မနီလာ၊ ဖေဖော်ဝါရီ ၁၃

ဖေဖော်ဝါရီ ၁၂ ရက်မှာကျရောက်တဲ့ ပြည်ထောင်စုနေ့မှာ နိုင်ငံရေး အကျဉ်းသားတွေ ထပ်မံ လွှတ်ပေးဖို့ စစ်ခေါင်းဆောင်တွေကို အာဆီယံ လက်ရှိ ဥက္ကဋ္ဌ ဖိလစ်ပိုင်က တောင်းဆိုထားပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ မြန်မာ စစ်တပ်အနေနဲ့ အားလုံး ပါဝင်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ရေး ပြန်လည် ရင်ကြားစေ့ရေး ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

၂၀၂၁ ခုနှစ် နောက်ပိုင်း နိုင်ငံရေး အကျဉ်းသားတွေကို စစ်ခေါင်းဆောင်တွေက လွှတ်ပေးခဲ့ပြီး ဖိလစ်ပိုင်အနေနဲ့ နောက်ထပ် လွှတ်ပေးမယ်လို့ မျှော်လင့်ကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်နဲ့အညီ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဖိလစ်ပိုင်က ပြောထားပါတယ်။

ပင်လုံစာချုပ်ပါ သဘောတူညီမှုတွေကို အကောင်အတည်ဖော်ရေး တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တချို့က တိုက်တွန်းမှုတွေရှိနေပါတယ်။

၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သား ၃၀၄၄၈ ဦး ဖမ်းဆီးခံရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီပေးရေးအဖွဲ့က ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲက ၁၂၉ ဦးဟာ သေဒဏ်နဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ အဲဒီအဖွဲ့က ပြောထားပါတယ်။

စစ်တပ်က ဝေဖန်သူတွေ ဆန့်ကျင်သူတွေကို ကွပ်မျက် သတ်ဖြတ်လာတာဟာ ဆယ်စုနှစ်ပေါင်းမနည်းတော့ဘူးလို့ မြန်မာ့ နိုင်ငံရေး လေ့လာသူတွေက ထောက်ပြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စည်းလုံးဖို့ အချိန်ကျရောက်ပြီ ဖြစ်ပြီး အားလုံး ပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးဖို့ အချိန် ကျရောက်နေပြီ ဖြစ်ကြောင်း အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင်က ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:DVB

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.