နိုင်ငံတကာ

ထိုင်းအာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်ကြီး ပရရွတ် ရုံးလုပ်ငန်းတာဝန်တွေပြီးရင် အနားယူ တော့မယ်

ဘန်ကောက် – ဩဂုတ်(၂၆) ရာထူးကထွက်ခွာတော့မယ့် ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ပရရွတ် ချန်အိုချာဟာ ကာကွယ်ရေးကောင်စီရဲ့ နောက်ဆုံးအစည်းအဝေးကို ဥက္ကဋ္ဌအနေနဲ့ နောက်ဆုံး တက်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မစ္စတာ ပရရွတ်ဟာ အသစ်တက်လာမယ့် ဝန်ကြီးချုပ်နဲ့အတူ အစိုးရ အိမ်တော်မှာ တွေ့ဆုံခဲ့ပြီး ဝန်ကြီးချုပ်ဖြစ်လာမယ့်သူကို အိမ်တော်တဝိုက် လှည့်လည်မိတ်ဆက် တာတွေပြုလုပ်ခဲ့ပါသေးတယ်။ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနကို ရောက်ရှိနေတဲ့ သတင်းထောက်တွေက ရုံးလုပ်ငန်းတွေကနေ…

F-16 ယူကရိန်းလေယာဉ်မှူးတွေကို အမေရိကန်က စက်တင်ဘာလမှာ စတင်လေ့ကျင့်ပေးမယ်

ဝါရှင်တန် – ဩဂုတ်(၂၆) ယူကရိန်းလေယာဉ်မှူးတွေရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို အမေရိကန်မှာ လာမယ့်စက်တင်ဘာလ မှာ စတင်မှာဖြစ်ပြီး သူတို့ဟာ ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့အတွက် အဆင့်မြင့်လေယာဉ်တွေ ကို အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောခဲ့ပါတယ်။ ရုရှားကျူးကျော်စစ်ကို ပိုမိုထိရောက်စွာ တိုကခိုက်ဖို့အတွက် ယူကရိန်ဟာ ခေတ်မီဆန်းသစ်တဲ့ တိုက်လေယာဉ်တွေကို အချိန်အတော်ကြာရှာဖွေနေသလို ရုရှားတပ်တွေထိန်းချုပ်ထားတဲ့ နယ် မြေတွေကိုလည်း ပြန်လည်ရယူဖို့ တန်ပြန်ထိုးစစ်လုပ်ဆောင်နေတာပါ။…

လူစည်ကားတဲ့နေရာမှာ ကျောင်းဆရာမတစ်ဦးမတရားပြုကျင့်သတ်ခံရပြီးနောက် လုံခြုံရေးကင်မရာတွေ ပိုမိုတိုးမြှင့်တပ်ဖို့ ဆိုးလ်မြို့တော်ဝန်ပြော

ဆိုးလ်၊ သြဂုတ်(၂၅) လွန်ခဲ့တဲ့သီတင်းပတ်အတွင်းက လူစည်းကားရာ တောင်တက်လမ်းတစ်ခုမှာ ကျောင်းဆရာမ တစ်ဦးကို မတရား ပြုကျင့်ကာ ရက်ရက်စက်စက် သတ်ဖြတ်မှုဖြစ်ပြီးတဲ့နောက်မှာ မြို့တော်ရှိ ပန်းခြံတွေမှာ စောင့်ကြည့်ရေးကင် မရာတွေကို တိုးမြှင့်တပ်ဆင်သွားမယ်လို့ ဆိုးလ်မြို့တော်ဝန် က သြဂုတ်လ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါ တယ်။ ရဲတပ်ဖွဲ့အနေနဲ့ သံသယတရားခံကို သြဂုတ်(၂၃)ရက်နေ့မှာပဲ သတ်မှတ်ဖော်ထုတ်နိုင်ခဲ့တာပါ။ CCTV တပ် ဆင်ထားခြင်းမရှိတဲ့…

ဆော်ဒီနဲ့ အီရန်အပါအဝင် တခြားနိုင်ငံတွေကို ဖွံ့ဖြိုးဆဲကမ္ဘာ့အစုအဖွဲ့မှာပါဝင်ဖို့ ဘရစ်စ်ဖိတ်ခေါ်

