မာရီယိုပူးမှာ ကာလဝမ်းရောဂါပျံ့နှံ့နေတဲ့အတွက် လက်နက်နဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးဖို့ ယူကရိန်းတောင်းဆို
ကီးယက် – ဇွန်(၁၂) ရုရှားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ နိုင်င့အရှေ့ဘက်ကို ထိုးဖောက်ဝင်ရောက်လာတဲ့အတွက် လက်နက် တွေကို မြန်မြန်ဆန်ဆန်ပို့ဆောင်ပေးဖို့နဲ့ တိုးပွားလာတဲ့ ရောဂါတွေကို တိုက်ဖျက်ဖို့အတွက် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ထောက်ပံ့ပေးဖို့ အနောက်နိုင်ငံတွေကို ယူကရိန်းက တောင်းဆိုလိုက်ပါတယ်။ အမေရိကန်နဲ့ တခြားနိုင်ငံတွေအနေနဲ့ ဒုံးပျံစနစ်တွေအပါအဝင် ပိုမိုကောင်းမွန်တဲ့ လက်နက်တွေ ထောက်ပံ့ပေးဖို့ ကတိကဝတ်တွေ ဖြည့်ဆည်းပေးမှသာ ရုရှားရဲ့ ထိုးစစ်ကို ကာကွယ်နိုင်မှာ…