သံလွင်တိုင်းမ်

ယခုနှစ်ဆန်းပိုင်းရေးမြို့နယ်ထွက်သံပုရာသီးဈေးကောင်းရနေ

ရေး ၊ ဇန်နဝါရီ ၂၄ ရေးမြို့နယ်အတွင်းထွက်ရှိသောသံပုရာသီးများ ယခုနှစ်ဆန်းပိုင်းမှစတင်ကာအထွက်ကောင်း ပြီး ဈေးကောင်းရနေကြောင်းသံပုရာစိုက်တောင်သူများ၏ ပြောကြားချက်အရသိရသည်။ “ တစ်လုံးကို ၆၀ ကျပ်အထိခုဈေးရနေတယ်၊ ဒါကဒိုင်သွင်းဈေးပါ၊ သံပုရာအထွက်ကလည်း ကောင်းနေတယ်၊ ယမန်နှစ်ကဒီအချိန် အများဆုံးတစ်လုံး ၃၀ ကျပ်လောက်အထိပဲဈေးရတယ် ” ဟုသံပုရာစိုက်တောင်သူ ဦးအောင်သန်းကသံလွင်တိုင်းမ်ကိုပြောသည်။ ပြုပြင်ထိန်းသိမ်းမှုအပေါ်မူတည်ပြီးတစ်နှစ်အတွင်းသံပုရာတစ်ပင်လျှင် အလုံးရေ ၂၅၀၀ မှ ၅၀၀၀ မှထွက်ရှိကာအများစုအနေဖြင့် ကိုင်းထုတ်၊…

မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ တောင်ပံခတ်သံစာစဉ်ထုတ်ဝေမည်

မော်လမြိုင်၊ ဇန်နဝါရီ ၂၄ မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှဦးဆောင်ပြီး ကျောင်းသားများ၏ ကလောင်စွမ်းရည်ကို ဖော်ထုတ်ပေးမည့် တောင်ပံခတ်သံလစဉ်ထုတ်စာစဉ် (အတွဲ-၂ အမှတ်စဉ်-၁) ကို ဖေဖော်ဝါရီ ၁၅-၁၆ ရက် နေ့တွင် ထုတ်ဝေမည်ဟုသိရသည်။

လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပထမတန်းကလေးငယ်များကို ဘာသာရပ်ကိုးခုဖြင့် သင်ကြားပို့ချ မည်

မော်လမြိုင် ၊ ဇန်နဝါရီ ၂၃ မွန်ပြည်နယ်အပါအဝင်ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင်ရှိသော အခြေခံပညာကျောင်းများမှ ပထမတန်းကျောင်းသူ၊ကျောင်းသားများကို လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်က စပြီး ဘာသာရပ်ကိုးခုဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(အောက်မြန်မာပြည်) မှ သတင်းရရှိသည်။ သင်ရိုးသစ်အတွက် ပထမတန်းကျောင်းသူ၊ ကျောင်းသားများကို မြန်မာစာ၊ အင်္ဂလိပ်စာ ၊ သင်္ချာ ၊အထွေထွေ သိပ္ပံနှင့် လူမှုရေး ဘာသာရပ်တို့အပြင် ကာယပညာ ၊…

ထိုင်းနိုင်ငံမှာ ကစားရင် လက်စတာ စီးတီးကိုရောက်သွားတဲ့ မွန်လူမျိုးကလေးငယ်အတွက် အခွင့်အလမ်းများစွာရှိနိုင်ဟုဆို

မော်လမြိုင်၊ ဇန်နဝါရီ ၂၄ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Workpoint ရုပ်သံတစ်ခုမှာ ခြေစွမ်းပြသခဲ့တဲ့ မွန်လူမျိုးကလေးငယ် နောင်ဖီး (ဆူဗင်)ဟာ လက်ရှိ အင်္ဂလန်ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးအသင်းကို ရောက်ရှိကာ ၎င်းကို ထိုင်း နိုင်ငံကိုယ်စားပြုသည့် ကစားသမားအဖြစ် အသက်ပြ

