ခသည်များသည် မိမိတို့၏ နေရပ်ကို စွန့်ခွာကာ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းသည့်၊ သဘာဝဘေးဒဏ်ခံရသည့် နေရာများသို့ ရွေ့ပြောင်းနေထိုင်ကြရသည်။ စစ်အုပ်စုအာဏာသိမ်းပြီးနောက် ပိုမိုတိုးပွားလာသော ပဋိပက္ခတွေအကြား လက်ရှိတွင် မြန်မာပြည်တောင်ပိုင်းဒေသ၌ စစ်ဘေးဒုက္ခသည်များ တစ်သိန်းကျော်ရှိလာပြီဖြစ်သည်။ ပဲခူးတိုင်းရှိ…

BGF တပ်စခန်း တိုက်ခိုက်ခံရပြီး သေဆုံးသူရှိခဲ့လို့ ဒေသခံရွာတွေကို လျော်ကြေး သိန်းသုံးရာ တောင်း

မော်လမြိုင်၊ အောက်တိုဘာ ၁၁ ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်မှာ ရှိတဲ့ နယ်ခြားစောင့်တပ်(BGF)တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် အောက်တိုဘာ ၁၀ ရက်နေ့မှာ အနီးပတ်ဝန်းကျင်က ရွာနှစ်ရွာကို ဒဏ်ငွေကျပ်သိန်း ၃၀၀ တောင်းခံခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ နောင်မြလွဲကျေးရွာနဲ့ ကော့အိမ်ဆိုင်ကျေးရွာအကြားက နယ်ခြားစောင့်တပ်(BGF)စခန်းထဲကို အောက်တိုဘာ ၇ ရက် ညပိုင်းက အမည်မသိလက်နက်ကိိုင်အဖွဲ့တစ်ခုက တိုက်ခိုက်ခဲ့လို့ (BGF)ဘက်မှ လေးဦး သေဆုံးခဲ့ပါတယ်။…

စစ်ကောင်စီတပ်နဲ့ ခွဲထွက်ဒီကေဘီအေ တိုက်ပွဲဖြစ်နေ

မော်လမြိုင်၊ အောက်တိုဘာ ၁၁ ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီး အာရှလမ်းမဘက်မှာ ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ခွဲထွက်ဒီကေဘီအေတပ်တို့ တိုက်ပွဲဖြစ်ပွား‌နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ “ဆယ်ချက်မကဘူး အလုံးကြီး။ ခုပဲကြားတယ်။ တစ်ချက်တစ်ချက်ကြားတယ်။ ကော့နွဲရွာဘက်ထင်တယ်။ အခုထိပစ်နေတုန်းပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ခွဲထွက်ဒီကေဘီအေတပ် တိုက်ပွဲဖြစ်ပွားနေမှု အသေးစိတ်ကို သံလွင်တိုင်းမ်က ဆက်လက်စုံစမ်းနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက…