သတင်း

စစ်အာဏာသိမ်း (၁၈၁၇)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၇၀၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၃ AAPP ရဲ့ ဇန်နဝါရီ၂၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၁၇) ရက်အတွင်း ပြည်သူ (၇၇၀၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၃၁၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၇၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

လေကြောင်းဗုံးကြဲမှုကြောင့် တစ်နှစ်အတွင်း ပညာရေးကဏ္ဍက လူပေါင်း ၁၀၀ နီးပါး သေဆုံး

မော်လမြိုင်၊ ဇန်နဝါရီ ၂၃ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့တစ်နှစ်အတွင်း အာဏာသိမ်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပညာရေးကဏ္ဍက ဆရာ၊ဆရာမနဲ့ ကျောင်းသားကျောင်းသူ စုစုပေါင်း ၉၆ ဦး သေဆုံးခဲ့တယ်လို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်းမှာ…

တပ်ပြေးတွေကို အရေးယူမယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF အသိပေး

ရေး ၊ ဇန်နဝါရီ ၂၃ ပြီးခဲ့တဲ့ ၂၀၂၄ ကနေ ၂၀၂၆ ဇန်နဝါရီအထိ အကြောင်းအမျိုးမျိုးနဲ့ ထွက်ပြေးသွားတဲ့ တပ်ပြေးတွေကို ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆက်လက် အရေးယူသွားမယ်လို့ မွန်ပြည်တော်လှန် ရေးတပ် MSRF က ဇန်နဝါရီ ၂၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ MSRF တပ်ကနေ ထွက်ပြေးသွားတဲ့ ရဲဘော် ၁၄ ဦးရဲ့…

ရေးမြို့နယ်အခြေစိုက်တပ်က စစ်မှုထမ်းတပ်သားတွေ ဆက်တိုက်အလင်းဝင်

ရေး၊ ဇန်နဝါရီ ၂၃ မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကော်မရှင်ရဲ့ တပ်ရင်းဌာနချုပ်တွေက စစ်မှုထမ်းတပ်သားတွေ ဆက်တိုက်အလင်းဝင်နေတယ်လို့ ရေးပြောက်ကျားတပ် YGF ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ကနေ ဇန်နဝါရီ ၂၀ ရက်နေ့အထိ ၁၀ ရက်အတွင်း စစ်မှုထမ်းတပ်သား ၉ ဦးဟာ ရေးပြောက်ကျားတပ် YGF ထံ လက်နက်ခဲယမ်းတွေနဲ့အတူ…

ထရန့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ ပါဝင်ဖို့ နောက်ထပ် ၇ နိုင်ငံ သဘောတူ

ရီးယာ့ဒ်၊ ဇန်နဝါရီ ၂၂ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ မိမိတို့ ပါဝင်သွားမှာ ဖြစ်ကြောင်း ဆော်ဒီအာရေးဗီးယား၊ တူရကီနဲ့ အီဂျစ်အပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံက သူတို့ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ အစ္စရေးကတော့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ ပါဝင်မှာ ဖြစ်ကြောင်းကို စောစောပိုင်းကတည်းက လူသိရှင်ကြား ပြောဆိုထားပါတယ်။ ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းမှာ…

မြန်မာတော်လှန်ရေးအင်အားစုတွေကို အာဆီယံ ဥက္ကဋ္ဌ လက်ခံတွေ့ဆုံ

မနီလာ၊ ဇန်နဝါရီ ၂၂ စစ်တပ် အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံက အရေးပါတဲ့ နိုင်ငံရေးအစုအဖွဲ့တွေကို လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင်က လက်ခံတွေ့ဆုံခဲ့ကြောင်း အရာရှိတွေက ဇန်နဝါရီ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။ ဒါက အာဆီယံရဲ့ ကာလကြာရှည် ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး အစီအစဉ် ရှေ့တိုး ဆောင်ရွက်နိုင်ရေး ကြိုးပမ်းမှု ဖြစ်တယ်လို့ ဖိလစ်ပိုင်အရာရှိတွေက ဆိုပါတယ်။…

ထန်းတပင်မှာ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံး

ထန်းတပင်၊ ဇန်နဝါရီ ၂၂ ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သက်ကြီးပိုင်း အမျိုးသမီး နှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဇန်နဝါရီ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲမရှိဘဲ ထန်းတပင်မြို့နယ် ဇီဒေါခိုကျေးရွာထဲကို လေကြောင်းကနေ ပေါင် ၅၀၀…

တစ်နှစ်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၃၀၀ ကျော် သေဆုံး

မော်လမြိုင်၊ ဇန်နဝါရီ ၂၂ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ…

ကြာအင်းဆိပ်ကြီးမှာ အမျိုးသမီးတစ်ဦးကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

ကြာအင်းဆိပ်ကြီး၊ ဇန်နဝါရီ ၂၂ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝါးဘိုးကုန်းကျေးရွာနေ အမျိုးသမီးတစ်ဦးကို စစ်ကော်မရှင်တပ်သားတွေက သေနတ်နဲ့ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ ဇန်နဝါရီ ၂၀ ရက်နေ့ ညနေ ၆ နာရီအချိန်လောက်က ဝါးဘိုးကုန်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ရော်ဘာခြံထဲမှာ ရော်ဘာခြစ်နေစဉ် စစ်ကော်မရှင်တပ်သားတွေ ရောက်ရှိလာပြီး…

အမေရိကန်ကြောင့် ကနေဒါ ရှင်သန်နေတာလို့ ထရန့် ပြော

ဒါးဗု့ိစ်၊ ဇန်နဝါရီ ၂၂ ဒါးဗို့စ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေးဖိုရမ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကနေဒါ ဝန်ကြီးချုပ် မက်ခ် ကာနေကို နာမည်တပ်ခေါ်ပြီး အမေရိကန်ကြောင့် ကနေဒါ ရှင်သန်နေရတယ်ဆိုတာ မှတ်သားထားဖို့ ပြောလိုက်ပါတယ်။ ဝန်ကြီးချုပ် မက်ခ် ကာနေအနေနဲ့ နောက်ထပ် ကြေညာချက်တွေ ထုတ်ပြန်ချိန်မှာ အဲဒီအချက်ကို အမှတ်ရဖို့လည်း ထရန့်က ပြောပါတယ်။ ကနေဒါဟာ…