အာဏာသိမ်း ၂၂ လအတွင်း စစ်ကောင်စီရဲ့ လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဉ်းသား ၈ ရာခိုင်နှုန်းသာပါဝင်
ရန်ကုန်၊ ဒီဇင်ဘာ (၄) စစ်တပ်အာဏာသိမ်းထားတဲ့ ၂၂ လအတွင်း စစ်ကောင်စီက နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေကို ပြစ်ဒဏ်ကနေ ရှစ်ကြိမ်အထိ လွတ်ငြိမ်းခွင့်ပေးအပ်ခဲ့ပေမယ့် အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၈ ရာခိုင်နှုန်းသာပါဝင်တယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ ISP-Myanmar က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် အာဏာသိမ်းပြီးခါစ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အကျဉ်းသား ၂၃,၃၀၀…