ကိပ်တောင်း – ဩဂုတ်(၂၅) ဘရစ်စ်အဖွဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ ဆော်ဒီ၊အီရန်၊အီသီယိုးပီးယား၊အီဂျစ် ၊အာဂျင်တီးနားနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတွေကို သူတို့နဲ့အတူပူးပေါင်းပြီး ဩဇာ အာဏာကြီးထွား လာဖို့အတွက်ဖိတ်ခေါ်ခဲ့ကြပါတယ်။ ဒီချဲ့ထွင်တာဟာ ဘရစ်စ်ကိုစိတ်ဝင်စားနေတဲ့ နိုင်ငံဒါဇင်ပေါင်းများစွာကို ဝင်ခွင့်ရှာစေဖို့ လမ်းခင်းနိုင်ပြီး ပထဝီဝင်နိုင်ငံရေးအရ ခွဲဝေမှုအားကောင်းလာစေဖို့ ပေကျင်းနဲ့ မော်စကိုတို့ က အနောက်အုပ်စုကို တွန်းပေးပေးနေဖို့ အလားအလာရှိတဲ့ တန်ပြန်ချိန်ညှိမှုအဖြစ် ပုံသွင်းဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။…

ထိုင်း-တရုတ်ဖောက်လုပ်မယ့် ရထားလမ်းစီမံကိန်း ပထမတဖြတ်ကို ၂၀၂၆ ခုမှစ်မှာစတင်ဖို့ ရည်မှန်း

ဘန်ကောက် – ဩဂုတ်(၂၅) ထိုင်းနိုင်ငံခြားဖြတ်အစိုးရရဲ့ ထုတ်ပြန်ျခက်မှာ ဘန်ကောက်ခရိုင် ဒေသန္တရနဲ့ နခွန်ရချာဆီမှာ ခရိုင်ဒေသန္တရကို ဖြတ်သန်းသွားမယ့် ထိုင်း-တရုတ် ရထားစီမံကိန်း ပထမတဖြတ်ကို လာမယ့် ၂၀၂၆ ခုနှစ်မှာ စတင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ ရထားလမ်းစီမံကိန်းရဲ့ ဒုတိယတဖြတ်ကို နခွန်ချာဆီမှာမှ နွန်ခိုင်အထိ ဖောက်လုပ်သွားမှာ ဖြစ်ပြီး ၂၀၂၈ ခုနှစ်မှာ စတင်နိုင်မယ်လို့ ဆိုထားကာ စီမံကိန်း…

ရုရှားနိုင်ငံအတွင်း ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကို မထောက်ခံဘူးလို့ အမေရိကန်ပြောကြား

ဝါရှင်တန်၊ သြဂုတ်(၂၄) မော်စကိုကိုတိုက်ခိုက်ဖို့ ကြိုးစားနေတဲ့ ယူကရိန်းရဲ့မောင်းသူမဲ့ လေယာဉ်တွေကို ရုရှားကပစ်ချခဲ့ တယ်လို့ ရုရှား အာဏာပိုင်တွေက ပြောဆိုခဲ့ပြီးနောက် အမေရိကန်က ရုရှားနိုင်ငံအတွင်း တိုက် ခိုက်မှုတွေကို မထောက်ခံဘူး လို့ ဩဂုတ်လ (၂၃) ရက်နေ့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံအတွင်းသွားရောက်တိုက်ခိုက်မှုတွေကို တွန်းအားပေးတာ ဒါမှမဟုတ် ထောက်ခံတာ မျိုးလည်း မလုပ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန…

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ချေးငွေတွေထဲက ကန်ဒေါ်လာသန်း(၅၀) ကို သီရိလင်္ကာစတင်ပေးချေ

ကိုလံဘို – ဩုတ်(၂၄) အဆိုးရွားဆုံးဘဏ္ဍာရေး အကျပ်အတည်းတွေကနေ ပြန်လည်နာလန်ထူအောင် ကြိုးစားနေတဲ့ သီရိလင်္ကာဟာ ဘင်္ဂလားဒေ့ရှ်ဆီကချေးယူထားတဲ့ အမေရိကန်ဒေါ်လာသန်း(၂၀၀) ထဲက သန်း (၅၀) ကိုပြန်လည်ပေးချေခဲ့ပြီဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်က ပြောပါတယ်။ သီရိလင်္ကာဟာ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု အလွဲအမှားနဲ့ ကိုဗစ်အကျိုးဆက်တွေဖြစ်ပေါ်ခဲ့တဲ့ နှစ်တွေအတွင်း ဘဏ္ဍာရေးအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းချိန်မှာ အိမ်နီးချင်းနိုင်ငံတွေက ဝင်ရောက်ကူညီပေးတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘဏ်နဲ့ ၂၀၂၁ ခုနှစ်မှာ လဲလှယ်ရေးသဘောတူညီမှု…

