March 11, 2026

ထိုင်းမှာ ညအချိန် ဓာတ်ဆီဆိုင်တွေ ပိတ်ထားဖို့ စီစဉ်

ဘန်ကောက်၊ မတ် ၁၁ အရှေ့အလယ်ပိုင်း စစ်ပွဲရဲ့ ရိုက်ခတ်မှုတွေ အဆိုးရွားဆုံး အခြေအနေ ဖြစ်လာခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံတဝှမ်း ဓာတ်ဆီတွေကို ညနှောင်းပိုင်းအချိန်တွေမှာ ပတ်ထားဖို့ အစိုးရက စီစဉ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေက အဲဒီ အစီအစဉ်ကို အကောင်အထည် ဖော်ရလောက်တဲ့ အထိ မပြင်းထန်သေးဘူးလို့ ထိုင်း စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။ အရှေ့အလယ်ပိုင်း…

အစိုးရကို ဆန့်ကျင်ဆန္ဒပြရင် ပစ်သတ်ဖို့ အဆင်သင့်ပဲလို့ အီရန် ရဲချုပ် ပြော

တီဟီရန်၊ မတ် ၁၁ အစိုးရကို ဆန့်ကျင် ဆန္ဒပြဖို့ စဉ်းစားနေတဲ့ ပြည်သူတွေကို အာဏာပိုင်တွေက လက်စားချေ တိုက်ခိုက်နေတဲ့ ရန်သူတွေလို ဆက်ဆံ ဖြေရှင်းသွားမှာ ဖြစ်ကြောင်း အီရန် ရဲချုပ်က ပြောလိုက်ပါတယ်။ အမေရိကန်နဲ့အစ္စရေးတို့ ပူးပေါင်းပြီး အီရန်အပေါ် တိုက်ခိုက်မှုတွေကို အီရန်မှာ ထောက်ခံသူတွေရော မထောက်ခံသူတွေရော အများကြီး ရှိပါတယ်။ အီရန်က ဟောမု့ဇ် ရေလက်ကြားကို…

တနင်္သာရီက စစ်တပ်ဗုံးကြဲမှု သေဆုံးသူ ၁၅ ဦးအထိ ရှိလာ

ပုလော၊ မတ် ၁၁ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ရှိ ကျေးရွာ နှစ်ရွာကို စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူ ၁၅ ဦးအထိ ရှိလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်ထံကနေ သိရပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်လောက်မှာ တနင်္သာရီမြို့နယ် တဖီလေးခိုကျေးရွာကို လေကြောင်းကနေ ပေါင် ၅၀၀…

ရခိုင်မှာ စစ်သုံ့ပန်းအကျဉ်းစခန်း ဗုံးကြဲခံရလို့ လူပေါင်း ၁၁၆ ဦး သေဆုံး

အမ်း၊ မတ် ၁၁ ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီကနေ့ မတ်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က အမ်းမြို့နယ် ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို…

စစ်တပ် ဓားစာခံ ပြည်သူ ၃၀၀ ကျော်ကို PDF ပူးပေါင်းအဖွဲ့ ကယ်ထုတ်

ညောင်လေးပင်၊ မတ် ၁၁ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်က ကျေးရွာ သုံးရွာမှာ စစ်ကော်မရှင်တပ် ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ ၃၀၀ ကျော်ကို စစ်ဆင်ရေးတစ်ရပ် ဖော်ဆောင်ပြီး ကယ်ထုတ်နိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၁၀ ရက်နေ့ ညဦးပိုင်းမှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကစလို့ ညောင်လေးပင်မြို့နယ် ရေတွင်းကုန်း၊ ခရုကုန်းနဲ့ကျောင်းကုန်းကျေးရွာတို့ကို…

ထိုင်းမှာ မြန်မာနိုင်ငံသား တစ်ဦး လောင်စာဆီ မှောင်ခိုကူးမှုနဲ့ ဖမ်းဆီးခံရ

ဘန်ကောက်၊ မတ် ၁၁ အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် လောင်စာ တင်ပို့မှု တားမြစ်လိုက်ပြီး ရက်ပိုင်းအကြာမှာ ထိုင်းနိုင်ငံ ပြင်ပသို့ ဒီဇယ် ၁၂၀ လီတာ မှောင်ခိုခိုးထုတ်တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာ နိုင်ငံသား တစ်ဦးကို ရဲတပ်ဖွဲ့ မတ် ၁၀ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အဲဒီ မြန်မာနိုင်ငံသားဟာ မတ်…

အင်္ဂလန် ငွေစက္ကူအသစ်တွေမှာ လူပုဂ္ဂိုလ် ပုံရိပ်တွေအစား တောရိုင်း တိရိစ္ဆာန်ပုံတွေနဲ့ သုံးမယ်

လန်ဒန်၊ မတ် ၁၁ အင်္ဂလန်ဘဏ်က နောက်ထပ် ထုတ်မယ့် ငွေစက္ကူအသစ်တွေမှာ ရာဇဝင်ဆိုင်ရာ ပုဂ္ဂိုလ်ကျော်တွေရဲ့ ပုံတွေ အစား တောရိုင်းတိရိစ္ဆာန်ပုံတွေကို ရိုက်နှိပ်ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။ အများပြည်သူအနေနဲ့ ဘယ်တိရိစ္ဆာန် အမျိုးအစား၊ ဘယ်လို ငှက်အမျိုးအစားမျိုးရဲ့ ပုံကို ရိုက်နှိပ် ဖော်ပြလိုသလဲဆိုတာ ရွေးချယ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ တောရိုင်း တိရိစ္ဆာန်တွေရဲ့ ပုံတွေဟာ အတုလုပ်ရခက်ခဲမှာ ဖြစ်ပြီး…