Thanlwintimes

ကျိုက်ထီးရိုး ဘုရားဖူးလာသူတွေကို စစ်ဆေးရေး တင်းကြပ်

မော်လမြိုင် ၊ အောက်တိုဘာ (၁၉) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားဖူး လာသူတွေကို စစ်ကောင်စီ လုံခြုံရေးအဖွဲ့တွေက မှတ်ပုံတင်၊ဖုန်းနံပါတ်၊နေရပ်လိပ်စာကအစ တောင်းယူစစ်ဆေးနေတာတွေကို လုပ်ဆောင်နေတယ်လို့ ဘုရားဖူးလာရောက်သူတွေက ပြောပါတယ်။ ဘုရားဖူးလာသူတွေကို စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေက တောင်ခြေ ကင်မွန်းစခန်းက တောင်တက်ကား လက်မှတ်ဖြတ်ရာနေရာနဲ့ ရသေ့တောင်နဲ့ ခြင်္သေ့နှစ်ကောင် မုတ်ဝတွေမှာ စစ်ဆေးတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ “တောင်ခြေကင်မွန်းစခန်းကားဂိတ်မှာကတည်းက အကုန်အစုံ…

စီးပွားရေးကြောင့် အာဏာသိမ်းတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေ

မြန်မာစစ်တပ်အာဏာသိမ်းလိုက်တိုင်း စီးပွားရေးကိစ္စများ ပါဝင်ပတ်သက်နေလေ့ရှိသည်။ မြန်မာစစ်ဗိုလ်ချုပ် များသည် စစ်မတိုက်ဘဲစီးပွားရေးလုပ်ကိုင်နေသူများသက်သက်သာဖြစ်ကြသည်။ ထို့ကြောင့်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းလိုက်ခြင်းနောက်ကွယ်တွင် စီးပွားရေးကိစ္စများ ပါဝင်နေသည်။ နိုင်ငံတော် အာဏာကို အကြွင်းမဲ့သိမ်းယူလိုက်သော မင်းအောင်လှိုင်၏ရည်ရွယ်ချက်မှာ သူ နှင့် သူ့မိသားစုလုပ်ကိုင်နေသော စီးပွားလုပ်ငန်းများ ၊ စိစစ်ထားခြင်းမရှိသော စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို ကာကွယ်လိုသောကြောင့်ဖြစ် သည်။ စစ်တပ်အကြီးအကဲတယောက်မဖြစ်လာခင်အချိန်ကဆိုလျှင် မင်းအောင်လှိုင်သည်…

ထိုင်းနိုင်ငံရှိ ခရိုင်/ဒေသန္တရ ဆယ်ခုကို ကိုဗစ်စောင့်ကြည့်စာရင်းတွင် ထည့်သွင်းမည်

ဘန်ကောက်၊ အောက်တိုဘာ ၁၇ လူထူအတွင်း ကူးစက်မှုများ ပြန်လည်ဖြစ်ပေါ်လာသောကြောင့် ထိုင်းနိုင်ငံရှိ ခရိုင်/ဒေသန္တရ ၁၀ ခုကို ပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာန၏ စောင့်ကြည့်စာရင်းတွင် ထည့်သွင်းထားမည်ဟု အဆိုပါဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန်ဖြစ်သူ Kiatiphum Wongrajit က ပြောကြားခဲ့သည်။ ဆုန်ခလာ၊ ရာလ၊ နာရာထီဝတ်၊ ဖထဏီ၊ နခွန်စီထမ်မရတ်၊ တာခ်၊ ရတ်ချဘူရီ၊ ရ‌ယောင်၊ ချန်ထဘူရီ…

မွန်က ရွေးကောက်ခံကိုယ်စားလှယ် (၁၄)ဦး နိုင်ငံရေးမလုပ်တော့ဘူးလို့ စစ်ကောင်စီထံ ခံဝန်ထိုး

မော်လမြိုင် ၊ အောက်တိုဘာ (၁၆) မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက်၂၀၂၀ အထွေထွေးရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ကိုယ်စားလှယ် ၁၄ ဦးဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPHတို့နဲ့ ပတ်သက်တာ မရှိကြောင်းနဲ့ နိုင်ငံရေး မလုပ်ဘူးလို့ စစ်ကောင်စီထံ ခံဝန်လက်မှတ်ရေးထိုးထားကြပါတယ်။ အဲဒီထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်…

စစ်တပ်အာဏာသိမ်းပြီး (၈)လအကြာ အခြေခံပြည်သူတွေ ထမင်းတစ်နပ်လျှော့စားပြီး ဆန်ပြုတ်သောက်နေရ

မော်လမြိုင် ၊ အောက်တိုဘာ (၁၆) စစ်တပ် အာဏာသိမ်းပြီး ၈ လတာကာလအတွင်းမှာ အခြေခံလူတန်စားပြည်သူတွေဟာ မိသားစုဝမ်းရေ ဖြေရှင်းဖို့ပင် အခက်အခဲမျိုးစုံ ရင်ဆိုင်နေပါတယ်။ အခြေခံလူတန်စားပြည်သူတွေဟာ ကုန်ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာ၊ အလုပ်အကိုင် မရှိကြတော့တဲ့အတွက်ကြောင့် တစ်နေ့ ထမင်းတစ်နပ်စားဖို့ပင် အခက်အခဲရှိလာတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အခြေခံလူတန်းစာ ပြည်သူအများစုဟာ တစ်နေ့ ထမင်းတစ်နပ်သာ စားလာရသလို အချို့မိသားစုတွေဆိုရင် ဆန်ပြုတ်စားနေရတဲ့…

