နာခွန်ဆီ သမ်မာရတ်၊ ဖေဖော်ဝါရီ ၄

ထိုင်းမှာ နာရေးအခမ်းအနားတစ်ခုကို စားပွဲသောက်ပွဲလို့ ထင်မှတ်မှားပြီး ဝင်လာကြတဲ့ နိုင်ငံခြားတွေကို ကျန်ရစ်သူ မိသားစုက ဂုဏ်သရေရှိ ဧည့်သည်တော်တွေအဖြစ် နွေးနွေးထွေးထွေး ကြိုဆိုဧည့်ခံနေပုံ ဗီဒီယိုဖိုင်တွေ အွန်လိုင်းမှာ အုတ်အော် သောင်းတင်း ဖြစ်နေပါတယ်။

နာရေးအခမ်းအနားကို စားသောက်ပွဲကြီး ကျင်းပနေတယ် အထင်နဲ့ နိုင်ငံခြားသားတွေ အများကြီး ဝင်ရောက် စားသုံးခဲ့ကြကြောင်း ဖေ့စ်ဘွတ်ခ် အသုံးပြုသူ တစ်ယောက် ဝေမျှခဲ့ပြီးနောက် ဇန်နဝါရီ ၃၁ ရက်က အွန်လိုင်းပေါ်မှာ လူအများ ဝေမျှခဲ့ကြတာပါ။

အဲဒီ ဗီဒီယိုမှာ ထိုင်းလူမျိုးတို့ရဲ့ စေတနာ သဒ္ဓါတရား ထက်သန်ပုံကို အလေးထား ဖော်ပြထားပြီး နိုင်ငံခြားသားတွေကလည်း အစားအသောက်တွေ အလှူပေးနေတယ် အထင်နဲ့ ဝင်ရောက် စားသောက်ခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ ဝင်ရောက် စားသောက်နေတဲ့ နေရာဟာ နာရေးအခမ်းအနား တစ်ခု ဖြစ်ကြောင်း နိုင်ငံခြားသားတွေ သိသွားကြတဲ့အချိန်မှာ အံ့သြသွားကြပြီး ချက်ချင်း ပြန်တောင်းပန်ခဲ့ကြ ပါတယ်။

ပြီးတော့ လေးစားသမှု ရှိတဲ့အနေနဲ့ ပြန်ထွက်သွားဖို့ ပြင်ဆင်နေတဲ့ နိုင်ငံခြားသားတွေကို ကျန်ရစ်သူမိသားစုတွေက အပြုံးနဲ့ ကြင်ကြင်နာနာ ကြိုဆိုပြီး အစားအစားတွေ ကျွေးမွေးခဲ့ကြပါတယ်။

အဲဒီ မိသားစုက အစားအစာတွေ အဝကျွေးမွေးပြီး ပုံစံအမျိုးမျိုးနဲ့ ငွေပေးတာတွေကို လက်ခံဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို ဖြစ်ပြီးနောက် နောက်ထပ် နိုင်ငံခြားသား တစ်စုလည်း ရှေ့က လူတွေလိုပဲ အထင်မှားပြီး ဝင်ရောက် စားသောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါက နိုင်ငံတကာက လူတွေရဲ့အမြင်မှာ ထိုင်းလူမျိုးတွေရဲ့ ဧည့်ဝတ် ကျေပွန်မှုကို ပြသလိုက်တာ ဖြစ်တယ်လို့ မှတ်ချက်တွေ ပေးနေကြပါတယ်။

အဲဒီဗီဒီယိုရဲ့ ပိုင်ရှင်က ဖေဖော်ဝါရီ ၃ ရက်မှာ အဲဒီ ဖြစ်ရပ်ရဲ့ နောက်ထပ် အသေးစိတ် အချက်အလက်တွေကို ဝေမျှခဲ့ပါတယ်။ အဲဒီနာရေးအခမ်းအနားမှာ လက်ဘက်ရည်အေး၊ ထိုင်းပန်းရောင်နို့နဲ့ မုန့်ချောင်းကြော်တို့ ကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.