ကင်ညာကနေ ပုရွက်ဆိတ်ကောင်ရေ ၂၀၀၀ ခိုးထုတ်ဖို့ ကြိုးစားတဲ့ တရုတ်နိုင်ငံသား ဖမ်းဆီးခံရ
နိုင်ရိုဘီ၊ မတ် ၁၈ ကင်ညာနိုင်ငံကနေ ပုရွက်ဆိတ် ဘုရင်မ အရှင် ကောင်ရေ ၂၀၀၀ ကို မှောင်ခိုသယ်ထုတ်ဖို့ ကြိုးပမ်းမှုကြောင့် တရုတ်နိုင်ငံသား တစ်ဦးနဲ့ ကြံရာပါ ကင်ညာနိုင်ငံသား တစ်ဦးဟာ တောရိုင်း တိရိစ္ဆာန် မျိုးစိပ်များ မှောင်ခိုကူးမှုနဲ့ စွဲချက်တင်ခံထားရပါတယ်။ ကျန်း ကီကွန်းရဲ့ ခရီးဆောင်အိတ်ထဲမှာ ပုရွက်ဆိတ်တွေ အများကြီး ထည့်ထားတာကို မြို့တော် နိုင်ရိုဘီရှိ…
