ပြုံးယမ်း၊ ဖေဖော်ဝါရီ ၁၃

တောင်ကိုရီးယားက နယ်စပ်ကို ဖြတ်ကျော်ပြီး နောက်ထပ် ဒရုန်းတွေ စေလွှတ်ရင် ဆိုးရွားတဲ့ နောက်ဆက်တွဲ အခြေအနေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်မှာ တောင်ကိုရီးယား သမ္မတ လီဂျေးမြောင် စတင် တာဝန်ယူပြီးနောက်ပိုင်း မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပြန်လည် တည်ဆောက်ဖို့ အားထည့် ကြိုးပမ်းနေပါတယ်။

အရင် အစိုးရလက်ထက်က မြောက်ကိုရီးယား နယ်စပ်မှာ အသံချဲ့စက်တွေ ထားရှိပြီး ဝါဒ ဖြန့်တာ အပါအဝင် မြောက်ကိုရီးယားအပေါ် တိုက်ခိုက်မှုတွေကို သူက ဝေဖန်ထားပါတယ်။

တောင်ကိုရီးယားရဲ့ ထောက်လှမ်းရေး ဒရုန်း တစ်စီးကို ပြီးခဲ့တဲ့လက ပစ်ချခဲ့ကြောင်း မြောက်ကိုရီးယားက ပြောထားပါတယ်။

တောင်ကိုရီးယားက ဇန်နဝါရီလအတွင်း မြောက်ကိုရီးယား လေပိုင်နက်ထဲသို့ ဒရုန်းတွေ စေလွှတ်ခဲ့တာကြောင့် မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပြန်လည် တည်ဆောက်မယ့် မစ္စတာလီရဲ့ ကြိုးပမ်းမှုတွေအတွက် အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။

တောင်ကိုရီးယားအနေနဲ့ အခွင့်အရေး ပေါ်လာတဲ့ အချိန်တိုင်း မြောက်ကိုရီးယားနဲ့ ပြန်လည် ပေါင်းစည်းရေး ပြင်ဆင်ထားတယ်လို့ ဆိုးလ် အစိုးရက ပြောပါတယ်။

တောင်ကိုရီးယားရှိ တက်ကြွလှုပ်ရှားသူတွေက မိုးပျံပူဖောင်းတွေနဲ့ စာရွက်စာတမ်းတွေ ပို့ဆောင်တာ အပါအဝင် မြောက်ကိုရီးယား နိုင်ငံသားတွေကို လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.