Thanlwintimes

ဆိုမာလီယာမှာ အိုင်အက်စ် ခေါင်းဆောင်တစ်ဦးကို အမေရိကန် သုတ်သင်ရှင်းလင်း

မိုဂါဒစ်ရှုး- ဇန်နဝါရီ(၂၈) အိုင်အက်စ်ခေါင်းဆောင်နဲ့ အကြမ်းဖက်အဖွဲ့ဝင်(၁၀) ဦးကို ဆိုမာလီယာနိုင်ငံမြောက်ဘက်မှာ သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။ အာဏာပိုင်တွေရဲ့ ပြောဆိုချက်အရ အမေရိကန် တပ်ဖွဲ့တွေဟာ ခေါင်းဆောင် ဆူဒစ်နီ ကိုဖမ်းဆီးနိုင်ဖို့ ပြင်ဆင်ထားပေမယ့် တဘက်က ရန်လိုပြင်းထန်စွာ တန်ပြန်တိုက်ခိုက်မှုကြောင့် အဆုံးသတ်မှာ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုခဲ့တာပါ။ “ခေါင်းဆောင် ဆူဒစ်နီဘာလောဟာ ဆိုမာလီယာမြောက်ဘက် တောင်ကြောနှင့် ချိုင့်ဝှမ်းများ ပါဝင်သော နေရာတစ်ခုကနေ…

မွန်ပြည်သစ်ပါတီက သထုံခရိုင်အတွင်းမှာရှိတဲ့ စစ်ရှောင်တွေအတွက် သိန်း(၁၀၀) လှူဒါန်း

သထုံ – ဇန်နဝါရီ(၂၈) မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ကို ဒီနေ့ ဇန်နဝါရီလ(၂၈) ရက်နေ့မှာ မြို့နယ်တွင်းတာဝန်ရှိသူတွေ၊ မွန်ပြည်သစ်ပါတီ သထုံခရိုင် တာဝန်ရှိသူတွေက ငွေကျပ်သိန်း(၁၀၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သထုံခရိုင်ထဲမှာ စစ်ဘေးရှောင်တွေအတွက် ဖွင့်လှစ်ထားတဲ့ ကျေးရွာကိုးရွာမှာရှိတဲ့ ဘုန်းကြီး ကျောင်းတွေမှာ ထောက်ပံ့လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံ – မွန်ပြည်သစ်ပါတီ

ကံပေါက်ဒေသမှာ ဆိုင်ကယ်စီးနင်းခွင့် စစ်ကောင်စီပိတ်ပင်

ရေဖြူ၊ ဇန်နဝါရီ(၂၈) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ စစ်ကောင်စီဘက်က ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားတာကြောင့် သွားရေးလာရေး အခက်ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ စစ်ကောင်စီခန့် ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်စိုး အပါအဝင် ၃ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ဆိုင်ကယ်နဲ့လာရောက် ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က…

စစ်အာဏာသိမ်း (၇၂၆) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၈၉၄ ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၂၈) AAPP ရဲ့ ဇန်နဝါရီ(၂၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၂၆)ရက်အတွင်း ပြည်သူ (၂၈၉၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၄၉၂ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၇၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

မွန်ပြည်နယ်မှာ ကွမ်းရွက်ဈေးနှုန်း ၃ ဆနီးပါး မြင့်တက်လာ

မော်လမြိုင်၊ ဇန်နဝါရီ(၂၈) မွန်ပြည်နယ်မှာ ကွမ်းရွက်ထွက်ရှိမှုနှုန်း သိသိသာသာကျဆင်းလာပြီးနောက် ကွမ်းရွက်ဈေးနှုန်း ၃ ဆနီးပါး မြင့်တက်လာတယ်လို့ ကွမ်းရွက်ရောင်းဝယ်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကွမ်းရွက်ဈေးနှုန်းဟာ ပြီးခဲ့တဲ့လပိုင်းတွေက အမျိုးအစားအပေါ်မူတည်ပြီး တစ်ပိဿာ ကျပ် ၆၀၀၀ နဲ့ ၇၀၀၀ ကြားသာရှိရာကနေ ဇန်နဝါရီ နောက်ဆုံးအပတ်မှာတော့ ကျပ် ၁၅၀၀၀ ကနေ ကျပ် ၁၈၀၀၀ လောက်အထိ ဈေးနှုန်း…

