သတင်း

အာဏာသိမ်းပြီးနောက် မသန်စွမ်း အခွင့်အရေး အားလုံးနီးပါး ဆုံးရှုံးသွား

မော်လမြိုင်၊ စက်တင်ဘာ (၂၉) စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း မသန်စွမ်း အခွင့်အရေး အားလုံးနီးပါး ဆုံးရှုံးသွားပြီးဖြစ်သလို ကျန်းမာရေးနဲ့ စားဝတ်နေရေးကအစ အဆိုးဝါးဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေရတယ်လို့ မသန်စွမ်းသူတွေနဲ့ မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မသန်စွမ်းသူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် နဂိုရှိပြီးသား အခွင့်အရေးတွေ ဖြစ်တဲ့ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ…

စစ်ကောင်စီ ဘုရားတောင်စခန်းကို KNLA ပူးပေါင်းအဖွဲ့ တိုက်ခိုက်သိမ်းပိုက်

ဘုရားသုံးဆူ၊ စက်တင်ဘာ (၂၉) ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ဘုရားသုံးဆူမြို့အနီးမှာရှိတဲ့ စစ်ကောင်စီ ဘုရားတောင်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ KUN ပြောခွင့်ရက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ အဲဒီစစ်ကောင်စီ ဘုရားတောင်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၆ နာရီလောက်မှာ စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး…

အာဏာသိမ်းစစ်ခေါင်းဆောင်က နိုင်ငံရေးလုပ်စားတာမဟုတ်ဘဲ နိုင်ငံအရေးလုပ်နေတာလို့ဆို

နေပြည်တော် – စက်တင်ဘာ(၂၈) ရွေးကောက်ခံအစိုးရကို လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးလုပ်စားနေတာမဟုတ်ဘဲ နိုင်ငံအရေးလုပ်နေတာသာဖြစ်တယ်လို့ ပြောဆို ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၇) ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေးမှာ SME ကဏ္ဍနဲ့ ပတ်သက်ပြီး ပြောဆိုချိန်မှာ အခုလိုထည့်သွင်းပြောဆို ခဲ့တာပါ။ “နိုင်ငံရေးနဲ့ ပတ်သက်၍လည်း မိမိတို့ဟာ နိုင်ငံရေးလုပ်စားခြင်းမဟုတ်ဘဲ…

ရခိုင် မောင်တော မြောက်ပိုင်းမှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်

မောင်တော၊ စက်တင်ဘာ ၂၈ မောင်တောမြောက်ပိုင်းမှာရှိတဲ့ ကြိမ်ချောင်းကျေးရွာ အနီးဝန်းကျင်မှာ ဆက်သွယ်ရေးဖုန်းလိုင်းတွေ ပြတ်တောက်နေလို့ ဒေသခံတွေက အထူးစိုးရိမ်နေရတယ်လို့ ပြောပါတယ်။ ကြိမ်ချောင်းကျေးရွာ အနီးဝန်းကျင်ဟာ စက်တင်ဘာ ၂၄ရက်နေ့မှာ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၇) က လက်နက်ကြီးတွေကို အကြောင်းမဲ့ပစ်ခတ်ကာ အင်အားပြခံခဲ့ရတာပါ။ လက်ရှိအချိန်မှာတော့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့ အတွက် ကြိမ်ချောင်းကျေးရွာနဲ့ သတင်းအဆက်အသွယ်တွေ ပြတ်တောက်နေပြီး စစ်ကြောင်း အခြေအနေအနေတွေကို…

စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပြည်သူနှစ်သောင်းကျော် အခက်အခဲဖြစ်နေရ

ပခုက္ကူ – စက်တင်ဘာ(၂၈) မကွေးတိုင်း ပခုက္ကူခရိုင်မှာရှိတဲ့ ကျေးရွာ (၁၅) ရွာက စစ်ဘေးရှောင် (၂)သောင်းကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနေတယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ဆိပ်ဖြူမြို့နယ် ဝါဇီစက်ရုံနဲ့ ကပစ(၂၂) လက်နက်စက်ရုံကြားက သံပုရာပင်၊ဆားလောင့်၊ အနောက်ကမ်းဖြူ၊ဘဲကျဲ၊ကျားပေ၊ကျားကွဲ၊ညောင်ဂွေးဝကျေးရွာတွေနဲ့ ယောချာင်းတစ်ဖက် ကမ်း ပခုက္ကူမြို့နယ်က စိုင်းဖြူ၊ရှားဒူးရွာ၊တောင်ပါးလူ၊အရှေ့ကမ်းဖြူ၊ဥယျာဉ်စု၊ဒဲ့ပြား၊ စညောင်၊မြစ်ဖျားလေးတိုင်စတဲ့ ကျေးရွာ(၁၅) ရွာကို စစ်ကောင်စီက…