အာဖရိကနိုင်ငံတွေဟာ စက်မှုလုပ်ငန်းတွေကို ပိုမိုအလိုရှိတယ်လို့ တရုတ်ဆို

ပေကျင်း – ဩဂုတ်(၂၄) အာဖရိကနိုင်ငံတွေဟာ တရုတ်နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေတည်ဆောက်ပေးတာကနေ ဒေသတွင်းစက်မှုလက်မှု လုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်ပေးစေလိုတယ်လို့ တောင်အာဖရိကမှာ ကျင်းပခဲ့တဲ့ BRICS ဘရစ်စ် ထိပ်သီးအစည်းအဝေးအပြီးမှာ တရုတ်သံတမန်ကပြောပါတယ်။ “အာဖရိက ပေါင်းစည်းမှုဟာ အရှိန်မြင့်နေပြီဖြစ်ပြီး ၎င်းနိုင်ငံအများအပြားက ကျွန်တော်တို့ရဲ့ အာရုံစိုက်မှုအပြောင်းအလဲကို ထည့်သွင်းစဉ်းစားဖို့ တရုတ်နိုင်ငံကို တောင်းဆိုထားပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာဖရိကရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဝူပင်က ပြောခဲ့ပါ…

ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် ဟွန်ဆန်ရဲ့သားကို ပါလီမန်က ရွေးချယ်အတည်ပြု

ဖနွမ်းပင်၊ သြဂုတ်(၂၃) ကမ္ဘောဒီးယား ပါလီမန်က သြဂုတ်လ ၂၂ ရက်နေ့မှာ ဟွန်ဆန်ရဲ့ အကြီးဆုံးသားဖြစ်သူကို နိုင်ငံရဲ့ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခဲ့ပြီး လွန်ခဲ့တဲ့လအတွင်းကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပြီးမှာပဲ အာဏာလွှဲပြောင်းခဲ့ပါတယ်။ ပါလီမန်အစည်းအဝေးမှာ ဟွန်မနတ်ကို ဝန်ကြီးချုပ်အဖြစ် တညီတညွတ်တည်း ထောက်ခံခဲ့ တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဟွန်ဆန်ရဲ့ပါတီ CPP Cambodian People’s Party ဟာရွေးကောက်ပွဲမှာ…

ဖူကူရှီးမားရေဆိုးစွန့်မှုနောက်ဆက်တွဲအဖြစ် ဂျပန်ရေထွက်ကုန်တင်သွင်းမှု ဟောင်ကောင် ရပ်ဆိုင်း

တိုင်ပေ – ဩဂုတ်(၂၃) ဂျပန်နိုင်ငံ၊ ဖူကူရှီးမားနျူကလီးယားစက်ရုံရဲ့ ရေဆိုးတွေကို သမုဒ္ဒရာထဲ စွန့်ထုတ်မယ့်အစီအစဉ် ကြောင့် ဂျပန်ရဲ့ နေရာ(၁၀)ခုက ရေထွက်ကုန်တင်သွင်းမှုကို ဟောင်ကောင်က တားမြစ်လိုက် တယ်လို့ အစိုးရဝန်ကြီးတစ်ဦးက ပြောပါတယ်။ ဖူကူရှီးမားကပ်ဘေးကျရောက်ပြီး(၁၂)နှစ်အကြာမှာ နျူစက်ရုံရဲ့ အိုလံပစ်ရေကူးကန်(၅၀၀) ကျော်အကျယ်ရှိတဲ့ ရေပမာဏကို ပင်လယ်ထဲ တဖြည်းဖြည်းထုတ်လွှတ်မှုဟာ ဘေးကင်း တယ်လို့ ကုလသမဂ္ဂအဏုမြူအေဂျင်စီက ဆိုထားတာပါ။ ဟောင်ကောင်ရဲ့ ဂျပန်ရေထွက်ကုန်တွေကို…