ဘီးလင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

ဘီးလင်း၊ ဇန်နဝါရီ(၂၈) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇန်နဝါရီ ၂၇ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ကျိုက်ထိုဘက်ကနေ သထုံမြို့နယ်ထဲ မောင်းဝင်လာတဲ့ ကား ၁၀ စီးပါ…

NLD ပါတီ အလိုအလျောက်ပျက်ပြယ်နိုင်မယ့် နိုင်ငံရေးပါတီဥပဒေကို စစ်ကောင်စီပြဌာန်း

ရန်ကုန်၊ ဇန်နဝါရီ(၂၈) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်နိုင်မယ့် ပုဒ်မတွေထည့်သွင်းထားတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို စစ်ကောင်စီက ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပြဌာန်းလိုက်ပါတယ်။ အဲဒီဥပဒေမှာ အခန်း ၅ ခန်းနဲ့ ပုဒ်မပေါင်း ၂၇ ခု ပါဝင်ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၉ အရ လက်မှတ်ရေးထိုးကာ အရင်စစ်အာဏာရှင်ဟောင်း…

မော်လမြိုင်-ရန်ကုန် ရထားပြေးဆွဲမှု ယာယီရပ်နား

မော်လမြိုင်၊ ဇန်နဝါရီ(၂၈) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်ဘူတာနဲ့ ကျိုက္ကသာဘူတာကြားမှာရှိတဲ့ ရထားလမ်း သံတံတား မိုင်းထောင်ဖောက်ခွဲခံရပြီးနောက် မော်လမြိုင်-ရန်ကုန် ရထားပြေးဆွဲမှု ယာယီရပ်နားလိုက်တယ်လို့ မော်လမြိုင်ဘူတာတာဝန်ရှိသူတွေထံကနေ သိရပါတယ်။ အဲဒီရထားလမ်းသံတံတားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့ မနက် ၄ နာရီအချိန်လောက်မှာ မိုင်းထောင်ဖောက်ခွဲခံရတဲ့အတွက် ရထားသံလမ်းတွေ ကွေ့ကောက်သွားတာရှိသလို တံတားနံရံတွေလည်း အက်ကွဲတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ရထားလမ်းသံတံတား ပျက်စီးသွားတာကြောင့်…

ကျုံဒိုးမြို့အရှေ့ဘက်ခြမ်းကျေးရွာတွေကို စစ်ကောင်စီ စစ်ကြောင်းထပ်ထိုးလာ

ကျုံဒိုး၊ ဇန်နဝါရီ(၂၈) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီး အနောက်ဘက်ကမ်းဒေသရှိ ကျေးရွာတွေအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အထိနာပြီးပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၂၇ ရက်နေ့မှာ ကျုံဒိုးမြို့အရှေ့ဘက်ခြမ်း ကော့ဝါးလဲကျေးရွာဘက်ကို စစ်ကြောင်းထိုးရောက်ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျုံဒိုးမြို့အနီးရှိ ကမ်းနီ၊ ညောင်ရိပ်သာ၊ သရက်တော၊ ကော့ကျိုက် စတဲ့ ကျေးရွာတွေဘက်မှာ ဇန်န ဝါရီ (၂၀)ရက်နေ့ကစပြီး…

စစ်တပ်အာဏာလုခဲ့တဲ့ (၂) နှစ်ပြည့်မှာ တစ်နိုင်ငံလုံး အသံတိတ်သပိတ်ပြုလုပ်မယ်

မော်လမြိုင် – ဇန်နဝါရီ(၂၇) ပြည်သူတွေရွေးချယ်ထားတဲ့ အစိုးရအဖွဲ့ကို လက်နက်နဲ့ အနိုင်ကျင့်ဗိုလ်ကျပြီး စစ်တပ်ရဲ့အာဏာ လုယူခံခဲ့ရတဲ့ (၂) နှစ်ပြည့်နေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ်(silent strike) ပြု လုပ်သွားမှာဖြစ်တယ်လို့ နွေဦးတော်လှန်ရေးတပ်ပေါင်းစုကသတင်းထုတ်ပြန်ထားပါတယ်။ နွေဦးတော်လှန်ရေး(၂) နှစ်ပြည့်တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ရီလ(၁) ရက်နေ့မှာ ပြည်သူတွေရဲ့ တိတ်ဆိတ် တဲ့အသံတွေ၊ ခြောက်ကပ်နေတဲ့ လမ်းမတွေ၊ ပြင်းပြတဲ့ အောင်စိတ်တွေနဲ့…