Thanlwintimes

စစ်အာဏာသိမ်း (၇၂၅) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၈၉၂ ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၂၇) AAPP ရဲ့ ဇန်နဝါရီ(၂၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၇၂၅)ရက်အတွင်း ပြည်သူ (၂၈၉၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၄၈၁ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၇၇) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

မွန်ပြည်နယ်မှာ ဆန်ဈေးနှုန်း ချက်ချင်းထိုးတက်လာ

မော်လမြိုင်၊ ဇန်နဝါရီ(၂၇) စပါးပေါ်ကာလစကပြီး လအတော်အကြာငြိမ်သက်နေတဲ့ မွန်ပြည်နယ်ရဲ့ဆန်ဈေးနှုန်းဟာ ဇန်နဝါရီ နောက်ဆုံး အပတ်မှာတော့ ချက်ချင်းဆိုသလို ထိုးတက်လာခဲ့တယ်လို့ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဆန်ဈေးနှုန်းဟာ ပြည်နယ်အတွင်းမှာ စပါးလက်ကျန်နည်းပါးလာမှုနဲ့အတူ သယ်ယူပို့ဆောင်ရေး အပါ အဝင် အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ချက်ချင်းဆိုသလို ထိုးတက်လာခဲ့တာပါ။ ပေါင် (၁၂၀) အလေးချိန်ရှိတဲ့ ဆန်ချောအုပ်စုဝင် စပါးဟာ ဇန်နဝါရီပထမအပတ်အတွင်း ကျပ် ၁၆…

တနင်္သာရီမှာ လက်နက်ကြီးထိမှန်တာကြောင့် အသက် ၉၀ ကျော်အဖွားအိုတစ်ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရ

တနင်္သာရီ၊ ဇန်နဝါရီ (၂၇) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက် ကြီးကျည် ကျေးရွာထဲကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၉၀ ကျော်အဖွားအိုတစ်ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအနီးဝန်းကျင်တစ်ဝိုက်မှာ ဇန်နဝါရီ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ် နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေအကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာ…

နိုင်ငံတဝန်းကဘုရားတွေမှာ စစ်ကောင်စီကစုပေါင်းသန့်ရှင်းလုပ်ပြီး ယတြာချေ

နေပြည်တော် ၊ ဇန်နဝါရီ (၂၇) တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရှိ ဘုရားစေတီပုထိုးနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တို့က ထုံးသင်္ကန်းကပ်လှူတာနဲ့ စုပေါင်းသန့်ရှင်းရေးတွေပြုလုပ်ပြီး ယတြာချေခဲ့တယ်လို့ နေပြည်တော်အသိုင်းအဝိုင်းနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇန်နဝါရီ ၂၅ ရက်နေ့က နေပြည်တော်အပါအဝင် ရန်ကုန်မြို့ရှိရွှေတိဂုံစေတီတော်အပြင် တိုင်းနဲ့ပြည်နယ်အသီးသီးက ဘုန်းတော်ကြီးကျောင်းနဲ့ စေတီပုထိုးတွေမှာ တပြိုင်နက်တည်း ထုံးသင်္ကန်းကပ်လှူတာနဲ့ စုပေါင်းသန့်ရှင်းရေးလုပ်ဖို့ စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားခဲ့တာပါ။…

သိမ်ဇရပ်မှာ စစ်တပ်ဖမ်းဆီးထားတဲ့ အမျိုးသား ၁ ဦး ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံး

သိမ်ဇရပ်၊ ဇန်နဝါရီ(၂၇) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ -၂၀၇ က ဖမ်းဆီးထားတဲ့ အမျိုးသားတစ်ဦးဟာ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဆိပ်ကလေးကျေးရွာနေသူ အသက် ၄၁ နှစ်အရွယ် ကိုကျော်ဇင်လတ်ဟာ သားဖြစ်သူနဲ့အတူ သိမ်ဇရပ်မြို့သို့ လာရောက်လည်ပတ်စဉ်…

ကျုံဒိုးတိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွား

ကျုံဒိုး၊ ဇန်နဝါရီ(၂၇) ကရင်ပြည်နယ် ကျုံဒိုးမြို့အနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု များစွာနဲ့ ပြန်လည်ဆုတ်ခွာသွားပြီလို့ Lion Battalion Commando ဗျူဟာစစ်ကြောင်းက ဒီနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ကျုံဒိုးမြို့အနီးရှိ ကော့ကျိုက်၊ မိဂလုံ၊ ကမ်းနီကျေးရွာတွေထဲမှာ ဇန်နဝါရီ(၂၀)ရက်နေ့ကစပြီး နယ်မြေကျူး ကျော်ဝင်ရောက်တပ်စွဲလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ Lion Battalion Commando ဗျူဟာစစ်ကြောင်း၊…

R2P အခြေခံသဘောတရား စွဲကိုင်ပြီး စစ်ကောင်စီကို အရေးယူရတော့မယ့် အချိန်ရောက်ပြီလို့ ဦးကျော်မိုးထွန်းပြော

ဝါရှင်တန် – ဇန်နဝါရီ (၂၆) မြန်မာပြည်သူတွေကို ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီကို ကုလသမဂ္ဂ R2P အခြေခံမူသဘောတရားစွဲကိုင်ပြီး အရေးယူရတော့မယ့် အချိန်ရောက်ပြီလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု၊စစ်ရာဇတ်မှု၊လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကာကွယ်နိုင်မယ့် လူမှုရေးနဲ့ စီးပွားရေးလုပ်ဆောင်ချက်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကုလသမဂ္ဂစီးပွားရေးနဲ့ လူမှုရေးကောင်စီက ကျင်းပခဲ့တဲ့…

ဒီးမော့ဆိုက စစ်ရှောင်စခန်းတွေ လက်နက်ကြီးနဲ့ ပစ်ခတ်ခံနေရလို့ အရေးပေါ်ရွှေ့ပြောင်းနေရ

ဒီးမော့ဆို – ဇန်နဝါရီ(၂၆) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတွေကို စစ်ကောင်စီက လက်နက်ကြီး တွေနဲ့ ဆက်တိုက်ပစ်ခတ်နေလို့ အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီ နေသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ(၂၅) ရက်ကစပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေသလို မြေပြင်စစ် ကြောင်းထိုးနေတဲ့အတွက် ဒီးမော့ဆို မြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းသုံးခုက ပြည်သူ(၂၀၀၀) နီးပါး ထပ်မံနေရာပြောင်းနေရတာပါ။ စစ်ကောင်စီရဲ့…