မြို့ဝင်မြို့ထွက် ဂိတ်တွေမှာ ကင်းစောင့်ဖို့ စစ်မှုထမ်းဟောင်းတွေကို အသုံးပြု

မော်လမြိုင် ၊ အောက်တိုဘာ (၁၆) မွန်ပြည်နယ်အတွင်းက စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးယူဖို့အတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က စစ်မှုထမ်းဟောင်းတွေကို ပြန်လည် အသုံးပြုနေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဟာ စစ်ဆေးရေးဂိတ်တွေမှာ ကင်းစောင့်လုံခြုံရေးယူဖို့အတွက် တစ်မြို့နယ်ကို စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၁၀ ဦးနှုန်း ခေါ်ယူ အသုံးပြုလာတာ ဖြစ်ပါတယ်။ စစ်ဆေးရေးဂိတ်တွေမှာတော့ ကျန်းမာရေးကောင်းတဲ့ အသက် ၅၀ နှစ်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေကို…

အခြေခံပြည်သူတွေ ထမင်းတစ်နပ်လျှော့စားပြီး ဆန်ပြုတ်သောက်နေရ

မော်လမြိုင် ၊ အောက်တိုဘာ (၁၆) စစ်တပ် အာဏာသိမ်းပြီး ၈ လတာကာလအတွင်းမှာ အခြေခံလူတန်စားပြည်သူတွေဟာ မိသားစုဝမ်းရေ ဖြေရှင်းဖို့ပင် အခက်အခဲမျိုးစုံ ရင်ဆိုင်နေပါတယ်။ အခြေခံလူတန်စားပြည်သူတွေဟာ ကုန်ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာ၊ အလုပ်အကိုင် မရှိကြတော့တဲ့အတွက်ကြောင့် တစ်နေ့ ထမင်းတစ်နပ်စားဖို့ပင် အခက်အခဲရှိလာတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အခြေခံလူတန်းစာ ပြည်သူအများစုဟာ တစ်နေ့ ထမင်းတစ်နပ်သာ စားလာရသလို အချို့မိသားစုတွေဆိုရင် ဆန်ပြုတ်စားနေရတဲ့…

မြန်မာအပေါ်ဖိအားပေးခြင်းဖြင့် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်စေမည် ဖြစ်ကြောင်း အာဆီယံကို အာဏာသိမ်းစစ်အုပ်စုတုန့်ပြန်

နေပြည်တော်၊ အောက်တိုဘာ ၁၆ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံညီလာခံသို့ ပေးမတက်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအပေါ်ဖိအားပေးခြင်းဖြင့် အာဆီယံအနေဖြင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း တုန့်ပြန်လိုက်ပါတယ်။ အာဆီယံအနေဖြင့် အာဆီယံအစည်းအဝေးများ တက်ရောက်ရေးကိစ္စအပါအဝင် ကိုယ်စားပြုမှုဆိုင်ရာကိစ္စများနှင့် တူညီဆန္ဒမရှိဘဲဆောင်ရွက်ခဲ့မှုများသည် အာဆီယံ၏ ပဋိညာဉ်စာတမ်းနှင့် အခြေခံမူများတွင် ပြဌာန်းထားမှုမရှိခြင်း၊ အာဆီယံ၏ ရည်ရွယ်ချက်တို့နှင့် ဆန့်ကျင်ကြောင်းတွေ့ရသဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ချက်မှာ…

ထိုင်းပြည်တွင်းလေကြောင်းလိုင်းများကို ဝန်ဆောင်မှုအပြည့်ဖြင့် ပြန်လည်ပတ်ရန် ခွင့်ပြု

ဘန်ကောက်၊ အောက်တိုဘာ ၁၆ ထိုင်းနိုင်ငံရဲ့ ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ကန့်သတ်မှု လျော့ချပြီးနောက်တွင် ပြည်တွင်းလေကြောင်းလိုင်းများကို ယနေ့မှစတင်ပြီး ဝန်ဆောင်မှုအပြည့်ဖြင့် ဆောင်ရွက်နိုင်ရန် ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ လေယာဉ်ခရီးဆိုင်ရာ ကိုဗစ် ၁၉ ရောဂါကာလစည်းကမ်းသတ်မှတ်ချက်တွေကို ပြန်လည်ပြင်ဆင်ထားတာကို သောကြာနေ့က လက်မှတ်ရေးထိုးပြီးဖြစ်တယ်လို့ ထိုင်းလေကြောင်းအာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှုးချုပ် ဆက်တီပွန်ကွန်ပူးလ်က ပြောပါတယ်။ ညမထွက်ရအမိန့်ကန့်သတ်ချိန်လျော့ချလိုက်တာကြောင့် လေကြောင်းလိုင်းတွေ အနေနဲ့ ပိုမိုများပြားတဲ့ လေကြောင်းခရီးစဉ်တွေကို ပြေးဆွဲနိုင်လာတော့မှာပါ။…