စစ်ခေါင်းဆောင် လူယုံ ဦးညိုစော ဒုသမ္မတအဖြစ် တင်မြှောက်ခံရ
နေပြည်တော်၊ မတ် ၃၁ အာဏာသိမ်း စစ်ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူယုံဖြစ်တဲ့ ဦးညိုစောကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က ဒုသမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်ပါတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတ ရွေးချယ်ရေးအစည်းအဝေးကို ဒီကနေ့ မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက နေပြည်တော် စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမမှာ ကျင်းပခဲ့တာပါ။ အဲဒီအစည်းအဝေးမှာ…