ဗကသများအဖွဲ့ချုပ်ဒုဥက္ကဌ ကိုဝေယံဖြိုးမိုး ထောင်(၂) နှစ်ထပ်ချခံရ

ရန်ကုန် – စက်တင်ဘာ(၂၈) ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် တရားရုံးက ပုဒ်မ ၅၀၅(ခ) နဲ့ ဒီနေ့ စက်တင်ဘာလ(၂၈) ရက်နေ့မှာထောင်ဒဏ်(၂) နှစ်ထပ်မံအမိန့်ချလိုက်တယ်လို့ ဗကသများ အဖွဲ့ချုပ်က သတင်း ထုတ်ပြန်ထားပါတယ်။ ကိုဝေယံဖြိုးမိုးကို ၂၀၂၁ ခုနှစ်မတ်လ(၃) ရက်နေ့မှာ GSC ပူးပေါင်းသပိတ်စစ်ကြောင်းကို အာဏာ သိမ်း စစ်ကောင်စီကအကြမ်းဖက်ပစ်ခတ်ဖြိုခွဲခံရချိန်မှာ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာပါ။…

အမေရိကန်နိုင်ငံရဲ့ လျှို့ဝှက်ချက်တွေဖွင့်ချခဲ့တဲ့ စနိုးဒန်ကို ရုရှားနိုင်ငံသားဖြစ်ခွင့်ပေး

မော်စကို – စက်တင်ဘာ(၂၈) အမေရိကန် ထောက်လှမ်းရေး ကန်ထရိုက်တာဟောင်း စနိုးဒန်ဟာအမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ရဲ့ လျှို့ဝှက်ထောက်လှမ်းနေတဲ့ အခြေအနေတွေကိုဖော်ထုတ်ခဲ့ပြီးနောက် ကိုးနှစ်အကြာ မှာ သမ္မတဗလာဒီမာပူတင်က သူ့ကို ရုရှားနိုင်ငံသားအဖြစ်အသိအမှတ်ပြုခဲ့ပါတယ်။ စနိုးဒန်ဟာ အမေရိကန် ပြည်ထောင်စုက ထွက်ပြေးပြီးနောက် NSA လုပ်ဆောင်နေတဲ့ ပြည်တွင်း နဲ့ နိုင်ငံတကာ ထောက်လှမ်းရေးစစ်ဆင်ရေးတွေကို ထုတ်ဖော်တဲ့ လျှို့ဝှက်ချက်ဖိုင်တွေပေါက် ကြားခဲ့ပြီးနောက် ၂၀၁၃…

စစ်တပ်ကို နိုင်ငံရေးကနေ အမြစ်ဖြတ်ပစ်ဖို့ အရပ်ဘက်အဖွဲ့အစည်း ငါးရာကျော် တောင်းဆို

ရန်ကုန် ၊ စက်တင်ဘာ ၂၈ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ စစ်အုပ်စုဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဘယ်နည်းနဲ့မှ တွေ့ဆုံဆွေးနွေးတာ မလုပ်ဘဲ စစ်တပ်ကို နိုင်ငံရေးကနေ အပြီးအပိုင် အမြစ်ဖြတ်ပစ်ဖို့ လူထုနဲ့အတူ ပူးပေါင်းရပ်တည် တိုက်ပွဲဝင်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၅၀၀ကျော်က တောင်းဆိုလိုက်ပါတယ်။ စက်တင်ဘာလ ၂၆ ရက်နေ့ ရက်စွဲနဲ့ အရပ်ဘက်အဖွဲ့အစည်း ၅၆၇ ဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်တွေထံ…

ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေ ဟန်ချက်ညီစွာဆောင်ရွက်ကြဖို့ NUG ပြည်ထဲရေး ဝန်ကြီးပြောဆို

စစ်ကိုင်း – စက်တင်ဘာ(၂၈) အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ရဲတပ် ဖွဲ့တွေကို ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ဟန်ချက်ညီအောင်ဆောင်ရွက်ကြဖို့ NUG ပြည်ထဲရေးနဲ့လူဝန်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောဆိုလိုက်ပါတယ်။ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထဲရေးနဲ့ လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ရဲ့ ပထမအကြိမ်တွေ့ဆုံဆွေးနွေးပွဲမှာ အခုလိုပြောဆိုခဲ့တာပါ။ “တော်လှန်ရေးအောင်မြင်စေရေးအတွက် မြို့နယ်တွေရဲ့ ဆောင်ရွက်ချက်တွေက များစွာ အရေး ပါတယ်။…