မြန်မာအပေါ်ဖိအားပေးခြင်းဖြင့် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်စေမည် ဖြစ်ကြောင်း အာဆီယံကို အာဏာသိမ်းစစ်အုပ်စုတုန့်ပြန်
နေပြည်တော်၊ အောက်တိုဘာ ၁၆ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံညီလာခံသို့ ပေးမတက်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအပေါ်ဖိအားပေးခြင်းဖြင့် အာဆီယံအနေဖြင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း တုန့်ပြန်လိုက်ပါတယ်။ အာဆီယံအနေဖြင့် အာဆီယံအစည်းအဝေးများ တက်ရောက်ရေးကိစ္စအပါအဝင် ကိုယ်စားပြုမှုဆိုင်ရာကိစ္စများနှင့် တူညီဆန္ဒမရှိဘဲဆောင်ရွက်ခဲ့မှုများသည် အာဆီယံ၏ ပဋိညာဉ်စာတမ်းနှင့် အခြေခံမူများတွင် ပြဌာန်းထားမှုမရှိခြင်း၊ အာဆီယံ၏ ရည်ရွယ်ချက်တို့နှင့် ဆန့်ကျင်ကြောင်းတွေ့ရသဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ချက်မှာ…