တော်လှန်ရေးခရီးပန်းပေမယ့် ဆက်ကြိုးစားရမယ်လို့ NUG ဝန်ကြီးချုပ် ပြော
မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၄ တော်လှန်ရေးခရီးဟာ ၅ နှစ်တာကာလကို ရောက်ရှိလာပြီဖြစ်လို့ အားလုံးဟာ ခရီးပန်းမှုဒဏ်ကို ခံစားလာကြရပေမယ့် စစ်အုပ်စုကို ယိုင်နဲ့မှုတွေကနေ အပြီးတိုင်ဖြိုချနိုင်တဲ့အထိ ဆက်ကြိုးစားကြရဦးမယ်လို့ NUG ဝန်ကြီးချုပ်က ပြောပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကျရောက်တဲ့ ၇၉ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းနေ့အထိမ်းအမှတ် အခမ်းအနားမှာ အွန်လိုင်းကနေ အမျိုးသားညီညွတ်ရေးအစိုးရ NUG…