မုဒုံ ကန်ကြီးစေတီတော် လုံးတော်ပြည့်ရွှေကြာသင်္ကန်းကပ်လှူမည်

မုဒုံ၊ ဇန်နဝါရီ ၂၂ မုဒုံမြို့ရှိ ဓာတုသမိုင်းဝင်ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီးအား ဒုတိယအကြိမ်မြောက်လုံးတော်ပြည့်ရွှေကြာသင်္ကန်းအသစ်တစ်ဖန်ကပ်လှူပူဇော်ရန်စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရှိရသည်။

လူငယ့်ရှုထောင့်

ခေတ်လူငယ်တွေရဲ့ရေစီးကြောင်းပေါ်မှာ သဘာဝကျကျအက်ရှင်ဇတ်လမ်းတွေကို ရိုက်ကူးနေတဲ့ သရုပ်ဆောင်ယုန်လေးက မြင့်မြတ်နဲ့ ထွန်းထွန်းတို့ကို အကယ်ဒမီရစေချင်တယ်လို့ ဆိုပါတယ်။ ကိုယုန်လေးနဲ့ သံလွင်တိုင်းမ်တို့တွေ့ဆုံခဲ့ပုံကို တင်ဆက်ပေးလိုက်ပါတယ်။

လူငယ့်ရှုထောင့်

တက္ကသိုလ်ကျောင်းသာအများစုဟာ ပညာရေးနယ်ပယ်ထက် အခြားအရာတွေကိုစိတ်ဝင်စားပြီး အချိန် ဖြုန်းနေကြသည်ကို တွေ့ရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ရာပင်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့်သူများအတွက် ဘာတွေအကြံပြုချင်သလဲ

၂၀၁၇ ခုနှစ် မတ်လတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မြန်မာနိုင်ငံလုံးတွင် ဖြေဆိုရ တော့မည် ဖြစ်ပါသည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်မှုရရှိရေးအတွက် မိဘတိုင်းက အထူးဂရုပြုကြရာ တက္ကသိုလ်ဝင် တန်းစာမေးပွဲအောင်မြင်ရေးအတွက် ယခုလို <!--more--> အနီးကပ်လေ့လာကျက်မှတ်နေရသည့် ကာလတွင် ကျောင်း သား/သူများအတွက် အကြံပြုထားသည်များကို ဖော်ပြလိုက်ရပါသည်။ ဒေါ်သောင်းရီ၊ မှိန်ဂနိမ်းကျေးရွာ မုဒုံမြို့နယ် တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုကြမယ့် သားငယ်၊ သမီးငယ်တွေကလည်း မိမိပင်ကိုယ်အသိစိတ်ဓာတ်တွေနဲ့ ကြိုးစားအားထုတ်မှုတော့ရှိစေချင်တယ်။ ငွေဆိုတာ…

အပြောင်းအလဲကို ရဲရဲတင်းတင်းလုပ်ပါ

ရန်ကုန်တိုင်းအစိုးရကား အပြောင်းအလဲတစ်ခုပြီးတစ်ခု ရဲရဲတင်းတင်းပြုလုပ်နေကြောင်း သတင်းတွေ က ကြားသိရသည်။ အပြောင်းအလဲတစ်ခုခြင်းစီတိုင်းအတွက် အားပေးခြင်း၊ ထောက်ခံခြင်းရှိသလို ကန့်ကွက် ခြင်း၊ ရှုံ့ချခြင်းများလည်းရှိသည်။ ကောင်း၏ <!--more--> မကောင်း၏ထက် အပြောင်းအလဲကို ရဲရဲတင်းတင်းဖြင့် ဆောင် ရွက်လိုက်ခြင်းကား ရန်ကုန်တိုင်းအစိုးရအတွက် အမှတ်တက်စေသည်။ ရန်ကုန်တိုင်းအစိုးရ၏ ထိုးဖောက်ဆောင်ရွက်ချက်နှင့်အတူ လူမှုကွန်ရက်စာမျက်နှာတွင် အမေးရှိလာ သည်ကား မြန်မာနိုင်ငံတွင် ဝန်ကြီးချုပ်တစ်ဦးထဲ ရှိနေသည်လား ဆိုသည်ပင်ဖြစ်သည်။…