ဖမ်းဆီးခံထားရတဲ့ အမေရိကန်တွေဟာ ရာဇဝတ်မှုကျုးလွန်သူတွေလို့ ရုရှားပြောဆို
မော်စကို – ဇွန်(၂၂) ယူကရိန်းစစ်တပ်နဲ့ အတူ တိုက်ခိုက်နေချိန်မှာ ဖမ်းဆီးခံလိုက်ရတဲ့ အမေရိကန် နိုင်ငံသားနှစ်ဦး ဟာ ရုရှားစစ်သားတွေကို အန္တရာယ်ဖြစ်စေတဲ့ ရာဇဝတ်မှုတွေ မှာ တာဝန်ရှိတဲ့အတွက် ဖမ်းဆီး ထားတာဖြစ်တယ်လို့ ရုရှားပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က NBC သတင်း ဌာနကို ပြောပါတယ်။ သူတို့ဟာ ကြေးစားစစ်သားတွေဖြစ်ပြီး ယူကရိန်းပိုင်နက်ထဲ တရားမဝင်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို ရုရှားနိုင်ငံရဲ့…