ထားဝယ်အကျဉ်းထောင်မှာ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀၀ နီးပါးထိ ရှိလာ
ထားဝယ် ၊ သြဂုတ် (၃၀) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် ထောင်ဒဏ်ပြစ်ဒဏ် အသီးသီး ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၃၀၀ နီးပါးထိ ရှိလာတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(DPPN) က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူတွေဟာ အနိမ့်ဆုံးပြစ်ဒဏ် ၂ နှစ်ကနေ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တစ်သက်ထိ ပါဝင်တာဖြစ်ပါတယ်။ ထောင်ဒဏ်ချမှတ်ခံထားရသူ…