February 9, 2026

ဘီးလင်းမှာ ပြည်သူ့စစ် အချင်းချင်း ဓားထိုးမှု ဖြစ်ပြီး တစ်ဦး သေဆုံး

ဘီးလင်း၊ ဖေဖော်ဝါရီ ၉ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာလမ်းဝထိပ်ရှိ ပြည်သူ့စစ်ဂိတ်မှာ ပြည်သူ့စစ်အဖွဲ့ဝင် အချင်းချင်း ဓားထိုးမှု ဖြစ်ပြီးနောက် တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ မနက် ၉ နာရီအချိန်လောက်က စစ်ကောင်မရှင် လက်အောက်ခံ ဇုတ်သုတ်ကျေးရွာ ပြည်သူ့စစ်ဂိတ်မှာ ပြည်သူ့စစ်အဖွဲ့ဝင် သန်းဦးနဲ့ ငကျော်တို့ စကားများ…

ထားဝယ် ဟိန္ဒားရွာ ဘုန်းကြီးကျောင်း လေကြောင်းဗုံးကြဲခံရ

ထားဝယ်၊ ဖေဖော်ဝါရီ ၉ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ဟိန္ဒားကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။ ထားဝယ်အရှေ့တောဒေသရှိ ဟိန္ဒားကျေးရွာ ဘုန်းကြီးကျောင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ လေယာဉ်နဲ့ ပေါင် ၃၀၀…

စစ်ပွဲ အဆုံးသတ်ရေး သဘောတူညီမှု ရယူကြဖို့ ယူကရိန်းနဲ့ ရုရှားကို အမေရိကန် ပြောထား

ကိဗ်၊ ဖေဖော်ဝါရီ ၉ လေးနှစ်နီးပါး ကြာမြင့်လာပြီ ဖြစ်တဲ့ စစ်ပွဲ အဆုံးသတ်ရေး သဘောတူညီမှု ရယူကြဖို့ အမေရိကန်က ယူကရိန်းနဲ့ ရုရှားကို ဇွန်လအထိ နောက်ဆုံးအချိန် သတ်မှတ်ပေးထားတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောလိုက်ပါတယ်။ ယူကရိန်း စွမ်းအင် အဆောက်အဦတွေကို ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ဖေဖော်ဝါရီ ၇ ရက်က နျူကလီးယား…

ရွေးကောက်ပွဲ အနိုင်ရပြီလို့ ထိုင်းဝန်ကြီးချုပ် အနုတင် ပြော

ဘန်ကောက်၊ ဖေဖော်ဝါရီ ၉ ထိုင်းဝန်ကြီးချုပ် အနုတင် ချာနာဗီရာကူလ်က ကနဦး မဲရေတွက်မှုအတွင်း သူ့ရဲ့ အာဏာရ ကွန်ဆာဗေးတစ်တွေဟာ ပြိုင်ဖက်တွေကို ကောင်းကောင်း အသာရထားတဲ့ အချိန်မှာ အထွေထွေ ရွေးကောက်ပွဲ အောင်ပွဲရပြီ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ပြုပြင်ပြောင်းလဲရေး ပြည်သူ့ပါတီ အနိုင်ရနိုင်ကြောင်း သဘောထား စစ်တမ်းတွေက ဖော်ပြခဲ့ပေမယ့် ရလဒ် ပြောင်းပြန် ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့အတွက်…